ရှိသင့်သောအရာ

aye.kkAugust 30, 20171min29311

လူ ့လောက၌

လူသားတို ့အတွက်

ရှိသင့်သောအရာသည်

ရိုးသားမှုတရားပင်ဖြစ်လေသည်။

ရိုးသားမှုရှိမှသာလျှင်

လူအချင်းချင်းပင်တူသော်ငြား

ယုံကြည်ခြင်းခံရသည်

လေးစားခြင်းခံရသည်

ဂုဏ်သိက္ခာရရှိခြင်းခံရသည်

ရိုးသားမှုတရားဟူသည်

ဖြူစင်သောတရားဖြစ်သည်

လူ ့လောကအား

အလှဆင်နိုင်သည့်တရားဖြစ်၍

လူသားတို ့အတွက်လိုအပ်လှသည့်

ရှိသင့်သောအရာဖြစ်လေသည်။

 

 

 

 

 

 

 

 

 

11 comments

  • ဂျစ်စူ

    September 1, 2017 at 10:52 pm

    လု အပေါ်
    မရိုးသားနိုင်တာတော့
    နားလည်ပေးပါ ဆရာလေးရာ

  • ဦးကျောက်ခဲ

    September 1, 2017 at 11:32 pm

    ရိုးသားချင်ပေမည့် ဝင်္ကဝုတ္တိများတဲ့ လူ့ဘောင်လောကဆိုတော့ …
    မယုတ်မာမိအောင် သတိထားရှောင်တာပဲ တတ်နိုင်ပါတော့တယ် …

  • သင့်အေးရိပ်

    September 4, 2017 at 11:12 am

    ရိုးသားလွန်းလို့ အတယ်လို့တောင် အထင်ခံရဖူးတယ်
    အခုနောက်ပိုင်းတော့ တစ်ခါတစ်ခါ ရိုးသားမှုလေး ကွာကျမိနေတတ်တယ်
    သိပ်တော့ မကောင်းဘူး
    ဒါမယ့် လူလည် ဖြစ်လာတယ်
    :k:

  • aye.kk

    September 4, 2017 at 5:27 pm

    ့ဂျစ်စူ
    ရှိသင့်သောအရာက
    ရွှေထက်ရှားတယ်။

  • aye.kk

    September 4, 2017 at 5:30 pm

    ဦးကျောက်ခဲ
    တူမောင်ရေ ့

    စိတ်ကိုနိုင်ဘို ့မလွယ်ကူတာအမှန်ပါ။

  • aye.kk

    September 4, 2017 at 5:32 pm

    လူလယ်ဖြစ်လည်း
    ခံရတာတွေရှိနေတာသာဓကတွေရှိပါတယ်။

  • manawphyulay

    September 6, 2017 at 3:41 pm

    ရိုးတော့ ရိုးပေါ့နော် မအမိစေနဲ့…
    တစ်ခါတလေ ရိုးသားမှုကို အခွင့်အရေးယူတတ်သူတွေက တန်းစီနေတော့….

  • aye.kk

    September 8, 2017 at 2:27 pm

    မှန်ပါတယ်
    မနောလေး
    အတယ်ဆိုတာ
    မကောင်းပါ။

  • Kaung Kin Pyar

    September 11, 2017 at 10:15 am

    ရိုးသားမှုဆိုတာ ကိုယ့်ကိုယ်ကို လိပ်ပြာလုံစေတဲ့ အကာအကွယ်တစ်ခုပဲ..
    ဒါပေမယ့် လူအချင်းချင်းဆက်ဆံမှုမှာ တအားရှုပ်ထွေးလွန်းတယ်…။ တချို့လူတွေက ရိုးသားမှုနဲ့ ထိုက်တန်ပေမယ့် တချို့လူတွေကျတော့လဲ ကိုယ်ရိုးသားပေးလိုက်တာကို အသုံးချသွားတာတွေလုပ်တတ်ကြတော့.. 🙁

  • aye.kk

    September 13, 2017 at 3:08 pm

    kaung Kin Par

    သမီးရေ
    ထိုက်တန်မှု(ရိုးသားမှုဂုဏ်)ရယူနိုင်ဖို ့အတွက်က
    ကိုယ့်ဘက်ကမေတ္တာတရား(သည်းခံနိုင်မှု)ထားရှိလိုက်ပါလို ့
    အန်တီပြောလိုက်ပါရစေ။။

  • Shar Thet Man

    September 18, 2017 at 5:36 pm

    ဒီထက်မှန်တဲ့စကားတောင် ဒီလောက်မှန်မှာမဟုတ်ဘုး

Leave a Reply