…………………….
ကိုယ်ကျင့်တရားကို အောက်ဈေးနဲ့ခင်း
ပိုက်ဆံရှိသူတွေပဲ ထထခလုတ်တိုက်
လည်နည်းနည်းဟိုက်နေတဲ့ မြစ်ဝမှာနေစာလှုံ
လိုအပ်ရင်
ကြယ်တွေကိုကြည့်ပြီး လူအကဲခတ်ခတ် ခြေဆင်းထိုင်ရင်း
ဆာရာရေ
ဒီဘ၀ဒီလိုစံ
နောင် ဘ၀ နောက်မှခံ
အဲဒီလူကြိုက်များနေတဲ့ စာသားနဲ့
ကိုယ်လက်နှီးနှောကြတဲ့ ဆိပ်ကမ်းရသမှာ
ညဥ့်ငှက်တွေ
ဝံပုလွေတွေ
ဆွဲငင်လှိုင်းထကြတဲ့ ပင်လယ်လို တဖြူးဖြူးလေးနဲ့။
သူတို့ဟာ
ခွေးတွေတော့ မဟုတ်ဘူး။
အစာတစ်ခုအတွက်
အစွယ် တော့ထွက်နေကြတယ်။
စဉ်းစားလို့ မရနိုင်ဘူး
နေထွက်မယ်ဆိုတဲ့ စိတ်ကူး
ဘာလို့များ မရှိကြသလဲဆိုတာ…..

ကိုစစ်(ရူပဗေဒ)

ko six

About ko six

ko six has written 93 post in this Website..

ဘဝဆိုတာ
အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။
ရယူမှာလား။
ပေးဆပ်မှာလား။
အဲ
နှစ်ခုစလုံးတော့ကြုံရမယ်။
ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ
လူတော်လူညံ့ကွဲကုန်တာ။
CJ # 1122014