မောင်ရိုး ဟုခေါ်သည် (သို့) surmi နောက်ကြောင်းပြန်

ေမာင္ရိုးAugust 29, 20171min33014

 

** မောင်ရိုးဟုခေါ်သည် (သို့) surmi နောက်ကြောင်းပြန် **

တစ်ခါက ဆာမိ ဟူသောဇတ်ကောင်တစ်ဦးကိုဖန်တီးခဲ့ဖူးပါသည် ။
ဆာမိသည် ကိုယ်တိုင်လည်းဖြစ်သည့်အခါဖြစ်၍ တခါတရံတွင် ပတ်ဝန်းကျင်မှသိကျွမ်းရင်းနှီးခဲ့ဖူးသူ ဖြစ်နေတတ်ပါသည် ။
တကယ်တော့ ဆာမိအစစ်သည်ကား ကျနော်နှင့်ဘဝတစ်ကွေ့တွင်ကြုံဆုံခဲ့ဖူးသော အငြိမ့်လူရွှင်တော်တစ်ယောက်သာလျှင်ဖြစ်လေသည် ။
သူသည် ထေ့တတ်သည် ။သရော်တတ်သည် ။ ဟသညဏ်ကွန့်မြူး၍ စကားပြောလည်းကောင်းသည် ။
ထို့ကြောင့် သူပါဝင်သောကျနော်တို့လူငယ်စကားဝိုင်းလေးသည် အမြဲစည်ကားသိ်ုက်မြိုက်နေတတ်လေသည်။

မန်းဂဇက်ရွာကို စတင်ဝင်ရောက်သောအခါ နာမည်တစ်ခုရွေးရာတွင် သူ့ကိုသတိယ၍ “surmi” ဟု နာမည်ပေးခဲ့သည် ။
ထို့ကြောင့် မရီတတ်သောကျနော်သည် တခါတရံတွင် ဟာသလေးများရေးမိသည် ။
လက်တွေ့ဆန်သောဘဝတွင်ရုန်းကန်ရင်း ကဗျာတစ်ချို့လည်းရေးကြည့်မိပြန်သည် ။
ခတ်ထူထူ ခတ်ထိုင်းထိုင်းကျနော်သည် တခါတရံ လူတတ်ကြီးလုပ်၍လည်း ရေးမိခဲ့ပြန်သေးသည် ။
မည်သို့ပင်ဖြစ်စေ ဂဇက်ရွာသူားများအနေဖြင့်တော့ မောင်ဆာမိဟူသောလူတစ်ယောက်ကို ခွင့်လွှတ်ကြလိမ့်မည်ဟု မျှော်လင့်မိသည် ။
သို့သော် . . . အပြင်လူများအနေဖြင့်ကား မောင်ဆာမိဟူသည် တစ်ခါတရံ ဆဲချင်စရာဖြစ်ကောင်းဖြစ်နေပါလိမ့်မည် ။

ဂဇက်ဇက်ရွာသို့ ကျနော်ဝင်ရောက်ပြီး မကြာသောကာလတွင် ရခိုင်ပြည်နယ်တွင်ပြဿနာတစ်ခုစတင်ခဲ့သည် ။
သီတာထွေးအသတ်ခံရခြင်းက စတင်ပေါက်ကွဲခဲ့သည် ။
ထိုမှစ၍ အွန်လိုင်းတွင် တိုက်ပွဲများစတင်ဖြစ်ရင်း မဟာဖွဘုတ်တော်သို့မအူမလယ်ရောက်သွားသော မောင်ဆာမိမှာ အဆဲခံရတော့သည် ။
မဟာဖွဘုတ်တော်မှာလည်း surmi ဟူ၍နာမည်သုံးခဲ့သည်ဆိုတော့ . . . ။
မကြာမီ surmi ဟူသောနာမည်အစား နာမည်အရင်းသုံး၍ ဖွဘုတ်အကောင့်အား ပြောင်းလဲခဲ့ရသည် ။
မပြောင်းလို့လဲမရ ။ အချို့ဂရုများ ကိုဝင်ရောက်ခွင့်တောင်းခြင်း အချို့ပုဂ္ဂိုလ်များအား အက်ခြင်းများကို ပယ်ချခြင်းခံရလေသောကြောင့်ဖြစ်သည် ။
ဆတ်ဆော့၍ အခြားပေ့ချ်များဂရုများတွင် ကွန်မန့်ရေးပါကလည်း ဖျက်ခြင်း၊ ရန်လုပ်ခြင်းများတခါတရံခံရတ်လေ၏ ။

မည်သို့ပင်ဆိုစေ ဂဇက်ရွာတွင်တော့ surmi သည် ဆက်လက်ရှင်သန်ခဲ့ပါသည် ။
မဟာဖွဘုတ်တော်တွင်လည်း ဝါသနာဗီဇအရ လက်ဆော့စရာပေ့ချ်တစ်ခုထောင်၍ ရွာထဲမှ စာတစ်ချို့ကို ပြန်ကူးတင်ရင်း စိတ်အစာဖြေနေမိပြန်သည် ။
ယခုသော်ကားးးး . . . ရခိုင်အရေး ထပ်မံဖြစ်ပွါးပြန်လေပြီ ။”ဆာမိ” ဟူသောဇတ်ကောင်သည်လည်း အထင်လွဲစရာဖြစ်လာနိုင်ပြန်သည်။
မောင်ဆာမိလည်း အနေအထိုင်ဆင်ခြင်ရပေတော့မည် ။
ထို့ကြောင့် မန်းဂဇက်ရွာနှင့် ၆ နှစ်ကျော်ရှင်သန်လက်တွဲလာခဲ့သော မောင်ဆာမိအား ဝမ်းနဲစွာဖြင့် အဆုံးသတ်ရပေတော့မည် ။
မောင်ဆာမိ ဟူသည့်အမည်သုံးသောနောက်ဆုံးပို့စ်ကိုရေးတင်ရင်း ရွာသူားတို့အားပြောမှားဆိုမှား မလေးမစားလုပ်မိသည်များကို ခွင့်လွှတ်ပါစေကြောင်း တောင်းပန်အပ်ပါသည် ။
တစ်ခါက မောင်ဆာမိသည် တစ်ခါကဟူသောအတိတ်တွင် အမြဲနေရစ်ခဲ့ပါလိမ့်မည် ။
.
.
.
.
.
.
.
.
.
.
.

သို့သော် . . . . .
ဝါသနာဗီဇ တားမရနိုင်သည့်အခါတွင်တော့ ” မောင်ရိုး (သို့) ဗမာဒရိုင်ဗာမောင်ရိုး ” ဟူ၍ ဆက်လက်ရှင်သန်နပါလိမ့်ဦးမည် ။

ထို့ကြောင့် . . . အမည်သညာခါ်စရာကားးးးးး “မောင်ရိုး ” ဟု . . . . ။

 

လေးစားလျှက်
မောင်ဆာမိ (သို့ ) မောင်ရိုး

 

 

 

 

 

14 comments

  • ဂျစ်စူ

    August 29, 2017 at 2:23 pm

    မောင်ရိုးဒေ ကျောင်သိုးတွေ လာမလုပ်နဲ့
    ကျုပ်ကတော့ ဆာမိပဲ

  • ကထူးဆန်း

    August 29, 2017 at 2:24 pm

    မောင်ရိုးဖြစ်လည်း ဂွဇွတ်ရွာမှာတော့ ဆာမိသာဖြစ်ချေမည် ။ 🙂 🙂

  • Shar Thet Man

    August 29, 2017 at 2:29 pm

    ဦးစာမိကိုခင်နေဆဲပါ..

  • သင့်အေးရိပ်

    August 29, 2017 at 2:35 pm

    ခပ်ဆန်းဆန်းတွေ ရေးတဲ့ ဦးမောင်ရိုးလား
    သိတယ် သိတယ်
    အရင်တုန်းကတော့
    ကီလားနာမည်နဲ့ တီရုပ်ကြီးလေ
    :k:

  • ဦးကျောက်ခဲ

    August 29, 2017 at 2:52 pm

    အဟမ်း … နာမည်ပြောင်းတယ်ဆိုတာ လဘက်ရည်လေး မုန့်လေးနဲ့မှ …
    တရုတ်လို မွတ်နတ်တဲ့ ကီလားဂျီးတစ်ယောက် တွေ့ဖူးတယ် …
    မိဘမဲ့မို့ ငယ်ငယ်ထဲက တရုတ်အိမ်က မွေးစားခဲ့တာ …
    သူ့ကို ကီလားလို့ပြောရင် အားဂျီးစိတ်ဆိုးတယ် …
    ကိုရင်ဆာကတော့ ပြောင်းပြန် … အာ ဟိ :k:

  • •*¨နန်းတော်ရာသူ •*¨

    August 30, 2017 at 10:26 am

    မြန်မာလူမျိုး]ဟာ အသားအရောင်နဲ့လည်း allergicဖြစ်၊မုတ်ဆိတ်နဲ့လဲ Allergic ဖြစ်တတ်သလို့ နာမည်နဲ့ပါ Allergic ဖြစ်တတ်ပါတယ်ဦးဆာရေ :kwi:

  • aye.kk

    August 30, 2017 at 5:40 pm

    ရိုးသားမှုသည်
    လောကလူသားတို ့အတွက်
    တန်ဖိုးရှိသော
    အဖိုးမဖြတ်နိုင်သော
    ဂုဏ်သိက္ခာရှိသော
    ယုံကြည်မှုအမြင့်မားဆုံးဖြစ်သော
    မရှိမဖြစ်သောတရားဖြစ်လေသည်။

  • မောင်ဆန်း

    August 31, 2017 at 1:20 pm

    ခင်ဗျား က မောင်ရိုး ဆိုတော့ တခြား လူတွေ က မရိုးဘူးလို့ ဆိုလိုချင်တာလား

  • kai

    September 1, 2017 at 1:49 am

    ရန်ကုန်မြို့ကြီးလူဦးရေရဲ့ ၅၀% အထက်လောက်မှာ မှီတင်းနေထိုင်ရှင်သန်နေခဲ့ကြတဲ့ မြန်မာဘိုးဘွားတွေကိုသတိရမိတယ်..။
    ဟုတ်ပါ့..
    ကုလားတွေပါ…။ တကယ်က.. ရန်ကုန်တင်မဟုတ်.. အထက်-အောက်မြန်မာနိုင်ငံတလွှား.. ကုလားတွေလွှမ်းခဲ့..။
    ဆန်တွေထုတ်.. အလုပ်တွေလုပ်ခဲ့ဖူးခဲ့..။
    အဲဒီခေတ်တွေက.. မြန်မာဟာ ကမ္ဘာမှာဆန်အထုတ်ဆုံးတိုင်းပြည်တခု..။ ရေနံပို့တာမှာလည်း ထိပ်တန်း..။ :k:

  • weiwei

    September 6, 2017 at 1:13 pm

    အခုမှတော့ မရတော့ဘူး .. ကိုဆာမိက ကိုဆာမိပဲ ..

    ဘုရားရှိခိုးတိုင်း သတိရမိတဲ့ နံမည် .. 🙂

  • manawphyulay

    September 6, 2017 at 3:38 pm

    အမယ် အရင်ကလည်း ဒီဆာမိနာမည်ကိစ္စပြောင်းလဲဖို့ စကားစခဲ့သေးတာပါပဲ။
    ဆာမိ မလုပ်ချင်ရင် မူတူးပဲ လုပ်တော့ ဒါပဲ… 😛

  • ဦး လေး မန်း

    September 23, 2017 at 7:07 pm

    ​မောင်​ရိုး ဆို​တော့ လဲ ​မောင်​ရိုး​ပေါ့ ကဆာမိရယ်​ အဲ​လေ ကို​မောင်​ရိုးရယ်​။

  • မဟာရာဇာ အံစာတုံး

    September 23, 2017 at 8:11 pm

    ​ကျော်​တို့ရွာက …
    ဘုန်​းကြီး တစ်​​ယောက်​ .. အဲ .. တစ်​ပါး ​ပေါ့ ခညာ
    သူ့ကို တစ်​ရွာလုံးက ဘွဲ့မ​ခေါ်ဘဲ ဦးဒီ လို့ပဲ ​ခေါ်ကြသဗျ …
    လူထွက်​​တော့ သူ့နာမည်​ကို အမှန်​အကန်​ ​ပြောင်​းပါ​လေ​ရော ..
    ဒါ​ပေမယ်​့ သူ ဘယ်​လို ​ပြောင်​း​ပြောင်​း … ကျုပ်​တို့ရွာ ပါးစပ်​ဖျားမှာ​တော့ ..
    သူ့အ​ကြောင်​း ​ပြောတိုင်​း … သူ့ကို ​တွေ့တိုင်​း .. ဦးဒီ ဟာ ဦးဒီ ပါပဲ …။
    အခုလည်​း ​မောင်​ပဲ ရိုးရိုး၊ ​မောင်​ပဲ မရိုးရိုး ..
    အူးဆာမိ ဟာ အူးဆာမိပါပဲ …

Leave a Reply