နေ့ရွှေ့ညရွှေ့(procrastination)

သုရွင္August 15, 20171min1915

လုပ်စရာအလုပ်တစ်ခုကို နေ့ရွှေ့ညရွှေ့လုပ်ဖို့ သင့်ဆီမှာ အမြဲတမ်းအကြောင်းပြချက် တစ်ခုမက ရှိနေတတ်ပါတယ်။

နေပူလို့၊ မိုးရွာလို့၊ စောသေးလို့၊ နောက်ကျနေလို့၊ ဗိုက်ဆာလို့၊ စားပြီးကာစမို့၊ ငယ်သေးလို့၊ ကြီးသွားလို့၊ မလုပ်လည်းရသေးလို့၊ ဘယ်သူ့ကြောင့်၊ ဘယ်ဝှါကြောင့်၊ ဘာဖြစ်လို့၊ ညာဖြစ်လို့။

ဒီလိုနဲ့ပဲ အကောင်အထည်ဖော်ခွင့်မရခဲ့တဲ့ စိတ်ကူးတွေ၊ အိပ်မက်တွေ အများအပြားဆိုသလိုပါပဲ။

“အကြောင်းပြချက်တွေဆိုတာ လိမ်ဆင်တွေပါ”
( All excuses are lies)
ဆိုတဲ့သူကတော့ Jocko Willink ပဲဖြစ်ပါတယ်။ အမှန်ပြောရရင် သင်က ပျင်းနေလို့ပါတဲ့။ လေးလံထိုင်းမိုင်းမှုနဲ့ အကြံတုံးဉာဏ်တုံးဖြစ်မှုဟာ ဆက်စပ်နေပါတယ်။

အလွယ်ဆုံး နည်းလမ်းလေး
************************
နေ့ရွှေ့ညရွှေ့ဖြစ်တတ်တဲ့ မိမိရဲ့ စိတ်ဓါတ်ကို ပြုပြင်ဖို့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဆရာမ Mel Robbins ရဲ့ 5 second Rule ပဲဖြစ်ပါတယ်။

သူမက

” သင်ရဲ့ လုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ မလုပ်တော့ပါဘူး ဆိုတဲ့ ဆုံးဖြတ်ချက် နှစ်ခု ကြားမှာ အချိန် ၅ စက္ကန့်ပဲကြာပါတယ်” တဲ့။

“ဒီတော့ ဆုံးဖြတ်ချက်လွန်ဆွဲမှု ဖြစ်လာပြီဆိုရင် နံပါတ် ၅ ကနေ ၁ အထိ ကောင့်ဒေါင်းရေတွက်ရပါမယ်။”





ဆိုတာနဲ့ သင်ဟာ ချက်ချင်းပဲ ကောင်းတာလုပ်ဖို့ကို ဆုံးဖြတ်ရပါမယ်။ ဒီ ၅ စက္ကန့်လေးဟာ အလုပ်တစ်ခု၊ အစီစဉ်တစ်ခု၊ ပရောဂျက်တစ်ခုထက် ဘဝရဲ့ အောင်မြင်မှု အထိပင် အရေးပါလှပါတယ်။

ဒီ ၅ စက္ကန့်ကို သင်မလွန်ဆွဲနိုင်သမျှ နေ့ရွှေ့ညရွှေ့သံသရာထဲမှာ တစ်ဝဲလည်လည် ဖြစ်နေဦးမည် ဖြစ်ပါကြောင်း။

မေတ္တာဖြင့်
သုရှင်

5 comments

  • kai

    August 15, 2017 at 2:18 pm

    ထူးထူးဆန်းဆန်းပါလား..။
    ကောင့်ဒေါင်းလုပ်ဖို့ပါ.. ရွေ့ချင်နေရင် ဘယ်လိုလုပ်ရပါ့..။ :i:

    • သုရှင်

      August 15, 2017 at 2:24 pm

      သူကြီးက တော့ လုပ်ရော့မယ်။ ငါး စက္ကန့် ကိုလေ။

  • manawphyulay

    August 15, 2017 at 2:52 pm

    Copy paste ဆိုတာကြီး ချိန်းလိုက်ပါလယးဟင်…

  • သင့်အေးရိပ်

    August 18, 2017 at 9:59 pm

    ကျနော့်ကိုတော့ ၁ဝ ကနေ စ ရေခွင့်ပြူပါ
    :k:

  • Shar Thet Man

    August 22, 2017 at 5:53 pm

    လုပ်ကြည့်မယ်

Leave a Reply