ယခု နောက်ဆုံးဖြစ်တဲ့ ဘူးသီးတာင် မောင်တော ဘင်္ဂါလီ အကြမ်းဖက် တိုက်ခိုက်မှုဟာ မနှစ်က အောက်တိုဘာလထဲ ဖြစ်တဲ့ အကြမ်းဖက်မှု အဆက်ပါ။ အိုင်တီ အသုံးအနှုန်းလိုဆို ဘင်္ဂါလီ အကြမ်းဖက်မှု ဗားရှင်း-၂ ဖြစ်သည်။ ပထမ ဗားရှင်းမှာထဲက ဆရာစံ လယ်သမား အုံကြွမှုလို လုပ်မှာ မြင်နေရသည်။ ဘယ်လို ကင်ပွန်းတပ်တပ် ရပ်ရွာလူထု ပါလာလျင် အုပ်ချုပ်သူများ တုံ့ပြန်ရခက်သည်။ စစ်အုပ်ချုပ်ရေး ကြေငြာတောင် အရမ်းကာရော ပစ်မရ။ လုပ်ချင်တိုင်းလုပ်လို့ နိုင်ငံအချုပ်အခြာအာဏာ ဆုံးရှုံးရသည့် ၁၉၉ဝခုနှစ်များက ယူဂိုဆလားဘီးယားနိုင်ငံ သာဓက ရှိသည်။ နိုင်ငံတွင်း လူနည်းစု ဘော့စနီးယား မူဆင်များကို ဆားဘီးယားတို့ လူမျိုးတုံးသတ်ဖြစ်မှုနဲ့ ယူအက်စ်၊ ဥရောပနိုင်ငံများ စုပေါင်း နှိပ်ကွပ်တာ နောက်ဆုံး နိုင်ငံပြိုကွဲသွားသည်။ သင်ခန်းစာမှာ ကိုယ့်ဖက်တွင် အကြောင်းပြချက် မည်မ ျှ ကောင်းမွန် မှန်ကန်ပါစေ အခြားတဖက်တွင် ဆင်ခြေဖြစ်နေတတ်သည်။ ပိုအရေးကြီးတာ ဘက်သုံးဘက် (သာမန်အားဖြင့်) မြင်ရမည် ဖြစ်သည်။ ကိုယ့်ဖက်၊ သူ့ဖက် နှင့် ဆွမ်းကြီးဝင်လောင်းမည့်အုပ်စု ဖြစ်သည်။ ။။။။

ဥပမာပေးလျင် ဒီမိုကရေစီ လိုလားသူများ ဘယ်လို ရှင်းပြ နားခြပါစေ၊ စစ်တပ်လိုလားသူများနှင့် တွေ့သည့်အခါ သာမန်အရပ်သူအရပ်သားများအား စည်းရုံးသလို ရှင်းလင်းလွယ်ကူခြင်း မရှိသည်ကို တွေ့ရသည်။ အချို့သူများအတွက် မည်သို့မျှ မဖြစ်နိုင်သည်ကိုပင် ကြုံရသည်။ လိပ်ခဲတင်းလင်း ဖြစ်နေရင်းမှ တဖက်လူအကျ ဆွမ်းကြီးဝိုင်းလောင်းပေးသည့် နိုင်ငံတကာ မိတ်ဆွေများ အကူအညီနှင့် မဖြစ်နိုင် ထင်ရသည်အား ထိုးဖောက် ဖြတ်ကျော်နိုင်ကာ အရပ်သားအစိုးရ အုပ်ချုုပ်ရေးစနစ် အစပျိုးနိုင်ခဲ့သည်။ မိမိအမြင်သာ တဖက်ထဲဆုပ်ကိုင်တတ်သော စစ်တပ် သိပ်အချိန်မနှောင်းမှီ နောက်ဆုတ်နိုင်ရွေ့ ခွာစစ်ကောင်းစွာ ဆင်နွှဲနိုင်သည်ကိုလဲ တွေ့မြင်ရသည်။ ရခိုင်နယ်စပ် အရေးတွင်ရော ဘယ်လိုလဲ။ ။။။။
အစဉ်အလာ စိတ်ခံစားချက်နှင့် ပြောတော့ ခိုးဝင်ဘင်္ဂါလီ အကုန် သတ်ပစ်ယုံသာရှိသည်။ လက်တွေ့ မည်မ ျှ ဖြစ်နိုင်ချေ ရှိသနည်း ဆိုလျင် သုည ဖြစ်သည်။ ဘူးသီးတောင် မောင်တော ရောက်နေပြီးသား ဘင်္ဂါလီ ငါးသိန်းနီးပါး တဖက်နိုင်ငံထဲ ပြန်တွန်းပို့ မရ (အကြိမ်ကြိမ် ကြိုးစားခဲ့ပြီးပြီ)၊ ပင်လယ်ထဲ မောင်းချမရ။ ပြည်တွင်းကိုလဲ အဝင်ခံဖို့ မဖြစ်နိုင် ဆိုလျင် ဘာဆက်လုပ်ကြမည်နည်း။ ကြံ့ဖွတ်နှင့် တရိစာန်ဆရာဝန် ဒေါက်တာအေးမောင်တို့၏ နယ်စပ်တံတိုင်း အပြည့်ကာရန် တောင်းဆိုမှုများ မည်မျှ ကောင်းမွန်သင့်တော်ပါသနည်း။ ဘင်္ဂါလီတွေကို သွားလာခွင့် ကန့်သတ်ပြီး စခန်းထဲ ပိတ်ထားသည်။ ဘင်္ဂလားဒေ့ရှ်ကလဲ လက်မခံ၊ မြန်မာကလဲ အဝင်မခံ။ အဟိတ်တရိစာန်များကိုပင် လှောင်အိမ်ထည့် ပိတ်လှောင် မွေးမြုမှုကို ပြစ်တင်ရှုံ့ချသော ယဉ်ကျေးသည့် ယနေ့ကဗာကြီးတွင် လူသားများအား ညှပ်ပူးညှပ်ပိတ် ထားခြင်းမှာ ဝင်ရောက်စွက်ဖက်ရေး ခိုင်လုံသော အကြောင်းပြချက် တခု ဖြစ်နေသည်။ လူသားခြင်း စာနာအထောက်အကူပြု ထောက်ပံ့ရေးလမ်းကြောင်း ဖြတ်တောက်လျင် တပူပေါ်တပူဆင့် ဖိအားပိုလာမည်။ လုံခြုံရေးအကြောင်းပြချက်နှင့် အရမ်းကာရော အင်အားသုံး ဖြိုခွဲပါက လူမျိုးတုံး သတ်ဖြတ်မှု စွဲချက်ဖြင့် စီးပွား၊ကုန်သွယ် ပိတ်ဆို့မှု ကြုံရပြီး အဆုံးတွင် နိုင်ငံတကာတပ်များ ကျူးကျော်ဝင်ရောက်ရန် လမ်းပွင့်သွားဖွယ်ရှိသည်။ ။။။။
အခြားနည်းမှာ ၁၉၈၂ လူဝင်မှုကြီးကြပ်ရေး ဥပဒေ အတိအကျ ကျင့်သုံးရေးဖြစ်ပြီး ၎င်းဥပဒေအား သုံးဖက်စလုံးမှ စောင့်ကြည့်နေသည်။ နားလည်သလောက် ပြောရလျင် ယင်းဥပဒေအတိုင်း သွားပါက ပြည်တွင်းထဲရောက် တရားမဝင် ဘင်္ဂါလီများ သိန်းနှင့်ချီ မောင်းထုတ်ခံရမည်ဖြစ်ပြီး သောင်းသိန်းချီသော နယ်စပ် စခန်းများရှိ ဘင်္ဂါလီများစွာ နိုင်ငံသားဖြစ်ခွင့်ရ အဝင်အထွက် အလဲအလှယ် ပြုသကဲ့သို့ ရှိနိုင်မည်ဖြစ်သည်။ ဘင်္ဂါလီဖက်စာနာသူများ ဒါကို လက်မခံနိုင်၊ ဥပဒေပြင်ရေး တွန်းအားပေးသည်။ မြန်မာမျိုးချစ်ဖက်က အပြင်မခံနိုင်။ နိုင်ငံတကာ အထောက်အပံ့ စားနေရသော အစိုးရ ပြည်တွင်း ပြည်ပ ကြား ပဲလှော်ဆား ညှပ်သည်။ တရားဝင် ထုတ်ပြန်သော စာရင်းအရ ယနေ့ လူဦးရေအချိုးအစား ပြသနာ မဖြစ်သော်လည်း ပိုနေမြဲ ကျားနေမြဲထက်ကျော်လွန်ကာ သိန်းပေါင်းများစွာသော ဘင်္ဂါလီများ ဝင်ရောက်လာပါက မြန်မာ လူမှု၊စီးပွား၊နိုင်ငံရေး ပုံရိပ် ပြောင်းလဲသွားဖွယ်ရှိသည်။ လုံခြုံရေးအရလဲ အန ်တရာယ် ရှိလာနိုင်သည်။ လတ်တလော ဖြစ်ပွားသော ဖိလစ်ပိုင်နိုင်ငံရှိ မေဒါဝီကျွန်းအား အိုင်အက်စ် အစ်စလာမ်းမစ် စစ်သွေးကြွများ စီးနင်းတိုက်ခိုက်မှုအား အလွယ်တကူ မချေမှုန်းနိုင်ခြင်းမှာ ယင်းဒေသတွင် အခိုင်အမာ တည်ဆောက်ထားသော မြို့ပြအဆောက်အဦးများကြောင့် ဖြစ်သည်။ ရခိုင်တွင် ကံကောင်းသည်က ဘင်္ဂါလီများတွင် ခိုအောင်းရန် အခိုင်အမာ အဆောက်အအုံများ မရှိ။ အချိန်ကုန်၊လူပမ်း၊ အကျဆုံး ထိခိုက်မှုများသည့် မြို့ပြတိုက်ပွဲ ဆင်နွှဲစရာမလို။ ထို့ကြောင့် တောင်းဆိုသော မူရင်းလူမျိုးအဖြစ်သာမက နိုင်ငံသားဖြစ်ရေးပါ မဖြစ်နိုင်သလောက် ရှိသည်။ ။။။။
ဖွတ်၊ စစ်တပ် နှင့် ရခိုင် အစွန်းရောက်များ တောင်းဆိုသည်မှာ နိုင်ငံရေး သဘာဝကျသည်။ အတိုက်အခံက ကန်ဒကောဇလုပ်တာ မဆန်း။ အာဏာရ အန်အယ်လ်ဒီပါတီပင်လျင် အတိုက်အခံဘဝ နှင့် အစိုးရဘဝ ပြုမူချက်များ ကွဲလွဲသည်။ အာဏာ လက်လွှတ်လိုက်ရသည့် နိုင်ငံရေးသေနေသူများ ရခိုင် ပဋိပက်ခတွင် နိုင်ငံရေး အမြတ်ထုတ်မည်မှာ မျော်လင့်ထားစရာဖြစ်သည်။ ကြိုတွက်ထားသည့် အရာတကို အန်အယ်လ်ဒီ အစိုးရ တုံ့ပြန်ပုံ ယခုထိတော့ အားရစရာ မကောင်း။ အချို့လူများ ဝေဖန်သလို တသက်လုံး ခံဖက်တွင်နေလာလို့ ပြန်ကို မဖိတတ်တော့သလား မသိ။ ပြသနာ ပုံကြီးချဲ့ သွေးထိုးလှုံ့ဆော်သူများအား ထိရောက်စွာ ထိန်းချုပ်မှု မရှိသလောက် ဖြစ်သည်။ ပြည်တွင်း ဆူပူလှုံ့စော်သူများ အစိုးရ အကွက်ရွှေ့မှား ပိုမို အကြပ်အတည်းတွေ့ နိုင်ငံတကာနှင့် တည်ပေးရန် ကြိုးစားနေကြသည်။ အန်အယ်လ်ဒီ အစိုးရ မည်သို့ ထိန်းကွပ်မည်နည်း။ ။။။။

ရိုမခေါ်ရင် ဆော်ထည့်လက်မဲ

ပြသနာမှာ ပြည်တွင်းစစ်လိုပင် တဖွဲ့ထဲ မဟုတ်၊ ရှုပ်ထွေးလှသည်။ ရခိုင် လူမျိုးအစွဲကြီးသည်၊ ဗမာကို နယ်ချဲ့အဖြစ် မြင်သည်၊ သူ့ကို စစ်တပ်က မယုံ၊ အခွင့်သာလျင် ပုန်ကန်တိုက်ခိုက်လိမ့်မည်။ ဒါကြောင့် အခြားနယ်စပ်မှာလို ပြည်သူ့စစ်ဖွဲ့ လက်နက်တပ်မပေး၊ နယ်ခြားစောင့်တပ်ဆို ဝေးစွ။ လက်ရှိ ပုန်ကန်သည့် ရခိုင်အေအေ တပ်နှင့် ဘင်္ဂါလီ အကြမ်းဖက်များ မူးယစ်မှောင်ခို အကျိုးစီးပွား ချိတ်ဆက်မှုများ ရှိကြောင်း သတင်းများထွက်သည်။ သူပုန်ထဖို့ ဘဏ္ဍာငွေလိုသည်မို့ သိပ်မထူးဆန်း ကျိုးသင့်ကြောင်းသင့် ရှိသည်။ မြန်မာစစ်တပ်သည်ပင်လျင် သူ့တပ် ထောက်ပံ့ရန်၊ နယ်စပ်ရှိ တိုင်းရင်းသား သူပုန်များအကြား နိုင်ငံရေးကစားရန် ဘိန်းနှင့် ကင်းသည် မဟုတ်။ ။။။။

ဘင်္ဂါလီ ကျတော့လဲ ဘင်္ဂလားဒေ့ရှ်တွင် သူ့လူ မသတ်မှတ်၊ နိုင်ငံသမိုင်းမှာလဲ ရှီအာ နဲ့ ဆွန်နီ မူဆလင် ပဋိပခကြောင့် အရှေ့ပါကစ်စတန် နှင့် အနောက်ပါကစ်စတန် ကွဲ၊ ပြည်တွင်းစစ်ဖြစ်ကာ အင်ဒိယ အကူအညီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထူထောင်စဉ် မြန်မာနယ်စပ်ရှိ ဘင်္ဂါလီများ ပါကစ်စတန်ဖက် ရပ်ခဲ့သည်။ ပြည်တွင်းစစ်တွင် သောင်းကျန်းခဲ့သော ၎င်းတို့ ဘာသာရေး ခေါင်းဆောင်တဦးပင် တလောက ပြည်တွင်းစစ် အကြမ်းဖက်မှု အပြစ်ရှိဆိုကာ သေဒဏ် စီရင်ပြီးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မလိုလားသူများသဖွယ် မြင်သည်။ နယ်မြေအနေအထားအရလဲ မြန်မာနယ်ထဲ ခြေချပြီးနေပြီ။ သို့သော် ဘာသာ၊ ယဉ်ကျေးမှု၊ ထုံးတမ်း စရိုက် လုံးဝကွဲသော မြန်မာတို့နှင့် စာလျင် အပုံကြီးသာမည်တော့ သေချာသည်။ နိုင်ငံရေးအရလဲ သူတို့ကို ပြည်တွင်း ပြည်ပမှာ ထောက်ခံသူများစွာ ရှိသည်။ ။။။။

အစိုးရနှင့် စစ်တပ်ကျပြန်တော့လဲ အဆင်မပြေ။ ၂၀၀၈ အခြေခံဥပဒေကြောင့် တပ်နှင့် ပြည်ထဲရေးကို အရပ်သားအစိုးရ အမိန့်မပေးနိုင်။ ပြသနာဖြစ်တော့ မည်သူ့တွင် ခေါင်းခံမည်နည်း။ နိုင်ငံအာဏာယူထားသော အရပ်သားအစိုးရလား၊ လုံခြုံရေးကဏ္ဍ ထိန်းချုပ်သော စစ်တပ်လား။ တဖက်နှင့်တဖက် အပြစ်ဆိုရင်း အချိန်ကုန်သည်၊ ထိခိုက်သေကြေမှုများ ပိုလာသည်။ စစ်အုပ်ချုပ်ရေး ပေးလိုက်လျင် စစ်တပ် လုပ်ချင်ရာလုပ်ပြီး နောင်ဖြစ်လာသမျ အခွင့်ပေးလိုက်သော အရပ်သား အစိုးရ ရှင်းရမည်။ မပေးပြန်တော့ စစ်တပ်မှ ပေကတ်နေ ပညာပြနိုင်သည်။ ကချင်၊ ရှမ်းတို့တွင် အရပ်သား အစိုးရ စကားနားမထောင် စစ်ဆင်ရေးပြုသော စစ်တပ် ရခိုင်တွင် အရပ်သားအစိုးရအား ကျဉ်းထဲကျပ်ထဲရောက်အောင် ပြုနေသည်ဟု စွပ်စွဲချက်များရှိသည်။ ရခိုင်မှာ ရဲ၊ နယ်ခြားစောင့်၊ ကြည်းရေလေ တပ်အစုံရှိသည်။ ပထမအကြိမ်မှာ ရဲ ဆယ်ဂဏန်း အသတ်ခံရ၊ လက်နက်များ အလုခံရပြီးပြီ၊ ယခုတကြိမ်လဲ ထိုသို့ပင် ဆိုတော့ လုံခြုံရေး အစီအမံ ညံ့ဖျင်းမှု မည်သူ့ တာဝန်လဲ။ ။။။။

ခေတ်အဆက်ဆက် သုံးသည့်နည်းမှာ ပိုနေမြဲ ကျားနေမြဲ၊ မြွေမသေ တုတ်မကျိုး ထားခြင်း ဖြစ်သော်လဲ အာဖဂန်နစ်စတန်၊ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား တို့တွင် စစ်ခင်းနေသော အနောက်တိုင်းနိုင်ငံများ မူဆလင်ကဗာကို ချွေးသိပ်ရန် ရခိုင်-ဘင်္ဂါလီအရေးမှာ ရှေ့တန်းရောက်လာသည့် ထိုးကျွေးစရာ ကျားကစားကွက် ဖြစ်လာသည်။ တဖက်တွင် နိုင်ငံတကာ ချေးငွေ၊ အကူအညီများ ယူနေရသော အရပ်သားအစိုးရ အခြေမခိုင်သေးသည့် နိုင်ငံဖြစ်နေချိန် ဖြစ်သည်။ စစ်တပ်နှင့်ဖွတ် အာဏာပြန်ရရေး နိုင်ငံတကာ အထောက်အပံ့များ အဟန့်အတား ဖြစ်နေသည်။ ထိုအကူအညီများ သူတို့ အုပ်ချုပ်စဉ် မရခဲ့၊ အကယ်ရွေ့ မသမာသည့်နည်းနှင့် အာဏာပြန်ရလျင်လဲ ၎င်းအကူအညီများ ရလိမ့်မည်မဟုတ်သည့် အတူတူ ကုလသမဂ နှင့် နိုင်ငံတကာ အကူအညီများ အလိုမရှိကြောင်း၊ ပြည်ပ မီဒီယာများ မကောင်းကြောင်း မစားရသည့်အမဲ သဲနှင့်ပက် လှုံ့စော်ရန်သာ ရှိသည်။ သူတို့နှင့် မတူသော အန်အယ်လ်ဒီ အရပ်သား အစိုးရအတွက်တော့ တည့်အောင်ပေါင်းနိုင်မှ အသက်ရှုချောင်မည် ဖြစ်ရွေ့ အဆီတဝင်းဝင်း သဲတရှပ်ရှပ် ဖြစ်သည်။ ။။။။

လူထုအတွင်း ရခိုင်နယ်စပ် ပြသနာကို အကြေအလည် ရှင်းပြန်ရန် လိုသလို ဘုံရပ်တည်ချက် တည်ဆောက်ရန် အရေးကြီးသည်။ လူတိုင်း ဘင်္ဂါလီ လက်မခံတာ ရှင်းပေမဲ့ မည်သို့ စခန်းသွားမည်နည်း၊ နိုင်ငံတကာ ဖိအားကို မည်သို့ မြင်သင့်သနည်း၊ သတင်းမှားဖြန့်၊ မုန်းတီးရေး လှုံစော်မှု မည်သို့ အရေးယူမည်နည်း။ မောင်တော နှင့် ဘူးသီးတောင် နှစ်နယ်အား ပြန်လည် စိုးမိုးသိမ်းပိုက်ရေး မည်သည့် အတားအဆီးများ ရှိသနည်း။ အစိုးရမှ Big Brother အကုန်သိ အကုန်တတ် အကိုကြီးလုပ် ပွင့်လင်းမြင်သာမဲ့ လုပ်နေမှုများ လေ ျှာ့ချသင့်ပြီ။ ။။။။

ပြန်လည်ထူထောင်ရေး လုပ်သည့်အခါ ရခိုင်အတွက်သာမက ဘင်္ဂါလီ စခန်းများ ကိုင်တွယ်ရေးကို ပြန်လည်သင့်မြတ်ရေး၊ အတူတကွ ယှဉ်တွဲနေထိုင်ရေး ပေါ်လစီအောက်ထည့်သွင်း စဉ်းစား ကြိုးပမ်းသင့်သည်။ ဘင်္ဂါလီ စခန်းများထဲ ရောက်သွားလျင် နေမှု၊ ထိုင်မှု၊ ပတ်ဝန်းကျင် အားလုံး မတူတော့၊ လုံးဝ နိုင်ငံခြားသလို ဖြစ်ကုန်သည်။ သူများနိုင်ငံအတွင်း နေလျင် သူ့ဥပဒေ လေးစားလိုက်နာရမည် ဖြစ်ပြီး ယဉ်ကျေးမှု ထုံးစံများ ပြုလွယ်ပြင်လွယ် လိုက်ဖက်ညီရမည် ဖြစ်သည်။ တရုတ်နှင့် ကလား ပြည်ပမှ အခြေချ ပြောင်းရွှေ့လာခြင်း အတူတူ ရေခံမြေခံ မြန်မာတို့နှင့် သဟဇာတဖြစ် ပေါင်းဖက်နိုင်မှု အပုံကြီး ကွာသည်ကို တွေ့နိုင်သည်။ စာသင်ကျောင်းများတွင် နိုင်ငံတော်သီချင်း ဆိုခြင်း၊ ဘာသာစကား သင်ကြားတတ်မြောက်ခြင်း တို့မှအစ အုပ်ချုပ်ရေး ယန်းဒရားကို လိုလားကူညီမှု အလယ်၊ အမျိုးသမီးများအား ဖိနှိပ်သော ဘာသာရေး ထုံးတမ်းများ စွန့်ပယ်ခြင်း၊ ဘာသာရေး လွှမ်းမိုးမှု နဲသော ပတ်ဝန်းကျင် နေမှုထိုင်မှု ပြောင်းလာစေရေး အဆုံး စီမံဆောင်ရွက်ရမည် ဖြစ်သည်။ ထိုရည်ရွယ်ချက်ပါသော နိုင်ငံတကာ အန်ဂျီအိုများ မစွံ၊ ကိုယ်တွင်လဲ ဆောင်ရွက်ရန် မတတ်နိုင် ဆိုလျင် အစိုးရတရပ်အနေနှင့် ပူးတွဲဗျူဟာချမှတ်ခြင်းမှ မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းအထိ သင့်တော်သော ပုံစံအသစ်ဖြင့် ပြန်ဝင်လာမည့် အန်ဂျီအိုများ လိုက်နာရန် သတ်မှတ်သင့်သည်။ ။။။။

ရခိုင်အရေး  ဖြေရှင်းရန် ရေတိုရေရှည် ဒေသဖွံ့ဖြိုးရေး၊ ပြန်လည်သင့်မြတ်ရေး နှင့်အတူ လုံခြုံရေးကဏ္ဍပါ မည်သို့ ကိုင်တွယ်မည်ကို အလေးအနက် စဉ်းစားရတော့မည်ဖြစ်သည်။ ပြည်ထဲရေး နှင့် စစ်တပ် အရပ်သား အစိုးရ လက်အောက် မရှိရွေ့ ထိရောက်စွာ တာဝန်မယူနိုင်ဆိုလျင် သိသိနှင့် အပေးအယူလုပ် အာဏာယူခဲ့သော အန်အယ်လ်ဒီအစိုးရ မိမိမည်မ ျှ မိုက်မဲညံ့ဖျင်းကြောင်း ကိုယ့်ပေါင်ကိုယ်လှန် ထောင်းသကဲ့သို့သာ ရှိပေမည်။ ။။။။။

ဓညဝတီနိုင်ငံတော်သစ် ဧကရာဇ်ဘုရင် ဦးကြောင်ကြီး *>:) devil

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး