ထိုင်းနိုင်ငံရှိ ဆေးရုံများတွင် ဆေးကုသမှုခံယူသည့် နိုင်ငံအသီးသီးမှ လူနာများအနက် မြန်မာလူနာဦးရေ အများဆုံးစာရင်းတွင် ပါဝင်နေ

klnSeptember 3, 20101min823

ထိုင်းနိုင်ငံရှိ ဆေးရုံများတွင် ဆေးကုသမှု ခံယူသည့် နိုင်ငံအသီးသီးမှ လူနာများအနက် မြန်မာလူနာဦးရေသည် အများဆုံးစာရင်းတွင် ပါဝင်လျက်ရှိကြောင်း သတင်းရရှိပါသည်။ တစ်နည်းအားဖြင့် မြန်မာလူမျိုးအချို့မှာ ကျန်းမာရေးစရိတ်အတွက် ငွေကြေးအကုန်အကျခံ သုံးစွဲလာသည့် အဓိပ္ပာယ်ကို ဖော်ဆောင်နေခြင်းဖြစ်သည်။ ”ထိုင်းနိုင်ငံက ဆေးရုံတွေမှာ ဆေးကုသမှု ခံယူတဲ့ မြန်မာဦးရေ တဖြည်းဖြည်း များလာပါတယ်။ ခွဲစိတ်ကုသမှုပိုင်းဆိုင်ရာ ဒါမှမဟုတ် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုအတွက် သွားကြတာပါ။ ခရီးသွား အများစုက စီးပွားရေးသမားတွေ၊ အားလပ်ရက်ရလို့ သွားသူတွေများတယ်။ ဒီလို ထိုင်းကိုလာကြရင်း ဆေးကုသတဲ့ မြန်မာလူနာတွေလည်း ရှိပါတယ်”ဟု ထိုင်းနိုင်ငံရှိ ဆေးရုံများသို့ ချိတ်ဆက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ မြန်မာလူမျိုးများသည် စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ ၁၉၉ဝ ပြည့်နှစ် နောက်ပိုင်းတွင် ဆေးကုသမှုခံယူရန် သွားရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံရှိ ဆေးရုံများသို့ ၂၀၀ဝ ပြည့်နှစ် နောက်ပိုင်းတွင် စတင်ကာ ဆေးကုသမှု ခံယူခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ ဆေးကုသမှု ခံယူရန် မြန်မာလူမျိုးအများစု ထိုင်းနိုင်ငံရှိ ဆေးရုံများကို ရွေးချယ်ကြခြင်း၏ အဓိက အကြောင်းရင်းတစ်ရပ်မှာ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နီးကပ်ခြင်း၊ နေထိုင်စားသောက်မှု စရိတ်သက်သာခြင်း၊ ကျန်းမာရေး စရိတ်မှာ အခြား နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ထက်ဝက်နီးပါး သက်သာခြင်းများကြောင့် သွားရောက်မှု များလာခြင်းဖြစ်ကြောင်း သိရသည်။

3 comments

  • moethidasoe

    September 3, 2010 at 9:20 am

    ကိုယ့်ဆီက ဆရာဝန် .. ဆေးခန်းတွေမှာ အကုမခံရဲလို့လား .. ဟိုမှာ ပို သက်သာလို့လား .. ဒါမှ မဟုတ် လူသိမခံချင်တဲ့ ရောဂါကြောင့်လား .. ဒါမှမဟုတ် နောက်ဆုံးပေါ် ဖက်ရှင်ကြောင့်လား ..

  • ဆူး

    September 3, 2010 at 10:25 am

    အဖြေကတော့ တနည်းအားဖြင့် ရှင်းပါတယ် စိတ်ချရမှု သေချာမှု ပိုလို့ပေါ့.. ကိုယ်ဆီက ပိုက်ဆံတွေ သူများဆီ မရောက်စေချင်ရင် သူများလိုဘဲ ကြိုးစားပေါ့ ဆွဲဆောင်မှု ရှိအောင်လုပ် သေချာမှုတွေ များနေရင် တနယ်တကြေး သွားစရာကို မလိုဘူး ဘာသာပြန်က အစ မရှိရင် စိတ်ပျက်ဖို့ကောင်းရကောင်းနဲ့…

  • thihayarzar

    September 4, 2010 at 3:14 am

    သူများနိုင်ငံတွေကဝန်ဆောင်မှုကောင်းတယ်လေ … မြန်မာနိုင်ငံမှာတော့ ဆေးရုံရောက်ရင် လူနာဘယ်လောက်အရေးကြီးကြီး သူတို့က အရီ မပျက်ကြဘူးလေ … စကားပြေမပျက်ကြဘူး …. လူနာကသွေးတွေထွက်နေပါတယ်ဆိုမှ ဖုန်းလာလို့ ဖုန်းတောင်ပြောနေသေးတယ် ….

Leave a Reply