ကိုယ့်လိပ်ပြာကိုယ်သန့်ရင်အေးဆေးပဲ

Mon LayAugust 25, 20171min1472

ကျွန်မ
ကလေးဆန်..တဲ့
အတွေးတွေ..ရှိချင်ရှိနေမိမယ်☺☺

ကျွန်မ
ကလိမ်ကကျစ်..ဆန်တဲ့
ယုတ်မာတဲ့..အတွေးမျိုးတော့
မရှိဘူး😣😣

ကျွန်မ
စပ်စုတတ်တဲ့
စကားမျိုးတော့..ဆိုချင်ဆို
မေးချင်မေး…နေမိမယ်😉😉

ကျွန်မ
လှည့်ဖျားတတ်တဲ့
မာယာများတဲ့…စကားမျိုးတော့
မဆိုတတ်ဘူး😃😃

ကျွန်မ
သံသယကြီး…တတ်တဲ့
စိတ်ထားမျိုးတော့
ရှိချင်ရှိ…နေမိမယ်😒😒

ကျွန်မ
သစ္စာမဲ့တဲ့
လုပ်ရပ်မျိုး…တော့
မလုပ်နေ..တတ်ဘူး😄😄

ကျွန်မ
စိတ်ကောက်နေ..မိတတ်တဲ့
အချိန်အခါမျိုးတော့..ရှိချင်ရှိမယ်😌😌

ကျွန်မ
မရိုးသားတဲ့
စိတ်သဘောထား..မျိုးတော့
မပိုင်ဆိုင်..ထားဘူး😀😀

ကျွန်မ
မျက်ရည်ကျ..တတ်တဲ့
အချိန်အခါ…မျိုးတော့
ရှိနေတတ်..တယ်😔😔

ကျွန်မ
ကလဲ့စားချေတဲ့
အပြုအမူမျိုး…တော့
မလုပ်ဆောင်…တတ်ဘူး😊😊

Credit

ဒီစာလေးကိုဖတ်ကြည့်တော့မှ.. ကိုယ်နဲ့တိုက်ဆိုင်မှုတွေရှိပါလားလို့တွေးမိတယ်..ကိုယ့်အပေါ်မကောင်းမြင်တာရှိမယ် အကောင်းမြင်တာရှိတယ် ကိုယ့်ဘက်ကစေတနာသန့်သန့်နဲ့ လိပ်ပြာသန့်နေရင် နေရမှာကော သေရမှာပါအေးဆေးပဲ ဘယ်သူမှဂရုစိုက်စရာမလိုဘူး

ငါသာသည် ငါ့ရဲ့အရှင်ပဲ

2 comments

  • သင့်အေးရိပ်

    August 25, 2017 at 9:14 pm

    ကျွန်မ
    မျက်ရည်ကျ..တတ်တဲ့
    အချိန်အခါ…မျိုးတော့
    ရှိနေတတ်..တယ်

    ကျွန်မ
    ကလဲ့စားချေတဲ့
    အပြုအမူမျိုး…တော့
    မလုပ်ဆောင်…တတ်ဘူး

    ဆိုလို့…..
    ပြောပါအုန်းမယ်။

    ကိုယ့်ကို မျက်ရည်နဲ့မျက်ခွက် ဖြစ်အောင် လုပ်မှတော့….
    လုပ်တဲ့သူကို တန်ရာတန်ကြေးလေးတော့ ကလဲ့စားချေပေးရမှာပေါ့။
    ဘယ့်နှယ်….သူနဲ့ ထိုက်တန်တဲ့ တုန့်ပြန်မှုမှ ကိုယ်က ပြန် မပေးလိုက်ရင်
    သူ့လုပ်ရပ်က မှန်တယ် ထင်တာတို့
    ကြောလိုက်ရတာကို ကျေနပ် ဂုဏ်ယူနေတာတို့ ….
    သူ့ဘာသာ ကျေနပ်ပြီး အကျင့်ကြီးပါ…..
    ကိုယ့်လို မေတ္တာတရားကြီးမားတဲ့ တခြားသူတွေကိုပါ ထပ် အနိုင်ကျင့်နေပါအုန်းမယ်။

    ကိုယ်သာဆိုရင်တော့ မရပါဘူး။
    ထို်က်တန်တဲ့ လက်စားချေမှုလေးနဲ့တော့ ပညာ ပြန်ပေးမှာပဲ
    :k:

Leave a Reply