နာမည်ကြီးတဲ့တံဆိပ်က

ko sixSeptember 4, 20171min2545


…………………….
ကိုယ်ကျင့်တရားကို အောက်ဈေးနဲ့ခင်း
ပိုက်ဆံရှိသူတွေပဲ ထထခလုတ်တိုက်
လည်နည်းနည်းဟိုက်နေတဲ့ မြစ်ဝမှာနေစာလှုံ
လိုအပ်ရင်
ကြယ်တွေကိုကြည့်ပြီး လူအကဲခတ်ခတ် ခြေဆင်းထိုင်ရင်း
ဆာရာရေ
ဒီဘဝဒီလိုစံ
နောင် ဘဝ နောက်မှခံ
အဲဒီလူကြိုက်များနေတဲ့ စာသားနဲ့
ကိုယ်လက်နှီးနှောကြတဲ့ ဆိပ်ကမ်းရသမှာ
ညဉ့်ငှက်တွေ
ဝံပုလွေတွေ
ဆွဲငင်လှိုင်းထကြတဲ့ ပင်လယ်လို တဖြူးဖြူးလေးနဲ့။
သူတု့ိဟာ
ခွေးတွေတော့ မဟုတ်ဘူး။
အစာတစ်ခုအတွက်
အစွယ် တော့ထွက်နေကြတယ်။
စဉ်းစားလို့ မရနိုင်ဘူး
နေထွက်မယ်ဆိုတဲ့ စိတ်ကူး
ဘာလို့များ မရှိကြသလဲဆိုတာ…..

ကိုစစ်(ရူပဗေဒ)

5 comments

  • သင့်အေးရိပ်

    September 4, 2017 at 11:10 am

    သိပ်ကောင်းတဲ့ စာသားတွေပဲ ဆရာစစ်ရေ။
    ကြိုက်မိတယ်
    စကားလုံးတွေကို ကြည့်ရတာ သနပ်ခါးလိမ်းထားတဲ့စကားလုံးလေးတွေလိုပဲ။
    ကြွပြီ လှနေတယ်။
    ခေတ်ပေါ်ကဗျာတွေထဲမှာ အခုလို နိမိတ်ပုံ သင်္ကေတနဲ့ဖွဲ့ထားတဲ့ ဖန်တီးမှုလေးတွေကိုမှ
    ကျနော် ကြိုက်မိတယ်။

    ဆက်ရေးနေပါ
    ဆက် ဖတ်ရှု ခံစားနေမှာပါ

  • ko six

    September 4, 2017 at 4:52 pm

    ဟုတ်ကဲ့ပါဗျ

  • manawphyulay

    September 6, 2017 at 4:34 pm

    စဉ်းစားမနေနဲ့ ခေါင်းဖြူသွားမယ်….

  • Shar Thet Man

    September 18, 2017 at 4:57 pm

    မွန်လေးကတော့ ကိုစစ်ရဲ့ အမာခံပရိသတ်ပါ

  • kai

    September 20, 2017 at 11:14 am

    “လည်နည်းနည်းဟိုက်နေတဲ့ မြစ်ဝ” ကိုဘာလည်းတွေး
    တောင်၂လုံးပြေးပြေးမြင်..
    အစွယ်များထွက်နေပြီလား.. ။ ။

Leave a Reply