မကြာခဏ ဆိုသလို မကွေးတိုင်း ၊ မကွေးမြို့ပေါ် ရောက်ဖြစ်နေတော့ ရောက်တိုင်း တွေးမိ မြင်မိတာလေးတွေ ရှိတာပေါ့။
အဲ့ဒီထဲက ပြောချင်တာ တချိ ု့နဲ့ ပြချင်တာလေးတချိ ု့ကို အခု ရတတ်သလောက် ပြလိုက်ပါတယ်။

 

 

 

၁။ စေတီအမွန် မြသလွန်ဆီသို့ အဝင်လမ်း။


 

 

၂။ ဘာသာရေး အဆောက်အဦတွေထဲက တိုင်လုံးကြီးတွေလိုသာ…

ဖြောင့်မတ် တည်ငြိမ်စွာ ထို့အပြင် ငြိမ်းချမ်းစွာ… အတူတကွ ရပ်တည်နိုင်စွမ်း ရှိကြလျှင် …..ကိုယ်စီ သွားရာလမ်းဟာ ဘာသာရေးနယ်ပယ်ပြင်ပက နိဗ္ဗာန်ဆီကို ရောက်လိမ့်မယ်လို့ ဆိုချင်တာ…


 

၃။ သူတို့လေးတွေဟာ ဘီလူးရုပ်တုကို နှိပ်နယ် ပေးရင် ကိုယ့်ခန္ဓာရဲ့ ရောဂါ ဝေဒနာတွေကို ကာကွယ် တားဆီးနိုင်လိမ့်မယ် ဆိုတဲ့ ယုံကြည်ချက်ကလေးနဲ့။ ဘယ်သူကများ စတင်လိုက်တဲ့ အယူဝါဒ ကိုးကွယ် ယုံကြည်မှုပါလိမ့်။ မဖြစ်နိုင်တဲ့ (အကျိုးမရှိတဲ့) လုပ်ဆောင်မှု တစ်ခု ဖြစ်နေမယ် ဆိုရင်ကော… ရှေးရိုးစွဲ အစဉ်အလာတွေထဲက လွတ်မြောက်သွားနိုင်ဖို့  အဲ့ဒီလို လုပ်ရမယ်ရယ်လို့ ပြောတဲ့သူက တာဝန်ယူခဲ့သလား။


 

 

 

၄။ ဟိုဘက်ကမ်းကို ရောက်ချင်လို့တဲ့….

ဒီဘက်ကမ်းမှာ ဇော်ထိုးမိုးမျှော် ဖြစ်တဲ့အထိ ဦးခိုက် ဆုတောင်းကြလေရဲ့….

ဟိုမှာဘက်ကမ်းကိုလည်း မျှော်ကာ မှန်းကြတာ သွေးရူးသွေးတန်း။

တကယ် ကူးခတ်သွားနေသူရယ်လို့တော့ မတွေ့ခဲ့။


 

 

 

၅။ စေတီအမွန် မြသလွန်


 

မျှော်ရည်မှန်းဆမိပါရဲ့….

ဟိုတစ်ဘက်ကမ်းမှာ ဘာလဲ ဘယ်လဲရယ်လို့….

မြစ်တော့ ရှိပါရဲ့….

ဟိုမှာ…တစ်ဖက်ကမ်းလည်းရှိပါရဲ့….

ဒါပေမဲ့…. ကူးခတ်သွားလာမှု နည်းပါးနေတဲ့အခါ….

သောင်ခုံသွယ်တန်းတွေဟာ ဟိုဘက်ကမ်းကို

ဘယ်လိုနည်းနဲ့ ကူးဖို့ ကြံစည်နေကြတဲ့ သင်္ကေတပါလဲ….


 

 

 

၇။ စိတ်ကူး အမြင်နဲ့ အနီးကပ် ဆွဲယူ ကြည့်လိုက်တော့လည်း

ဟိုတစ်ဖက်ကမ်းဟာ…. နီးလိုက်တာ။

ကိုယ်တိုင်ကိုယ်ကျ လက်ပစ်ကူးဖို့သာ ခွန်အားနဲ့ သက်လုံ ကောင်းဖို့ လိုနေတာ။

 


 

 

၈။ ကောင်းကင်ဟာ အပြာကို ပေးနေပေမဲ့….

စင်ကြယ်ဖို့ လိုနေသေးတဲ့ ရေပြင်ဟာ… ကြည်မြတဲ့ အပြာကို

လှမ်း မယူဝံ့သလိုမျိုး….

—————————————————————————-

 

 

၉။ ဒီမြစ်ရဲ့ ဟိုတစ်ဖက်ကမ်းကို ကူးခတ်သွားဖို့ရာက ပင်ပန်းပါလိမ့်မယ်လေ။

မြစ်- ဒီဘက်ကမ်းရဲ့ အသုံးဝင်မှု အချို့ အချို့ဟာလည်း ဟောဒီ မြစ်ပိုင်ရှင် မြို့သားတွေအတွက် စိတ်ဝင်စားစရာ ကောင်းနေသားပဲ။


၁၀

 

 

၁၀။ ကမ်း ကပ်ထားရတာက ကမ်းတစ်ဖက်ကို ကူးခတ်သွားနေရတာလောက် မပင်ပန်းဘူးလို့ ကိုယ်လည်း ထင်ပါတယ်။

ဟိုဘက်ကမ်းဟာ ဘယ်လိုပါလိမ့်ဆိုတဲ့ အတွေးနဲ့ ငေးရီမှန်းဆ အားကျမိရုံမျှ…..

—————————————————————————-

 

၁၁

 

 

 

၁၁။ မြစ်ကို လက်ပစ်ကူးရင် ရောက်သွားမယ့်အခါမှာ….

မြင်လိုက်ရမယ့် ဟိုဘက်ကမ်းနဲ့….

အလွယ်တကူ လျှောက်လှမ်း ကူးဖြတ်သွားလို့မှ တံတားအဆင်းရဲ့ ဟိုဘက်ကမ်းဟာ….

အဓိပ္ပာယ် တူမလား… မတူဘူးလား….

ဒါ… မှန်းဆကြည့်ရုံနဲ့ သေချာတပ်အပ် သိနိုင်သလား မသိနိုင်ဘူးလား….

 


 

သင့်အေးရိပ်

 

 

 

 

 

 

 

 

 

 

About Thint Aye Yeik

Thint Aye Yeik has written 19 post in this Website..

လူချစ်လူခင် များအောင် မနေတတ်ဘူး။ နတ်ကွန်း မဟုတ်လို့ ... အမွှေးတိုင်လည်း ထွန်းမထားမိဘူး။ (တာရာမင်းဝေ)