ဘီပိုးကို နိုင်တဲ့ဆေး

etoneSeptember 3, 20101min1439
Aristolochia indica

အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည
ဣဿရီ တဲ့။
ရှမ်းဘာသာကတော့ ဝမ်လီနုတ်ယုံး *(၀၊ခေ်လီခေူဂ့်ယုင်း*) လို့ခေါ်ပြီး
တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ
အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အဝါ၊ အစိမ်း၊ ခရမ်းရောင်
အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။
အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ
အနည်းငယ်ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။

ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန ္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့်
သိရခြင်းပါ။ သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး
ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ
ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။
စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေတစ်ယောက်က ဣဿရမူလီ ကို
သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက်
ငါးရွက်လောက် ဝါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ
အသားအရည်တွေ ဝင်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို
ဆေးစစ်သွားတော့
ဟိုကဆရာဝန်တွေက အံ့ဩစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊
ဘာဆေးတွေ သုံးကြောင်း မေးလာတော့
သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။ အခု
သူကျန်းကျန်းမာမာပါပဲ။

*ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ဝါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။
(၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။
(၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။

ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက်
တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။

*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ်
ကုသိုလ်ယူကြပါရန် . . . . *

မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စဝ်ဆုခမ်း (တန့်ယန်း)

မှတ်ချက်။  ။ အယ်ဒီတာမှ ဓါတ်ပုံထည့်ပေးထားပါသည်။

9 comments

  • Cherry Phyu

    September 3, 2010 at 6:29 am

    ဣဿရမူလီရွက်ကို ဘယ်မှာရနိုင်ပါသလဲရှင် …… ကျွန်မရဲ့အမတယောက် ဘီပိုးရှိနေလို့ပါ….. ဒီဆေးနည်းကိုတွေ့တော့ ကျွန်မတော်တော်ဝမ်းသာသွားပါတယ် …… မန်းလေးက မနန်းမွေဖေါင်ဆီမှာရနိုင်မယ်ဆိုရင် ကျွန်မသူနဲ့ဆက်သွယ်ချင်ပါတယ်.. ကျေးဇူးပြုပြီး သူ့ကိုဆက်သွယ်လို့ရနိုင်မဲ့ ဖုန်းနံပါတ်များရနိုင်မလားရှင် …

  • thidar

    September 3, 2010 at 7:31 am

    ကျေးဇူးတင်ပါတယ် အခုလို လက်ဆင့်ကမ်းရေးပေးတာ အရွပ်ပုံလေးပါ ဓါတ်ပုံလေးရှီရင်ကောင်းမယ်နော်

  • UMT

    September 3, 2010 at 1:01 pm

    ကောင်းလိုက်တဲ့ဆေးနည်းကောင်လေးဖြစ်ပါတယ်။အပေါ်က ချယ်ရီဖြူလိုပါပဲဆက်သွယ်ရမည်လိပ်စာ(သို)မဟုတ်ဓာတ်ပုံပါရင်ကောင်းမယ်လိုထင်ပါသည်။

  • yokesoelay

    September 3, 2010 at 9:51 pm

    အိမ်တိုင်ယာရောက်ပို့ပေးတာအကောင်းဆုံးပါပဲ..

  • kai

    September 3, 2010 at 11:01 pm

    ဆေးဖက်ဝင်တာတော့ ရေးပါတယ်..။ အရေးလွန်တော့ လိုတရပျောက်စေဆေးကျနေတာပဲ..။

    http://www.pharmainfo.net/reviews/phyllanthus-niruri

    1.Hepatitis B is one of the major diseases inflicting human population. Conventional treatment with interferon – alpha is very expensive and has many serious side effects. Alternative herbal medicine using extracts of Phyllanthus niruri and Phyllanthus urinaria have been reported to be effective against Hepatitis B and other viral infections. A study reports quantitative determination of the anti viral effect of these herbs in well-defined in vitro systems.

    http://en.wikipedia.org/wiki/Aristolochia_indica

    Common name: Indian birthwort, हुक्का बेल Hooka-bel (Hindi), Isvaberusa (Kannada), Isvaramuli (Tamil), Esvaraveru (Telugu), Arkmula (Gujarati), Sampsun (Marathi), Garudakkoti (Malayalam)
    Botanical name: Aristolochia indica Family: Aristolochiaceae (birthwort family)
    Aristolochia indica is a native of India and Eastward. The Aristolochiales are a group of flowering plants that have attractive leaves and flowers, often with bizarre colors or patterns, and so they are cultivated in gardens. Some oddly shaped flowers have been given names like “bird’s head” and “Dutchman’s pipe”. In this genus, the sepals are united into a long curving tube which completely surrounds the reproductive structures. Often this tube is mottled or dark-colored, producing a pungent odor that attracts pollinating flies. In addition to the foul-smelling species of Aristolochia that attract flies to pollinate them, other species are important for the survival of butterflies. There has been concern in India that since Aristolochia indica has become endangered, the swallowtail butterfly Tros aristolochae may also be endangered. This butterfly will only lay its eggs on Aristolochia vines, and its caterpillars make defensive use of the toxic chemicals they ingest. In fact most swallowtail caterpillars in the tribe Troidini feed on Aristolochiales foliage.
    Photographed in Lonavala, Maharashtra.
    Identification credit: Pravin Kawale

  • search123

    September 4, 2010 at 9:00 am

    August လထုတ် သူရဇ္ဖ Magazine မှာ…စောငုဝါ(ပျဉ်းမနား) က ဣဿရမူလီ အပင်အကြောင်းရေးထားတာ ရှိတယ်။
    အသည်းကင်ဆာတောင် ပျောက်တယ်လို့ပြောပါတယ်။
    အပင်လည်းသူ့ဆီ မှာရှိတယ်လို့ရေးထားတာတွေ့ရပါတယ်။

  • Khin Thida Soe

    September 4, 2010 at 9:15 am

    အခုခေတ် ဘီ ပိုး ဆိုတာ ကြောက်စရာ မကောင်းတော့ပါဘူး
    ဒါပေမယ့် ကျေးဇူးတင်ပါတယ်

    အသည်းခြောက်တာ ကို လုံးဝ လုံးဝ ပျောက်တဲ့ဆေးများရှိရင်တော့ပြောပြပေးကြပါ…….

  • ရွှေထား

    September 5, 2010 at 8:59 am

    အဲ့အပင်ကို ရန်ကုန်မှာ စိုက်လို့ရလား.. အရွက်ကော ရန်ကုန်မှာရှာလို့ရနိုင်လား.. သိချင်လို့ပါ

Leave a Reply