သဒ္ဒါဘဝ

nakedSeptember 3, 20101min460

မြည်သံစွဲတစ်ခုနဲ့စတဲ့မနက်ခင်း

အတိသယနဲ့ဆက်ဆံနေတဲ့လူတွေ

ကိုယ့်ကိုယ်ကိုဥပမာနဲ့တင်စားနေကြ

ရူပကလိုထပ်တူမကျနိုင်တဲ့ဘဝမှာ

ဝင်္ကဝုတ္တိနဲ့ခေါင်းတုံးပေါ်ထိပ်ကွက်နေသူတွေအတွက်
ငါဟာ………..မျက်လုံးပြူးကြောင်
ကျီကန်းတစ်ကောင်ပေါ့…..
နာမ်စားတွေကိုမှားယွင်းစွာအသုံးပြုရင်း
ငါပြောနေတဲ့စကားတွေက
ဌာန်ကရိုဏ်းရောမှန်ရဲ့လား………
ကြိယာမပါတဲ့ဘဝတွေအတွက်
အာမေဋိတ်တွေလွတ်ကျ….
ကိန်းတွေနဲ့အလုပ်လုပ်တတ်တဲ့မင်းအတွက်
ငါဟာ…နာမဝိသေသနတစ်ခု..
ဖြစ်ခဲ့ရပေါ့………………..။