အဝင်းတို့ PrizmaX အကြောင်း တစ်စေ့တစ်စောင်း

ဟိုရက်ပိုင်းက Facebookbတစ်ခွင် လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့
ဂျပန်ရောက် ရွှေမြန်မာတွေထဲက
အနုပညာလောကမှာ နေရာတစ်ခုရနေတဲ့ မိုရီဆာကီဝင်း(သူများတွေအပြော ကျော်သူဝင်း)
ဆိုတဲ့ J popper လေးပါဝင်တဲ့ PrizmaX J pop Band လေးကို မြည်းစမ်းမိတယ်။

အဝင်းတို့အဖွဲ့အကြောင်းမပြောခင် ကိုယ့်အကြောင်းကိုယ်ပြောချင်တာက..
ကိုယ်က ဂီတအမျိုးအစားတွေ၊ဂီတဆိုင်ရာပညာရပ်တွေကို လုံးဝနားမလည်သူပါ။

ပညာရပ်ပိုင်းကိုနားမလည်ပေမယ့် သီချင်းတွေကိုနက်နက်နဲနဲခံစားနှစ်ခြိုက်တတ်သူလားဆိုတော့လည်းမဟုတ်ပြန်။

တစ်ချို့တွေလို ရော့ခ်တွေ၊ဟဲဗီးမက်တယ် ဆိုတာမျိုးတွေကို ရူးရူးမူးမူး ခိုက်တယ်ဆိုတဲ့မျိုးလည်းမရှိ။

ပေါ့ပ်သီချင်းကောင်းလေးတွေ ၊MV ကြည့်လို့ကောင်းတာလေးတွေဆို MV ကြည့်ပါများရင်းနဲ့ကြိုက်သွားတာမျိုးပဲရှိပါတယ်။

ဂီတသံစဉ်တွေထဲမှာတော့ တရုတ်သံစဉ်လေးတွေကိုအထူးနှစ်ခြိုက်တယ်။
တရုတ်သီချင်းလေးတွေနားထောင်ရင်း တရုတ်သိုင်းကားတွေထဲမှာမြင်နေကျ ရေမြေတောတောင်သဘာဝအလှတွေကို မြင်ယောင်လာစေပြီး သာယာငြိမ့်ညောင်းအိပ်ပျော်မြန်စေတဲ့အတွက် အိပ်ခါနီးရင်နားထောင်လေ့ရှိပါတယ်။

လမ်းကြောင်းလေးပြန်တည့်ရရင် အဝင်းတို့ရဲ့ PrizmaX band လေးက Jpop ဆိုတဲ့အတိုင်း Kpop လိုမျိုး ပေါ့ပ်သီချင်းမြူးမြူးလေးတွေထဲမှာ Rap စာသားလေးတွေ ထည့်ဆိုသွားတဲ့သီချင်းလေးတွေပါ။

MV ကိုကြည့်လိုက်တာနဲ့ One Direction band ကို ချက်ချင်းမြင်ယောင်မိစေအောင် ပုံစံဆင်ဆင်လေးတွေ အတုယူထားပုံရပါတယ်။
ဝတ်စားဆင်ယင်ပုံလေးတွေ၊ကာလာလေးတွေကအစပါပဲ။
ကွဲလွဲတာလေးတစ်ခုက 1D က Rap စာသားတွေထည့်မဆိုပါဘူး။

သီချင်းအမျိုးအစားကွာခြားချက်လားဆိုတာတော့ အပေါ်မှာ ကိုယ့်ကိုယ်ကိုကြိုညွှန်းထားတဲ့အတိုင်း သေသေချာချာနားမလည်ပါ။

ကြံဖန်ဂုဏ်ယူချင်သေးတာလေးက 1Dမှာ Liam နဲ့ Harry က အဓိကဦးဆောင်သွားသလို
PrizmaXအဖွဲ့ထဲမှာ ကိုရွှေမြန်မာ အဝင်းနဲ့ Tim က အဓိကကျသူတွေလိုဖြစ်နေပါတယ်။
နောက် English စာသားတွေကိုလည်း သူတို့၂ယောက်ပဲဆိုပါတယ်။
Yuki Fukumoto က ဂျပန် Rapping တွေ ရွတ်ပြီး Tsubasa Shimada ကတော့
Westlife ထဲက Kian Egan လိုမျိုး နောက်လိုက်လိုလိုလေးဖြစ်နေပါတယ်။

သီချင်းလေးတွေကော ၊MV လေးတွေပါ ကိုယ်ကြိုက်တဲ့ 1D လို ပုံစံလေးတွေအပြင် ကိုယ်နားမလည်တဲ့ ချစ်စရာကေါင်းပြီး၊လိုက်ဆိုဖို့မခက်တဲ့ ဂျပန်စာသားလေးတွေပါ နားထောင်ရတာမို့ ကိုယ့်ရွှေမြန်မာ အဝင်းဦးဆောင်တဲ့ PrizmaX အဖွဲ့လေးကို အားပေးမယ့်စာရင်းထဲ တို့ထားလိုက်ပါတယ်။

13 comments

  • သင့်အေးရိပ်

    August 18, 2017 at 5:23 pm

    fb မှာ ခုတလော နာမည် ကြီးနေတဲ့ အဝင်း ဆိုတာလေး….
    ပြုံးစိစိ ပြောင်ချော်ချော် ပုံလေး ဆိုပေမယ့် မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ မြန်မာဆုလေး ပြည့်ပုံရ
    :k:

    • •*¨နန်းတော်ရာသူ •*¨

      August 18, 2017 at 6:25 pm

      fb မှာတှေ့တော့ အငျနိုးဆငျ့တာလေးသဘောကပြမေယျ့ သူ့အနုပညာလှုပျရှားမှုမသိသေး။Jpop MV လေးတှကွေညျ့မိမှ မဆိုးဘူး ။သဘောကတြဲ့လဈထဲဝငျသှားပွီ :hee:

      • •*¨နန်းတော်ရာသူ •*¨

        August 18, 2017 at 6:31 pm

        fb မှာတွေ့တော့ အင်နိုးဆင့်တာလေးသဘောကျပေမယ့် သူ့အနုပညာလှုပ်ရှားမှုမသိသေး။Jpop MV လေးတွေကြည့်မိမှ မဆိုးဘူး ။သဘောကျတဲ့လစ်ထဲဝင်သွားပြီ :hee:

  • ဦးကျောက်ခဲ

    August 18, 2017 at 6:19 pm

    တို့သိတဲ့ “အဝင်း” ဆိုတာ … ပြောတော့ပါဘူး … ခွိ :k:
    ပြောရရင် အသက်ကြီးလာလို့လား မသိ ၊ ခေတ်ကို မျက်ခြေပြတ်လာပြီ …

    • •*¨နန်းတော်ရာသူ •*¨

      August 18, 2017 at 6:29 pm

      သိနေတယ်လေ သိနေတယ်။အူးလေးတို့က ဘွန်ဂျိုဗီတို့လောက်မှ အနေတော် :harr:
      သာမိတို့က ရှေ့မှီနောကမှီ ခေတ်ကိုမျက်ခြေအပြတ်မခံ :kwi:

    • •*¨နန်းတော်ရာသူ •*¨

      August 30, 2017 at 10:28 am

      ဘယ်လိုပြောရမလဲဆိုတော့ ဂျပန်လို ဘယ်လိုမှကိုမပြောတတ်လို့ အာရီးကိုတောပါပဲ :harr:

  • Shar Thet Man

    August 22, 2017 at 5:34 pm

    ဖွဘုတ်ပေါ်မှာတော့ တစ်ခုပြီးတစ်ခုကိုပေါ်နေကြတော့တာပဲ.. ဘယ်သူတွေကပဲလုပ်နေကြသလဲမသိပါဘူး

    • •*¨နန်းတော်ရာသူ •*¨

      August 30, 2017 at 10:30 am

      ဖွဘုတ်မှာတော့ တစ်နေ့တစ်မျိုး မရိုးရအောင် ကောက်ရိုးမီးတွေ များလှလို့ လိုက်မမှီပါ

  • manawphyulay

    August 28, 2017 at 3:13 pm

    အင်း မတင်ညွှန့်တို့ အဝင်းတို့ အေးသောင်းတို့လိုများ ရွာထဲက ဘယ်သူတွေ နာမည်ကြီးသေးလားဟင်… မသိလိုက် ဖြစ်မှာစိုးလို့ ကြိုတင်သိသူများ ဖြေပေးကြပါဦး..

    • •*¨နန်းတော်ရာသူ •*¨

      August 30, 2017 at 10:31 am

      လိုက်လို့ကိုမမှီလို့ မသိတာများပါတယ်။ဒါလေးကဖြင့် ဂျပန်မှာ နေရာရနေတဲ့ မြန်မာလေးမိုု့ မှတ်တမ်းတင်မိတာပါ

    • •*¨နန်းတော်ရာသူ •*¨

      August 30, 2017 at 10:31 am

      သိပ်ကိုမှန်ပါတယ် ဦးမိုက်ရေ

Leave a Reply