သံဝေဂ

aye.kkAugust 14, 20171min25211

မိမိ၏

ယုံကြည်မှု

ချစ်သောဇနီး

ချစ်သောသားသ္မီးများ

ချစ်သောဆွေမျိုးများ

ချစ်သောမိတ်ဆွေများအပေါ်၌

ယုံကြည်သည့်

ယုံကြည်မှုတရားများ

ပျက်စီးခြင်းကြုံရသောအခါ

ယုံကြည်မှုတရားအမှားများသည်၎င်း

မနာချင်သော်လည်း

နာမှုခံစားရသောအခါ

မအိုချင်သော်လည်း

အိုမှုခံစားရသောအခါ

မိမိ၏

ဆန္ဒရှိမှုအပေါ်

ဖြစ်ချင်တာကို

ဖြစ်အောင်လုပ်သော်လည်း

မဖြစ်လာသောအခါ

သံဝေဂ

ကြီးစွာရရှိလေသည်။။

 

11 comments

  • Shar Thet Man

    August 15, 2017 at 8:59 am

    တရားမှတ်ပါ

  • manawphyulay

    August 15, 2017 at 2:57 pm

    ယခုခေတ်က မအို မနာပဲနဲ့ သေကြေကြတာ များလာပြီ တီအေးရယ်….

  • aye.kk

    August 15, 2017 at 3:28 pm

    Shar Thet Man

    သံဝေဂရလို ့
    ရဟန်းဘောင်မှာပျော်နေပါပြီ
    အန်တီကကိုယ်စားရေးလိုက်တာပါ။

  • aye.kk

    August 15, 2017 at 3:54 pm

    မနောရေ ့
    မနောပြောတာလည်းမှန်တယ်။
    အန်တီအမျိုးသားက
    အက်ဆီးဒင့်ဖြစ်ပြီး
    သေကံမရောက်ခဲ့လို ့
    သံဝေဂရလို ့ရိပ်သာဝင်သေးတယ်။

  • ဦးကျောက်ခဲ

    August 16, 2017 at 5:01 pm

    “ဘဝ သံသရာ” သီချင်းလို…
    ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်…
    စိတ်ဓာတ်ကျလာရင် သံဝေဂကဌာက တွဲပါလာရော…
    စိတ်ဓာတ်မကျချင်သေးဘူး အန်တီအေးရယ်… :k:

  • aye.kk

    August 16, 2017 at 9:34 pm

    တူမောင်ကျောက်ရေ
    သားအတွက်
    ဖခင်ကအားပါဘဲ။
    အစစအရာရာ အဆင်ပြေပါစေ။

  • •*¨နန်းတော်ရာသူ •*¨

    August 17, 2017 at 1:26 pm

    သီးကင်းတဖြုတ်ဖြုတ်ကြွေနေကြတာမြင်တိုင်း မပြန်လမ်းကို ဆင်ခြင်မိနေမိပြီအန်တီအေးရေ

  • aye.kk

    August 17, 2017 at 2:15 pm

    ဟုတ်ပါတယ်နန်းတော်ရာသူ
    တရက်နေပြန်
    ငါ့ရုပ်နာမ်
    သေရန်တရက်နီးပြန်ပြီ
    ဆိုတဲ့ သံဝေဂသံပေါက်အတိုင်း
    သီးကင်းတွေတဖြုတ်ဖြုတ်ကြွေတာမြင်ရတိုင်းလည်း
    သံဝေဂရစရာချည်းပါဘဲ။

  • Shar Thet Man

    August 21, 2017 at 10:54 pm

    aye kk

    ကောင်းပါတယ်အန်တီ

  • aye.kk

    August 30, 2017 at 9:41 pm

    အရင်ကကျော်စွာဦးကြီးမိုက်
    .
    .
    .
    အမှန်ပါပဲ။

Leave a Reply