တစ်နေ့တစ်လံ ပုဂံသို့မရောက်သေး

တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲဆိုတဲ့စကားအတိုင်း ကျွန်တော်အောင်မိုးသူဟာ မြန်မာဂဇက်ဆိုတဲ့ ရွာကြီးဆီကို လျှောက်လာခဲ့တာ နှစ်များစွာကြာခဲ့ပါပြီ။ ဒါပေမယ့်လည်း မြန်မာဂဇက်ကြီးရဲ့ ပန်းတိုင်ကိုတော့ မရောက်ရှိခဲ့သေးပါဘူး။

ပန်းတိုင်ဆိုတာ ငွေကျပ်တစ်သိန်းဆိုတဲ့ ပန်းတိုင်ပါ။ ကျွန်တော့်နောက်ကလူတွေသာ ကျွန်တော့်ကို ကျော်တက်သွားမယ် ကျွန်တော်ကတော့ တလှုပ်လှုပ်ပါပဲ။ အခုတော့ ငွေကျပ်တစ်သိန်းသို့ဆိုတဲ့ ဆယ်ယောက်ထဲတော့ ဝင်လာခဲ့ပါပြီ။

အဲ့သည်ဆယ်ယောက်ကနေ ထိပ်ဆုံးရောက်ဖို့ တွေးမျှော်ရင်း တစ်နေ့တစ်လံ တစ်သိန်းဘယ်ပြေးမလဲဟဲ့

ခင်မင်စွာဖြင့်
အောင်မိုးသူ

10 comments

  • သင့်အေးရိပ်

    August 17, 2017 at 8:30 pm

    တစ်သိန်း ၂ခါ ရှိပြီဆိုတော့ ငါလေးဆိုရင် ပန်းတိုင် ၂ခါပြန်ကြီး ရောက်ခဲ့ပါပေါ့။
    :k:
    ပုံမှန် ဝင် မန့်ရင် ပိုစ်တင်ရင် တစ်သိန်းက မကြာပါဘူးလေ။

  • aye.kk

    August 17, 2017 at 9:12 pm

    ဆန္ဒအမြန်ပြည့်ပါစေ

  • Lay Pai

    August 18, 2017 at 5:06 pm

    တနေ့ ၂ ပုဒ် မှန် မှန် ရေး ကွန်းမန့် မျာမျာ မန့် မြန်မြန် ရမယ်။
    ဘယ်သူ က စီနယာ လဲ တော့ ကိုက တော့ ခု မှ တသောင်း နှစ်ထောင် ကျော် ပဲ ရှိသေးတယ်။ 🙂 🙂

  • ဦးကျောက်ခဲ

    August 18, 2017 at 6:13 pm

    အာ ဟိ … ကျနော်တို့ကတော့ ပုဂံလည်း မရောက် … ညောင်ဦးလည်း မရောက်
    အဲသည့် တစ်သိန်းဆိုတာ အူးလေးတို့နဲ့ မဆိုင်ဘူးကွီ … :k:

  • အမလေး .. အေးဆေးပါအေ.. ကျော်တက်မှာပါ..
    ဟိုးထိပ်မှာ ပိတ်နေသူကြီးသာ အဲ့နေရာကို ကြိုက်ပြီး ဆက်နေနေမှာ..

  • ko six

    August 21, 2017 at 12:43 am

    တစ်နေ့ ဆယ်လံလိုက်နဲ့ပဲ လိုက်ရတော့မလိုလို။
    ဟူး
    ဒီတစ်သက် ပန်းတိုင်ရောက်ပါဦးတော့မလား

  • Shar Thet Man

    August 21, 2017 at 6:07 pm

    ပြေးထားအကိုရေ..fighting

Leave a Reply