ှဧရာဝတီ၊ စေတီနဲ့ ဌာနီ

မကြာခဏ ဆိုသလို မကွေးတိုင်း ၊ မကွေးမြို့ပေါ် ရောက်ဖြစ်နေတော့ ရောက်တိုင်း တွေးမိ မြင်မိတာလေးတွေ ရှိတာပေါ့။
အဲ့ဒီထဲက ပြောချင်တာ တချိ ု့နဲ့ ပြချင်တာလေးတချိ ု့ကို အခု ရတတ်သလောက် ပြလိုက်ပါတယ်။

 

 

 

၁။ စေတီအမွန် မြသလွန်ဆီသို့ အဝင်လမ်း။


 

 

၂။ ဘာသာရေး အဆောက်အဦတွေထဲက တိုင်လုံးကြီးတွေလိုသာ…

ဖြောင့်မတ် တည်ငြိမ်စွာ ထို့အပြင် ငြိမ်းချမ်းစွာ… အတူတကွ ရပ်တည်နိုင်စွမ်း ရှိကြလျှင် …..ကိုယ်စီ သွားရာလမ်းဟာ ဘာသာရေးနယ်ပယ်ပြင်ပက နိဗ္ဗာန်ဆီကို ရောက်လိမ့်မယ်လို့ ဆိုချင်တာ…


 

၃။ သူတို့လေးတွေဟာ ဘီလူးရုပ်တုကို နှိပ်နယ် ပေးရင် ကိုယ့်ခန္ဓာရဲ့ ရောဂါ ဝေဒနာတွေကို ကာကွယ် တားဆီးနိုင်လိမ့်မယ် ဆိုတဲ့ ယုံကြည်ချက်ကလေးနဲ့။ ဘယ်သူကများ စတင်လိုက်တဲ့ အယူဝါဒ ကိုးကွယ် ယုံကြည်မှုပါလိမ့်။ မဖြစ်နိုင်တဲ့ (အကျိုးမရှိတဲ့) လုပ်ဆောင်မှု တစ်ခု ဖြစ်နေမယ် ဆိုရင်ကော… ရှေးရိုးစွဲ အစဉ်အလာတွေထဲက လွတ်မြောက်သွားနိုင်ဖို့  အဲ့ဒီလို လုပ်ရမယ်ရယ်လို့ ပြောတဲ့သူက တာဝန်ယူခဲ့သလား။


 

 

 

၄။ ဟိုဘက်ကမ်းကို ရောက်ချင်လို့တဲ့….

ဒီဘက်ကမ်းမှာ ဇော်ထိုးမိုးမျှော် ဖြစ်တဲ့အထိ ဦးခိုက် ဆုတောင်းကြလေရဲ့….

ဟိုမှာဘက်ကမ်းကိုလည်း မျှော်ကာ မှန်းကြတာ သွေးရူးသွေးတန်း။

တကယ် ကူးခတ်သွားနေသူရယ်လို့တော့ မတွေ့ခဲ့။


 

 

 

၅။ စေတီအမွန် မြသလွန်


 

မျှော်ရည်မှန်းဆမိပါရဲ့….

ဟိုတစ်ဘက်ကမ်းမှာ ဘာလဲ ဘယ်လဲရယ်လို့….

မြစ်တော့ ရှိပါရဲ့….

ဟိုမှာ…တစ်ဖက်ကမ်းလည်းရှိပါရဲ့….

ဒါပေမဲ့…. ကူးခတ်သွားလာမှု နည်းပါးနေတဲ့အခါ….

သောင်ခုံသွယ်တန်းတွေဟာ ဟိုဘက်ကမ်းကို

ဘယ်လိုနည်းနဲ့ ကူးဖို့ ကြံစည်နေကြတဲ့ သင်္ကေတပါလဲ….


 

 

 

၇။ စိတ်ကူး အမြင်နဲ့ အနီးကပ် ဆွဲယူ ကြည့်လိုက်တော့လည်း

ဟိုတစ်ဖက်ကမ်းဟာ…. နီးလိုက်တာ။

ကိုယ်တိုင်ကိုယ်ကျ လက်ပစ်ကူးဖို့သာ ခွန်အားနဲ့ သက်လုံ ကောင်းဖို့ လိုနေတာ။

 


 

 

၈။ ကောင်းကင်ဟာ အပြာကို ပေးနေပေမဲ့….

စင်ကြယ်ဖို့ လိုနေသေးတဲ့ ရေပြင်ဟာ… ကြည်မြတဲ့ အပြာကို

လှမ်း မယူဝံ့သလိုမျိုး….

—————————————————————————-

 

 

၉။ ဒီမြစ်ရဲ့ ဟိုတစ်ဖက်ကမ်းကို ကူးခတ်သွားဖို့ရာက ပင်ပန်းပါလိမ့်မယ်လေ။

မြစ်- ဒီဘက်ကမ်းရဲ့ အသုံးဝင်မှု အချို့ အချို့ဟာလည်း ဟောဒီ မြစ်ပိုင်ရှင် မြို့သားတွေအတွက် စိတ်ဝင်စားစရာ ကောင်းနေသားပဲ။


၁၀

 

 

၁၀။ ကမ်း ကပ်ထားရတာက ကမ်းတစ်ဖက်ကို ကူးခတ်သွားနေရတာလောက် မပင်ပန်းဘူးလို့ ကိုယ်လည်း ထင်ပါတယ်။

ဟိုဘက်ကမ်းဟာ ဘယ်လိုပါလိမ့်ဆိုတဲ့ အတွေးနဲ့ ငေးရီမှန်းဆ အားကျမိရုံမျှ…..

—————————————————————————-

 

၁၁

 

 

 

၁၁။ မြစ်ကို လက်ပစ်ကူးရင် ရောက်သွားမယ့်အခါမှာ….

မြင်လိုက်ရမယ့် ဟိုဘက်ကမ်းနဲ့….

အလွယ်တကူ လျှောက်လှမ်း ကူးဖြတ်သွားလို့မှ တံတားအဆင်းရဲ့ ဟိုဘက်ကမ်းဟာ….

အဓိပ္ပာယ် တူမလား… မတူဘူးလား….

ဒါ… မှန်းဆကြည့်ရုံနဲ့ သေချာတပ်အပ် သိနိုင်သလား မသိနိုင်ဘူးလား….

 


 

သင့်အေးရိပ်

 

 

 

 

 

 

 

 

 

 

16 comments

  • ko six

    August 21, 2017 at 12:40 am

    မြစ်ကို လက်ပစ်ကူးတာနဲ့
    မြစ်ပေါ်က ဖြတ်သွားတာ
    အဓိပ္ပာယ်က တူတယ်ဗျ။
    အနက်တာ ကွဲသွားတာမဟုတ်လား

    • သင့်အေးရိပ်

      August 21, 2017 at 9:05 am

      အားထုတ်မှုအပိုင်းမှာ ကွာတယ်နော်။ တံတားပေါ်ကနေ ကားလေးနဲ့ ရွှတ်ခနဲ ဖြတ်ကူးသွားတဲ့သူ တန်ဖိုးထားတဲ့ ခံစားမှုနဲ့
      ခက်ခက်ခဲခဲ အားထုတ်ပြီး လက်ပစ်ကူးခဲ့သူရဲ့ တန်ဖိုးထားမှု ခံစားမှု
      အဲ့ဒါ ကွာမယ်ထင်တယ်။
      တောင်ပေါ်ကို ကားနဲ့ တက်သွားတဲ့သူထက် ခြေလျင် တက်နိုင်ခဲ့သူက ပိုနက်နက်နဲနဲ ခံစားမိသလိုမျိုးထင်ရဲ့။
      ငါ လုပ်နိုင်ခဲ့ပြီ ဆိုတဲ့ ခံစားချက်ပေါ့လေ။

      ဒါနဲ့ အနက် ဆိုတဲ့စကားဟာ အဓိပ္ပာယ် ဆိုတဲ့ သဘောကို ပြောတာလား
      အနက်ရောင်ဆိုတဲ့သဘောလား
      အတိမ်အနက်လား
      ဘာလား
      မြန်မာစကားလုံးသစ်တွေ ထွင်ကြဖို့ အချိန်တန်ပြီထင့်။
      အခုကိုပဲ အဓိပ္ပာယ် ၃မျိုးလောက်ကို စကားလုံးတစ်လုံးထဲနဲ့ မျှ သုံးနေကြရ
      :k:

      • ko six

        August 21, 2017 at 6:55 pm

        အနက်ကိစ္စက ရှည်ရှည်ဝေးဝေး မဟုတ်ရပါဘူးဗျာ။
        ဆရာသင့် ဆိုလိုတာကို ရေမကူးတတ်သူက ဘယ်လိုခံစား အဖြေရှာပေးနိုင်လေမလဲလို့ သိချင်မိတာကတော့ အမှန်။
        မြန်မာစာမှာ သင်ခဲ့ရဖူးပါတယ်။
        အနက်အဓိပ္ပာယ်အရတို့
        ဖွဲ့စည်းတည်ဆောက်ပုံအရတို့ ဆိုတာတွေလေ။
        ဖွဲ့စည်းတည်ဆောက်ဆိုတာ အော်ရီဂျင်နယ်မှ မဟုတ်တာ။
        အနက်အဓိပ္ပာယ်အရဆိုတာက အော်ရီဂျင်နယ်လေဗျာ။
        ဆိုတော့ကာ
        အော်ရီဂျင်နယ်ဆိုတာ ဘာမှ ပင်လယ်ကို လက်ချည်းသက်သက်နဲ့ ကူးခတ်သွားတာမဟုတ်လား။
        ရှင်းပါတယ်ဗျာ။
        value = hard work + quality
        တန်ဖိုး ဆိုတာက ကြိုးစားအားထုတ်မှုနှင့် အရည်အသွေးတို့ကို ခေါ်တာမဟုတ်လား။
        စက်နဲ့ထုတ်လုပ်တာနဲ့ လက်မှုပညာနဲ့ထုတ်လုပ်တာ ကွာခြားသွားလိုမျိုးပါ။
        ရှည်ရှည်ဝေးဝေးမပြောလို့သာပဲ။
        အဟဲ။

  • Shar Thet Man

    August 21, 2017 at 5:44 pm

    မကွေးမြသလွန်ဘုရားကိုဘယ်လိုဖူးချင်မှန်းမသိ၊ မုံရွာက ဘုရားတွေကိုလည်းဖူးချင်နေခဲ့တာ ခုဆိုလည်းမုံရွာကဘုရားတွေကိုမကြာခင်ဖူးခွင့်ရတော့မယ်

    • သင့်အေးရိပ်

      August 21, 2017 at 7:31 pm

      မိုးမရွာတဲ့ ညနေခင်းတွေဆို မြသလွန် ရင်ပြင်ပေါ် ထိုင်ပြီး ဘေးက ဧရာဝတီကို ငေးရတာ
      အရမ်းကောင်းတယ် မွန်လေးရေ
      သွားဖို့ အားပေးပါတယ်

  • အတွေးလေး

    August 22, 2017 at 7:14 am

    ကဗျာတစ်ပုဒ်ကိုဓာတ်ပုံတွေနဲ့အတူမြင်ရသလိုပဲ ရသနှစ်မျိုးရလိုက်တယ်

    • သင့်အေးရိပ်

      August 22, 2017 at 12:11 pm

      ဟုတ်တယ် သယ်ရင်း
      ညနေခင်းနဲ့ မနက်အစောစော အချိန်တွေဆို ပို ဂွတ်တယ်

  • ဂျစ်စူ

    August 25, 2017 at 2:33 pm

    အိုး….
    ဘလိုသောက်သောက် မူး ရင်ပြီ း တာ ဘဲ

    • သင့်အေးရိပ်

      August 25, 2017 at 3:29 pm

      မူးဖို့သပ်သပ်ဆို ပိုက်ပိုက် အကုန်ခံပြီး သောက်မနေပါနဲ့
      ဂျွမ်းထိုး တိုင်ပတ် စသည်ဖြင့် လုပ်နေပါလေ
      :k:

  • •*¨နန်းတော်ရာသူ •*¨

    August 30, 2017 at 10:42 am

    ပြည်တို့ မကွေးတို့ မရောက်ဖူးသေး တစ်ခါတစ်ခေါက်တော့ ရောက်ချင်သေး

    • သင့်အေးရိပ်

      September 6, 2017 at 1:10 pm

      စိမ်းစိမ်းစိုစို ရှိသေးတဲ့ဒေသ=မကွေး
      တောင်ကုန်းလေးတွေရယ် ဧရာဝတီရယ်နဲ့ လည်ပတ်ချင်စရာတော့ ကောင်းပါတယ်လေ

      ပြည် ရွှေဘုံသာမုနိနဲ့ သရေခေတ္တရာ မြို့ဟောင်းကိုတော့ ထပ် သွားချင်သေးတယ်

  • manawphyulay

    September 6, 2017 at 5:01 pm

    မကွေး မြို့အစွန် မြသလွန်ကို အတူတူဖူးခဲ့တာတွေ…. သီချင်းစာသားလေးနဲ့အတူ ထပ်မံရောရ်ရှိသွားသလို ခံစားမိပါတယ်။

    • သင့်အေးရိပ်

      September 6, 2017 at 7:51 pm

      မြသလွန် ရင်ပြင်ပေါ် ရောက်တိုင်း
      အဲ့သီချင်း စာသားက အတွေးထဲ ေွှာက်လာတတ်တယ်။
      😆
      အင်းလေးရောက်ရင် အင်းလေးမှာ ရွာတဲ့မိုး သီချင်းကို သတိရသလိုမျိုး

Leave a Reply