မြန်မာတို့ရဲ့ ဗူဗူစီလာ (သို့မဟုတ်) တောင်ပြုံးလက်ဆောင်

ကိုရွှေမြန်မာတို့က လုပ်ချလိုက်ပြန်ပါပြီ … ကျွန်တော်တို့ ပြီးခဲ့တဲ့ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကနေ ဗူဗူစီလာရဲ့ အကြောင်းကို ကောင်းကောင်းကြီးသိကြမှာပါ … အခုထူးဆန်းတာလေးကတော့ မြန်မာ့ဗူဗူစီလာ အကြောင်းပါပဲ … ပြီးခဲ့တဲ့ MNL gradnroyal League မှာ တောင်ပြုံး လက်ဆောင် နှဲများကို သံပြိုင်မှုတ်နေကြတာကိုတွေ့ရပါတယ် … ရတနာပုံ – မနောမြေ FC ပွဲကြည့်နေရင်းက ဗူဗူစီလာလို အသံများကြားလိုက်ရတဲ့အချိန်မှာတော့ ကျွန်တော့ကို ကျွန်တော် တောင်အာဖရိက ရောက်သွားသလို ခံစားလိုက်ရပါတယ် … ဘင်ခရာ အဖွဲ့များ အဝင်မခံရတော့သည်မှ စရျ် တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဗထူးကွင်း အထူးတန်းလေးဟာ တောင်ပြုံး ဗူဗူစီလာများနှင့် အသက်ဝင်လို့လာပြန်ပါပြီ … ထို့ကြောင့် လာမည့်ပွဲစဉ်တိုင်း ပွဲစဉ်တိုင်း … မြန်မာတို့ရဲ့ ဗူဗူစီလာများနင့် MNL ပွဲစဉ်များ အသက်ဝင်လာရန် အားပေးကြပါရန် နှိုးဆော်အပ်ပါသည် ခင်ဗျား ..!!!!

2 comments

  • ဆူး

    September 3, 2010 at 9:59 am

    ရွှေမြန်မာ တို့ အတုခိုးတော့ မြန်သား..

  • thihayarzar

    September 4, 2010 at 3:21 am

    ကျွန်တော်မှာလည်း ဒီလိုစိတ်ကူးလေးရှိတယ်ဗျာ …. ဘောလုံးပွဲသွားကြည့်ရင် အဖွဲ့လိုက် အားပေးဖို့ပြီး ဘူဘူတွေနဲ့ ဟဲမလို့ဗျ …. မြန်မာရိုးရာ မှုက်စရာ မှုက်လို့ကောင်းတယ် မှုက်ကြည့်ပါ ……..

Leave a Reply