နိုင်ငံတော်၏ကြောင် အာဏာရသည်မှာ တနှစ်စွန်းခဲ့ချေပြီ၊ ပြောင်းလဲချိန် တန်ပြီ ကြွေးကြော်သံနှင့်အတူ ယခင်သမတ ဘပြောင်အား အလဲထိုး အနိုင်ရ တက်လာခြင်းဖြစ်သည်။ လပေါင်းများစွာ ဟိုလုပ်ဒီလုပ် ယားလို့ပင် မကုတ်အား… ပွင့်လင်းမြင်သာမှုထက် ပိုအရေးကြီးသော တိုင်းရေးပြည်ရာများ ရှိနေသည်။ လူထုနှင့် ကင်းကွာနေပြီ၊ အာဏာရှင် ဆန်တယ် ဝေဖန်မှု မြင့်တက်လာရကား တခုခုလုပ်ရန် ဆုံးဖြတ်လိုက်ရပေသည်။ တခုခုကား ပိတ်သက်ကျီးနှင့် ပြန်လည် ထိတွေ့ရန် ဖြစ်သည်။ ခေတ်ခြင်း မတူတော့ပြီမို့ ယခင်လို သိန်းသောင်းချီ လူထုစည်းဝေးပွဲထက် လက်တဆုပ်စာ ဇကာတင် ပုဂိုလ်များနှင့် တွေ့ဆုံခြင်းသာ သင့်တော်မည်။ တီဗွီ၊ အင်တာနက်တို့မှ တိုက်ရိုက် ထုတ်လွှင့်လျင်လဲ လူအများထံ ရောက်သည် မဟုတ်ပါလော။ ။။။။။

သို့သော် သို့သော်….. ထိုင်နေအကောင်း ထသွားမှအကျိုး၊ တွေ့ကာမှ ဟိုမေး ဒီမေး ဟိုပြော ဒီပြော သိပ်ခါကျမှာ စိုးရသည်။ ခေါင်းဆောင်ဖြစ်ချိန်မှစရွေ့ ပါတီအတွင်း မိမိသာလျင် အခရာ၊ အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်တော့လည်း အားလုံး ကိုယ့်ခြေကိုယ့်လက်။ ခုခေတ်လူတွေက ဆိုးသည်.. ကိုယ်မလုပ်ရတိုင်း အပြစ်တင်တတ်သည်၊ အမေးနွားကျောင်းသား အဖြေဘုရားလောင်း .. မေးယုံဆိုတော်ရဲ့၊ စကားကတ် မေးမြန်းနေလျင် ဒုံးခ။ မလုပ်လို့ကလဲ မဖြစ်… ဒီတော့ ပြောကြမည့် အကြောင်းအရာ၊ ပြောမည့် လူများကိုသာ စီစစ်ရွေးချယ် ရပေမည်။ ။။။။။

သားတို့ သာမီးတို့ ဒသနိပညာဆိုတာ အင်္ဂုလိလို ဖီလော်ဆော်ဖီ ခေါ်တယ်၊ ရှေးခေတ် တွေးခေါ်ပညာရှင် ယန်ပေါဆက်က တွေးသည် ထို့ကြောင့် ငါရှိသည် ပြောခဲ့တယ်။ ဂရိပညာရှိ ပလေတိုကဆိုရင်…..။ မူလတန်းကြို ကျောင်းသူားများနှင့် တွေ့ဆုံပွဲ ခလေးမြို့တွင် ကျင်းပနေသံဖြစ်သည်။ အပီအပြင် ပြောပြီးနောက် မေးခွန်းများ မေးခိုင်းရာ ခလေးအားလုံး မျက်လုံးအဝိုင်းသား…။ ။။။။။

မမိုက်ချင်နက်

နေကောင်းလား မောင်တို့မယ်တို့… ဒီတခါတော့ ထီးချိုင့်မြို့တွင် အလယ်တန်းကျော်င်းသူားများနှင့် မိုးတွင်း ကျောင်းသွားရင် ဘာယူရမလဲ ဆွေးနွေးသည်။  တရုတ်ထီး၊ ယိုးဒယားထီး၊ မိုးကာ ဈေးနှုန်းများနှင့် လှလှပပ ပြီးဆုံးသွားသည်။ ။။။။။ အဲ မုန့်ဖိုးမလောက်သည့် မေးခွန်းကိုတော့ နိုင်ငံတော်တွင် ဘတ်ဂျက် မရှိသေးကြောင်း…။ ။။။။။။ တတိယပွဲကို ကျေးလက်လူငယ်များနှင့် ပုဇွန်လုံး၊ ငါးရှဥ့် နှိုက်ခြင်းအကြောင်း မြေထဲမြို့၌ ကျင်းပသည်။ ၄ကြိမ်မြောက်ပွဲကို ချောင်းထဲ မြောင်းထဲ အမှိုက်မပစ်သင့်ကြောင်း ရေနံချောင်းတွင် လေလွင့်ခလေးငယ်များအား ဟောပြောသည်။ ၅ကြိမ်မြောက်တွင် အသက်ကိုးဆယ်ကျော် ဖိုးဖွားများအား ကန်တော့ရင်း 5G မိုဘိုင်းလ် အင်တာနက် နည်းပညာအကြောင်း ပြောပြသည်။ အိုင်တီပညာရှင် မောင်ဂီနှင့်မာဃ ခမြာ ဝင်ပါချင်လွန်းရွေ့ ဖင်ကြွကြွ ဖြစ်သော်လဲ ၄င်းတို့အား အနား အကပ်မခံ။ ဂျီကျလွန်းရွေ့ နောင်အနှစ်၆၀ကြာလျင်တွင် ဖိတ်ကြားရန် waiting list ထည့်နှစ်သိမ့်သည်။ ။။။။။

ကြာတော့ ဝေဖန်ကုန်ပီ… ဘာလဲကွ တခါလာလဲ ခလေးကလား၊။ သူပြောတာ နားထောင်ပြန်မည့်သူချည်းပဲ။ သက်တိရှိ နင်လားငါလားထဲကဖိတ်။ ခုတော့ ခလေးဗိုလ်လုပ်နေတယ်။ ထို့ကြောင့် ၆ကြိမ်မြောက် ကျင်းပသည့်အခါ ဦးပါလေရာ၊ ကထူးဆန်း၊ စစ်ဖြိုးကျည်၊ ရှင်ကြီးနိဂိမိ၊ အာဂ စသည့် နာမည်ကြီး နိုင်ငံရေးအကဲခတ်များကို ဖိတ်ကြားစေသည်။ ကြောင်ကိုယ်တိုင်တော့ မတက်… ဒင်းရို့ကို ခပ်တည်တည်နှင့် ဟိုပြောဒီပြော ရွှီးဖို့မလွယ်.. အာကိုတို့ရယ် သည်းခံကြပါ မေစ်တာထားကြပါ ချွေးသိပ်ရမည့်ပုံမပေါ်… ဒေဝေါကြီးလာမည် ခြောက်လည်း ကြောက်မည်မထင်.. အတော်လက်ပေါက် ကက်တဲ့သူတွေ။ သူ့လက်ထောက် ဂဇက်သဂျီး မာမွတ်ခိုင်မ်နှင့် လွှတ်ပေးသည်။ မာမွတ်ခိုင်မ်က အယင် စစ်အစိုးရလက်ထွက်.. ဘယ်လောက်ပြောပြော ထုံပေပေမို့ ကိစ်စမရှိ ဒီဖက်နားကဝင် ဟိုဖက်နားကထွက်… သိပ်နားငြီးလာလျင် ဖဘထိုင်ပွတ်နေလိမ့်မည်။ ။။။။။။

အလကားပါကွာ … ကိုယ့်အခြင်းခြင်းသာ စွာရဲတာ.. စစ်တပ်တော့ ပျာလို့၊ လက်သန်းလေးတွေ အားနာတယ်။ မကျေနပ်သံ ပိုကြီးထွားလာကြောင်း နိုင်ငံတော်၏ကြောင် နားထဲ ရောက်သွားသည်။ လခွမ်း…ဒလောက်တောင် လုပ်စေချင်ရင် နောက်တပွဲ ဒိတ်ဒိတ်ကြဲ ရွေးဖိတ်မယ်။ အားလုံး ပြည်ပမှ ဆရာကြီးများသာ။ စောင့်ကြည်သူအားလုံး မျက်လဲဆန်ပြာ ဖြစ်ကုန်သည်… ဒီတခါ တကယ်ချတော့မည်။ ဖိတ်ထားသူတွေက အိုဘားမား၊ ဟင်နရီကစ်ဆင်ဂျာ၊ ဘီလ်ဂိတ်၊ ဇူကာဗတ်၊ ဘန်ကီးမွန်း၊ ဆာအဲလက်စ် ဖာဂူဆန်… ဧရာမ ဆင်ကြီးတွေ…။ ခေါင်းစဉ်က မြန်တြံ့တို့အရိုးစွဲနေသည့်အရာ…အတိအကျကို ပွဲတွင်ကြေငြာမည်။ ။။။။။။

ဂွတ်တမောနင်း.. ဟောင်းအာယူ.. အိုင်ဂိုးတူစကူးလ် ဘိုင်ဘတ်စ် မိတ်အင်ချိုင်းနား ဝိုင်ဘီအက်စ် …. ဘိုလို နှုတ်ဆက်ပြီးနောက် တွေ့ဆုံပွဲ စည်းကမ်းချက် ဖတ်ကြားသည်။ သိပ်တော့မများ.. သတ်မှတ်ချိန်အတွင်း ပြောရမည်၊ ခေါင်းစဉ် ပြင်ပကျော် ပြောခွင့်မရှိ။ ဆွေးနွေးမည့် အကြောင်အရာကတော့ ငါးပိရည်နှင့် တို့စရာ…။ မြန်တြံ့လူမျိုးတို့ အရိုးစွဲနေသည်ဆိုတာ ဒါကိုး….။ စစ်တပ်နှင့် ဆက်ဆံရေး၊ စစ်တပ်စစ်တန်းလျား ပြန်စေရေး၊ နာဂစ်ခြေခံဥပဒေ ပြင်ရေး၊ အကျင့်ပျက်ခြစားမှု စသည်တို့ကို ထောက်ပြရန် အားခဲထားသူ ဆရာကြီးများ ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်၊ ထို့နောက် ခေါင်းငိုက်စိုက် ကျလေသည်။  မည်သူမှ တန်းတူပြန်လှန် မဆွေးနွေးနိုင်.. မေးခွန်းပင် ကောင်းကောင်း မထုတ်တတ်ကျ။ အီတခါလဲ နိုင်ငံတော်၏ကြောင် နိုင်ပြန်ပြီ…။ ။။။။။။  *:)) laughing
ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 625 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး