အသံက ငါ့ကို အသာလေး အမဲဖျက်ခဲ့တယ်
::::::::::းးးးး÷÷÷÷÷÷÷÷÷÷÷းးးးး::::::::::
ဒီအရပ်မှာ
လူမွဲတွေ ဖွေးဖွေးလှုပ် ချမ်းသာကြောင်း
ငါးရက်တစ်ဈေးမှာ
အစောဆုံးဈေးဦးပေါက်တယ်
ဒီအရပ်မှာ ဘွဲ့ယူပြီး
တခြားအရပ်မှာ ကိုယ်ထင်ပြတယ်
ဒီအရပ်မှာ
ရွှေမှန်းထားခဲ့တဲ့အရာတိုင်း
ခပ်လွယ်လွယ်နဲ့ အဖျားကော့
ဒီအရပ်မှာ
ငွေမှန်းထားတဲ့အလုပ်တိုင်း
ခပ်ကျယ်ကျယ်နဲ့ အလျားလျော့
အဲလို
ထွေရာလေးပါး မုတ်သုံရာသီမှာ
ငါ့တို့တတွေ လူဖြစ်နေကြ
သတင်းအမှောင်ကျခဲ့တဲ့ခေတ်က
သတင်းမှားတွေ အဝယ်လိုက်တဲ့ခေတ်ထဲ ထိုးကျ
အဆိုးတွေဟာ
ထိန်ထိန်ကို လင်းလို့
လာပြန်ပြီ နောင်ထပ်အသံတွေ
မြောက်အရပ်ကလည်း ကြားခဲ့ပြီးပြီ
အရှေ့အရပ်ကလည်း ကြားခဲ့ပြီးပြီ
တောင်အရပ်ကလည်း ကြားခဲ့ပြီးပြီ
အနောက်အရပ်ကလည်း ကြားခဲ့ပြီးပြီ
လာပြန်ပြီလား ဒီအသံတွေ
အသက်ထက် အတွေးအခေါ်ကို
ခါးဝတ်ပုဆိုးလောက်
မြဲမြံအောင် ဝတ်ရကောင်းမှန်း
ဒီကနေ့အထိတော့ ပုံနှိပ်ဖော်မရသေးဘူး။
ကိုစစ်
သတင်းအမှားတွေ အဝယ်လိုက်တဲ့ခေတ်….
အမှန်ပြောရရင် ဘာအသံမှ မကြားချင်တော့ဘူး….
Was this answer helpful?
LikeDislikeကိုစစ်ကဗျာတွေကအတွေးကလေးတွေပါတော့ ကြိုက်မိပါတယ်
Was this answer helpful?
LikeDislike