သက်ငယ်

Mon LayAugust 29, 20171min1775

အသက်(၁၀)နှစ် မပြည့်သေး သည့် ကလေးငယ်  (ယောကျာ်းလေး)ကို အိမ်အကူက အတင်းအကျပ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုလုပ်သည့်ဖြစ်ရပ် တစ်ခု ရန်ကုန်မြို့တွင် မကြာမီကဖြစ်ပွားခဲ့သည်။ ယင်းဖြစ်ရပ်က  သားယောက်ျားလေး မွေးဖွားသည့် မိခင်များကို စိုးရိမ်ပူပန်စိတ် တိုးလာစေသည်။

ယောက်ျားလေးဆိုတာက ‘ထောင်အပြင် တန်းမရှိဘူး။  ဒေါင် ကျကျ ပြားကျကျ လွှတ်ထားရုံပဲ’ စသဖြင့် ယခင်ခေတ်ကာလက ထားရှိခဲ့သည့် မြန်မာစကားပုံ အချို့သည် ယခုခေတ်ကာလတွင် အံမဝင်တော့ပေ။ တစ်နေ့တခြား စာရိတ္တယိုယွင်းပျက်စီးလာသည့် လူမှုခေတ်ပျက်ကြီးထဲတွင် ယောက်ျားလေး၊ မိန်းကလေး မရွေးဘဲ ကလေးသူငယ်လိင်အ စော်ကားခံရမှုတွေ ဖြစ်နိုင်သည်။

‘‘သားယောက်ျားလေး မွေး ထားတာပဲ။ စိတ်ပူစရာမရှိဘူးဆို တဲ့ခေတ်က ကုန်သွားပြီ။ သမီး မိန်းကလေးမှ မုဒိမ်းမှုရှိတာ မဟုတ်ဘူး။ သားယောက်ျားလေး လည်း အနိုင်ကျင့်ခံရနိုင်တာပဲ လေ’’ဟု ကြည့်မြင်တိုင်မြို့နယ်နေ အသက် (၄)နှစ်အရွယ် သားတစ် ဦး၏ မိခင် မချိုလွင်က ဆိုသည်။

ကလေးသူငယ် လိင်အစော် ကားခံရမှုတွင် ယောက်ျားလေး၊ မိန်းကလေး  မရွေးကြောင်း၊ ယောက်ျားလေးဆိုလျှင် မြန်မာ မိဘများက စိတ်ချလက်ချလွှတ် ထားတတ်တာကြောင့် ပိုပြီးအန္တ ရာယ်များပါသေးကြောင်း  လူမှု ပရဟိတလုပ်ငန်းများ လုပ်ကိုင် သူ မြင့်မိုရ်မေတ္တာဂေဟာတည် ထောင်၍ လိင်မှုရေးရာပညာပေး နှင့် Single Mother များကို ကလေးမွေးနိုင်ရန် ကူညီသူ ကိုစိုး ထိုက် (ဖဒို)က လူမှုကွန်ရက်စာ မျက်နှာတွင် မိဘများ သတိပြုနိုင် စေရန် ရေးသားထားသည်။

မိသားစုစားဝတ်နေရေးအ တွက် ဖခင်နှင့် တန်းတူရုန်းကန်လှုပ်ရှားနေရသည့် မိခင်များသည် မိမိရင်သွေးအတွက် နွေးထွေးလုံခြုံသည့် စောင့်ရှောက်မှုကို အပြည့်အဝမပေးနိုင်ပေ။ ယင်းအခြေအနေတွင် အိမ်၌ မိမိရင်သွေး သူစိမ်းတစ်ရံ (အိမ်အကူ) လက်ထဲတွင်ထားခဲ့ရသည့် အခြေအနေတွင် လည်း ရှိနိုင်သည်။

အိမ်အကူများထဲတွင် မိသား စုကဲ့သို့ နေထိုင်လုပ်ကိုင်ပေးသူ များရှိနိုင်သော်လည်း အချို့အိမ် အကူများ၏ စာရိတ္တသည်ကြောက်စရာကောင်းလှသည်။ ၎င်းတို့၏ လိင်စိတ်ဆန္ဒအတွက် အရွယ်မရောက်သေးသည့် ကလေးကို အသုံးချပြီး ခိုင်းစေကြသည်။၎င်းတို့၏ ရင်သား (သို့မဟုတ်) လိင် အင်္ဂါကို ကိုင်တွယ်ခိုင်းခြင်း၊ ကလေးငယ်၏ လိင်အင်္ဂါကို ကိုင် တွယ်စုပ်ယူခြင်း စသဖြင့် လိင်ပိုင်း ဆိုင်ရာစော်ကားသည့် အပြုအမူများ ကျူးလွန်ကြသည်။

တစ်အိမ်တည်းနေသည့် ဦးလေး (သို့မဟုတ်) ဆွေမျိုးရင်း ချာ၏ နှစ်ပေါင်းများစွာ လိင်အ စော်ကားခံရသည့် ကလေးတွေ၊ တစ်အိမ်တည်းနေသည့် အိမ်အ ကူ (သို့မဟုတ်) အလုပ်သမား တစ်ဦးဦး၏ နှစ်ပေါင်းများစွာ လိင်အာသာအဖြေခံရသည့် သားငယ်လေးတွေ အများကြီးရှိတာ ကြောင့် မိမိရင်သွေးကို ယောက်ျားလေးပဲဆိုပြီး လွှတ်မထားကြရန် ကိုစိုးထိုက် (ဖဒို)က သတိပေး ထားသည်။

‘‘လိင်ပညာပေးအနေနဲ့ သားကို သင်ထားတယ်။ သူ့လိင်အင်္ဂါ ကို ဘယ်သူ့ကိုမှ မကိုင်ခိုင်းဘူး။ သေးပေါက်ပြီးရင် လိင်ထိပ်ကို ဘယ်လိုဆေးရတာကအစ ပြော ပြထားတယ်။ ကျောင်းမှာဆိုရင် ကလေးတွေက စနောက်ပြီး တစ် ယောက်နဲ့တစ်ယောက် ဖင်ကုန်း ပြကြတယ်။ ဖင်ကုန်းပြီး စနေတဲ့ ကလေးနောက်ကို နောက်ကလေးတစ်ယောက်က သူ့လိင်အင်္ဂါနဲ့ သွားထိတာတို့ လုပ်တယ်လို့ သား က အမေကို ပြောပြတယ်။ အဲဒီ လိုလုပ်ရင် အခြောက်ဖြစ်တတ် တယ် စသဖြင့် ကလေးကို ဆုံးမ ပြောပြရတယ်’’ဟု သုံးတန်း ကျောင်းသားတစ်ဦး၏ မိခင် မအိ က ဆိုသည်။

လိင်ပညာပေးကို ရှက်စရာအဖြစ် ဖုံးကွယ်ထားကြသည့် မြန်မာနိုင်ငံတွင် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ကို တစ်အိမ်တည်းနေသူများက လွယ်ကူစွာ ကျူးလွန်နေကြခြင်း ကြောင့် မိမိရင်သွေးအား လိင် ပညာပေးခြင်းကို မိဘတိုင်းက မဖြစ်မနေလုပ်ဆောင်ရန် လိုအပ် သည်။

‘‘သက်ငယ်မုဒိမ်းမှုက လက် ရှိ ကျွန်တော်တို့နိုင်ငံမှာ အင်မတန် မှကို အတွေ့ရများတဲ့ပြဿနာ တစ်ရပ်ဖြစ်ပါတယ်။ ဆင်းရဲပြီး ပညာမတတ်၊ လူနေမှုအဆင့်အ တန်းနိမ့်ကျတဲ့ အသိုင်းအဝိုင်းမှာ ဒီပြဿနာတွေ ဖြစ်နိုင်ခြေပိုများ ပေမယ့် ဘယ်ကလေးမဆို ကြုံ တွေ့ရနိုင်တယ်။ ဒါကြောင့် ကလေးတွေကို လိင်ပညာပေးနဲ့ ပတ်သက်ပြီး သင်ထားပေးဖို့လို အပ်တယ်’’ဟု သက်ငယ်မုဒိမ်းမှု အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဒေါက်တာဖြိုး သီဟက ဆိုသည်။

ဒေါက်တာဖြိုးသီဟက မိဘ များအနေဖြင့် မိမိရင်သွေးအား လိင်ပညာပေးနှင့်ပတ်သက်ပြီး သင်ထားပေးရန်လိုအပ်သည့် အ ခြေအနေများကို ယခုလို ရှင်းပြ သည်။ ကလေး၏ ရင်သား၊ တင်ပါးနှင့် လိင်အင်္ဂါ စသည့်ခန္ဓာကိုယ်အစိတ်အပိုင်းများသည် သီးသန့် ဆန်တာကြောင့် ယင်းနေရာတွေ ကို မိဘကလွဲပြီး မည်သူမျှ ကိုင်တွယ်ရန်မသင့်ကြောင်း၊ ယင်းနေ ရာတွေကို အဝတ်မပါဘဲ မည် သည့်သူစိမ်းတစ်ဦးက မမြင်သင့်ကြောင်းနှင့် ကလေးတွေ၏ ခန္ဓာ ကိုယ်အစိတ်အပိုင်းများကို မည်သူကမျှ ဓာတ်ပုံရိုက်ခွင့်မရှိကြောင်း ကလေးအား ပြောပြထားရန်လို အပ်သည်။

မူမမှန်သည့် အခြေအနေ များ ကြုံတွေ့ပါက မိဘကို လျှို့ ဝှက်မထားဘဲ ပြောပြရန်နှင့် ဖြစ် သမျှအကြောင်း အကုန်အစင် ပြောပြခြင်းကသာ ကလေးများ ဘေးကင်းစေမည်ဖြစ် ကြောင်း မိမိရင်သွေးအား အသိ ပေးထားရန် လိုအပ်သည်ဟု ဒေါက်တာဖြိုးသီဟက ဆိုသည်။

အမေရိကန်နိုင်ငံတွင် ပြု လုပ်သည့် စစ်တမ်းအရ ကလေးသူငယ်အဓမ္မပြုကျင့်မှုများတွင် သူစိမ်းပြုကျင့်သည်က ရ ရာခိုင်နှုန်းသာရှိပြီး ကျန် ၉၃ ရာခိုင်နှုန်း မှာ ရင်းနှီးသူများ၏ ပြုကျင့်ခြင်းကို ခံခဲ့ကြရကြောင်း ဆိုသည်။ သက်ငယ်မုဒိမ်းဖြစ်ပွားမှုများနေသည့် မြန်မာနိုင်ငံတွင်လည်း မိဘများမှမိမိရင်သွေးများ၏ လက်တစ်ကမ်းအကွာတွင်ရှိသည့် အန္တရာယ်များ ကို အထူးဂရုပြုသတိထားရန် လိုအပ်သည်။

 

ဒါကတော့ 7 days news မှာဖတ်လိုက်ရတဲ့ဆောင်းပါးလေးပါ.. အိမ်အကူမိန်းကလေးတွေလည်း တော်တော်လက်ရဲလာတာတွေ့ရပါတယ်။ အိမ်ရှင်တွေမကောင်းတာတွေရှိသလို၊ အိမ်အကူမိန်းကလေးတွေလည်း မကောင်းကြပါဘူး။ အဓိကကတော စာရေးသူရေးတဲ့အတိုင်းပါပဲ..မိဘတွေ ကကိုယ့်ကလေးငယ်တွေကို အထူးသဖြင့်ယောကျာ်းလေးတွေဆိုပြီး တစ်ဦးတည်းသီးသန့်အိမ်မှာ ချန်ထားခဲ့တို့

မလုပ်သင့်တော့ပါ။ အိမ်ကကောင်မလေးရှိတာပဲဆိုပြီး လက်လွတ်စပယ်လည်း မထားခဲ့သင့်တော့ပါ။ မိန်းကလေးဆိုဆိုဖွယ်ရာမရှိ။ ခေတ်ကလည်းဆိုက်ကပ်လာပြီဖြစ်လို့ အသက်ကြီးကြီးငယ်ငယ် ဂရုတစိုက်နေမှသာတော်ခါကြမယ်ဖြင့်။

5 comments

  • သင့်အေးရိပ်

    August 29, 2017 at 3:59 pm

    အနော်တို့လို ယွကျားလေးတွေ အစော်ကားခံရရင်
    အနော်တို့ဘက်က လိုက် ပေးမယ့် ”အမျိ ုးသားရေးရာ”ဌာနတစ်ခုတော့ ဖွင့်သင့်ပြီ
    :k:

  • •*¨နန်းတော်ရာသူ •*¨

    August 30, 2017 at 10:34 am

    မြန်မာမိန်းကလေးတွေမှာ ထိင်စိတ်ပြင်းထန်မှု အားနည်းတယ်ထင်မိလို့ ဒီနိုင်ငံအနေနဲ့ယာက်ကျာ်းလေးနဲ့မိန်းကလေးကိုစိုးရိမ်ဖို့သိပ်မလိုပါ။
    ယောကျျားခြင်းတော့ ဘုးန်းကြီးကျောင်းမှာပင် ဂရုပြုဖို့လိုပါသည်။

  • ကထူးဆန်း

    August 30, 2017 at 4:18 pm

    လိင်ပညာပေး ဆိုတာတော့ ကေ ျာင်းတွေမှာသင် သင့်တာတော့ အမှန်ဘဲ ။
    သို့သော် ယခင် ကကော မရှိဘူးလားဆိုတော့ ရှိတာပါဘဲ ..ခုလို မပွင့်လင်းတာ .. သတင်းမလျင်မြန်တာကြောင့်သာပါ ..လူဦးရေများလာတော့လဲ ပြသနာပိုများလာတယ် လို့ထင်လာရတယ်ထင်ပါတယ် ။။
    ငယ်ငယ်က နိုင်ငံကေ ျာ် GAY ဆရာတစ်ယောက် အနား မထိုင်ရဲကြလို့ သူနဲ့ ဝေးရာ နေရာလုထိုင်ခဲ့ ကြရတာ … 🙂 🙂 🙂

  • ko six

    September 4, 2017 at 12:46 am

    စဉ်းစားစရာ

  • Shar Thet Man

    September 21, 2017 at 10:26 am

    လိင်ပညာပေးကို ကျောင်းတွေမှာတည်းကပွင့်ပွင့်လင်းလင်းသင်ပေးသင့်တယ်ထင်တယ်..ဒါမှ ရှောင်သင့်တာလည်းရှောင်ပြီး ဘေးကင်းမယ်ထင်ပါတယ်

Leave a Reply