အ​ထူး​တ​ဆန်း​ ကျင်း​ပ​ခဲ့​သည့်​​ ​ဆာ​ဘီ​ယား​မှ​​ ​က​မ်ဘာ့​ ဝှေး​စေ့​​ ​ဟင်း​ချက်​ပြိုင်​ပွဲ…

lu ta loneSeptember 3, 20101min922
alt

ဆာ ​ဘီး​ယား​နိုင်ငံ​ရှိ​​ ​တောင်​ပေါ်​ရွာ​လေး​ ​တစ်​ခု​တွင်​​ ​ထူး​ထူး​ဆန်း​ဆန်း​ ​ဟင်း​ချက်​ပွဲ​တော်​​ ​တစ်​ခု​အား​ ​ကျင်း​ပ​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​ ​သ​တ္တ​မ​အ​ကြိမ်​မြောက်​​ ​က​မ်ဘာ့​ဝှေး​စေ့​ ​ဟင်း​ချက်​ပြိုင်​ပွဲ​အား​​ ​ကျင်း​ပ​ခဲ့​ရာလာ ​ရောက်​ကြည့်​ရှု​သူ​များ​သည်​​ ​စား​ဖို​မှူး​များ​၏​​ ​နွား​သိုး​၊​ ​ဝက်​ဝံ​၊​​ ​ကု​လား​အုတ်​၊​ ငှက်​ကု​လား​အုတ်​နှင့်​​ ​သား​ပိုက်​ကောင်​စ​သော​​ ​တိ​ရ​စ္ဆာန်​ ​မျိုး​စုံ​တို့၏​​ ​ဝှေး​စေ့​များ​ကို​ ​လက်​စွမ်း​ပြ​​ ​ကြော်​လှော်​ချက်​ပြုတ်​နေ​မှု​ကို​ အား​ပေး​ခဲ့​ကြ​သည်​။

ယ​ခု​ပြိုင်​ပွဲ​သည်​​ ​ပျော်​စ​ရာ​ကောင်း​ပြီး​​ ​အ​စား​အ​သောက်​ကောင်း​နှင့်​​ ​ရဲ​ရင့်​မှု​တို့​ ​ပေါင်း​စု​သည့်​​ ​နေ​ရာ​ဟု​ ​ဆာ​ဘီး​ယား​​ ​စား​ဖို​မှုး​ ​ဂျူဘို​မီ​အီ​ရို​ဗစ်​က​​ ​ပြော​ကြား​ခဲ့​သည်​။​​ ​ဆာ​ဘီး​ယား​တွင်​ ​တိ​ရ​စ္ဆာန်​ဝှေး​စေ့​များ​ဖြင့်​​ ​ချက်​ထား​သော​ ​ဟင်း​လျာ​ကို​​ ​ယဉ်​ယဉ်​ကျေး​ကျေး​ဖြင့်​​ ​ကျောက်​ကပ်​ဖြူ​ဟင်း​ဟု​ခေါ်​သည်​။​ ​ယင်း​ဟင်း​သည်​ ​အ​ဖို​ဟို​မုန်း​များ​ကို​ ​လှုံ့ဆော်​ပေး​ကြောင်း​ ​ယုံ​ကြည်​ကြ​သည်​။​ ​ဘော်​ကန်​ဒေ​သ​တွင်​ ​ထို​ဟင်း​မျိုး​သည်​ ​ပန်း​သေ​ပန်း​ညှိုး​ ​ဝေ​ဒ​နာ​ကို​ ​ပျောက်​ကင်း​စေ​သည်​ဟု​ ​ယူ​ဆ​ကြ​သည်​။

နွား​သိုး​ဝှေး​စေ့​သည်​ ဟန်​ဂေ​ရီ​ရိုး​ရာ​စ​တိုင်​ ​ပူ​ပူ​စပ်​စပ်​ ​ချက်​ပါ​က​ ​အ​ကေင်း​ဆုံး​ဟု​ ​ယ​မန်​နှစ်​ ​ချန်​ပီ​ယံ​ ​ဇို​တန်​လီ​ဗိုင်း​က​ဆို​သည်​။​ ​ယ​ခု​ပြိုင်​ပွဲ​တွင်​ ​ဝှေး​စေ့​ပီ​ဇာ​နှင့်​ ​ဝှေး​စေ့​အ​ချဉ်​ဆမ်း​ ​မုန့်​များ​ပါ​ ​ပြုလုပ်​ထား​သည်​။​ ​လာ​ရောက်​ကြည့်​ရှု​သူ​များ​သည်​ ​ဝိုင်​၊​ ​ဘီ​ယာ​ ​စ​သည်​တို့​နှင့်​ ​ယင်း​ဟင်း​များ​ကို​ ​မြည်း​စမ်း​ကြည့်​နိုင်​သည်​။​ ယ​ခု​ပြိုင်​ပွဲ​သို့ ​လာ​ရောက်​သော​ ​ပ​ရိ​သတ်​များ​သည်​ ​နှစ်​စဉ်​နှစ်​တိုင်း​လို​လို​ ​ပျော်​ရွှင်​စွာ​ဖြင့်​ ​ပြန်​လာ​လေ့​ရှိ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

Credit: လူထုအသံ

2 comments

  • etone

    September 3, 2010 at 5:55 am

    ရွံစရာကြီး ။

  • yokesoelay

    September 3, 2010 at 10:49 pm

    စားစရာတွေရှားကုန်ပြီထင်တယ်

Leave a Reply