ဗီယက်နမ် ဇင် ဘုန်းတော်ကြီး ၏ သီလ အနက်ကောက်

kaiSeptember 5, 20171min2054

ငါးပါးသီလ နဲ့ ပတ်သက် ၍ တွေးစရာမျာူး

သစ်ခ်ညှပ်ဟန်း ဆိုတဲ့ ဗီယက်နမ် ဇင် ဘုန်းတော်ကြီး

၏ သီလ အနက်ကောက် ပါ

(၁)အသက်သတ်ခြင်းကို ကျူးလွန်မိခြင်းကြောင့်ဖြစ်သောဒုက္ခ ကို သတိရှိခြင်းဖြင့်
အကျွန်ုပ်သည် လူ၊ တိရိစာ္ဆန်၊ သစ်ပင်တို့၏ အသက်များကို ကာကွယ်ရန်နည်းလမ်းများကို လိုက်နာပါမည်။ ကရုဏာစိတ်ကိုမွေးမြူပါမည်။ မသတ်ရန်သော်လည်းကောင်း၊ အခြားသူများသတ်ဖြတ်နေခြင်းကို တာဆီးရန်သော်လည်းကောင်း၊ သတ်ဖြတ်နေသောအပြုမူများကို မကူညီရန် သော်လည်းကောင်း သန္နိဋ္ဌာန်ပြုပါသည်။

(၂)တရားမျှတမှု့မရှိခြင်း၊ ခေါင်းပုံဖြတ်ခြင်း နှိပ်ကွပ်ခြင်း တို့ကြောင့်ဖြစ်သောဒုက္ခ ကို သတိရှိခြင်းဖြင့်
အကျွန်ုပ်သည် လူ၊ တိရိစာ္ဆန်၊ သစ်ပင်တို့၏ အကျိုးစီးပွားကိုဆောင်သော နည်လမ်းများကိုလိုက်နာပါမည်။ မေတ္တာစိတ်မွေးမြူမည်ဟုကတိပြုပါသည်။ မိမိ၏ အချိန်ကိုသော်၎င်း၊ စွမ်းအင်ကိုသော်၎င်း၊ ဝတ္ထုပစ္စည်းကိုသော်၎င်း စင်စစ်လိုအပ်နေသောသူများအား မျှဝေသောပေးကမ်းသော အကျင့်ကိုကျင့်ပါမည်။ မခိုးရန်နှင့် သူတပါးပိုင်သင့်သော ပစ္စည်းတစုံတရာကို မယူငင်ရန် သန္နိဋ္ဌာန်ပြုပါသည်။သူတပါးပိုင် ပစ္စည်းများကိ ယင်းတို့ ပိုင်ဆိုင်သောပစ္စည်းများဟု သတ်မှတ်ရိုသေပါမည်။ သို ့ရာတွင် ထိုသူတို့က ယင်းပစ္စည်းများကို အသုံးပြုလျက် လူတို့အားအမြတ်ထုတ်နေလျင်မူ ထိုသို ့အမြတ်မထုတ်ရန်တားဆီးပါမည်။

(၃)မသင့်လျော်သောလိင်မှုကိစ္စကိုပြုခြင်းကြောင့် ဖြစ်သောဒုက္ခ ကို သတိရှိခြင်းဖြင့်
အကျွန်ုပ်သည် တစ်ဦးတစ်ယောက်၊ စုံတွဲ၊ မိသားစု၊ လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့် လုံခြုံခြင်းကို ကာကွယ်သော နည်းလမ်းများကို လိုက်နာပါမည်။ တာဝန်ယူသည့်စိတ်ကိုမွေးမြူပါမည်ဟု ကတိပြုပါသည်။ချစ်ခြင်းနှင့် အရှည်စဉ်းစားခြင်းမပါသော လိင်ဆက်ဆံမှုများကို မပြုကျင့်ရန် သန္နိဋ္ဌာန်ပြုပါသည်။ မိမိပျော်ရွင်ခြင်းသော်၎င်း၊ သူတပါး၏ ပျော်ရွင်ခြင်းသော်၎င်းမယွင်းမပျက်ရန် အကျွန်ုပ်၏ ကတိများကို စောင့်ထိမ်းမည်ဟု သန္နိဋ္ဌာန်ပြုပါသည်။ကလေးသူငယ်များအား အဓမ္မပြုကျင့်ခြင်းများမှ ကာကွယ်ရန်သော်၎င်း မိသားစုများ စုံတွဲများ အားပြိုကွဲပျက်စီးစေခြင်းမှ တာဆီးရန်သော်၎င်း မိမိစွမ်းသလောက်ဆောင်ရွက်ပါမည်။

(၄)သတိလက်လွတ်ပြောဆိုခြင်း၊ သူတပါး၏စကားကို နားမထောင်နိုင်ခြင်း တို့ကြောင့့်ဖြစ်သောဒုက္ခ ကို သတိရှိခြင်းဖြင့်
အကျွန်ုပ်သည် ချစ်ဖွယ်သောစကားကိုဆိုခြင်းကို၎င်း၊ ဝေဒနာခံစားသူ ထိုသူတို့၏ဝေဒနာလျော့ပါးစေရန်အလို့ငှာ ကောင်းစွာနားထောင်ခြင်းကို၎င်း အားထုတ်မည်ဟု ကတိပြုပါသည်။ စကားလုံးများသည် စိတ်ချမ်းမြေ့ပျော်ရွင်ခြင်းကိုသော်၎င်း၊ စိတ်မချမ်းသာဆင်းရဲခြင်းကို၎င်း ဖန်တီးနိုင်သောအချက်ကို သိသည့်အားလျော်စွာ ဟုတ်မှန်သောစကားကိုဆိုရန် နှင့် ယုံကြည်ခြင်း၊ ရွင်လန်းခြင်း မျှော်လင့်ခြင်းအား ဖြစ်စေသော စကားလုံးများကိုသုံးရန် သန္နိဋ္ဌာန်ပြုပါသည်။
အသေအချာမသိသော သတင်းစကားများကို ဖြန့်ခြင်း၊ အသေအချာမသိဘဲနှင့် ဝေဖန်ခြင်း၊ အပြစ်တင်ခြင်းများမပြုလုပ်ပါ။ သွေးကွဲစေသောစကား၊ မိသားစု လူ့အသိုက်အမြုံ ပြိုကွဲစေသောစကားဆိုခြင်းမှ ရှောင်ကြင်ပါမည်။ ပဋိပက္ခများအား မည်မျှပင်သေးငယ်စေကာမူ ပြေလည်စေရန် ငြိမ်းချမ်းစေရန် ကြိုးစားမည်ဟု သန္နိဋ္ဌာန်ပြုပါသည်။

(၅)သတိလက်လွတ် စားသုံးခြင်းကြောင့်ဖြစ်သော မချမ်းသာမှု့ ဒုက္ခကို သတိရှိခြင်းဖြင့်
အကျွန်ုပ်သည် ကိုယ်ရော စိတ်ပါ ကျမ်းမာရန်အလို့ငှာ သတိနှင့်စားရန်၊ သတိနှင့်သောက်ရန် ကတိပြုပါသည်။ ကိုယ်ကိုသော်၎င်း၊ စိတ်ကိုသော်၎င်း ရွင်လန်းချမ်းသာစေသော၊ငြိမ်းချမ်းစေသော အစားအသောက်များကို စားသောက်ပါမည်။ အရက်နှင့် မူးယစ်စေတတ်သောအရာများ၊ အဆိပ်အတောက်ဖြစ်စေသော တီဗွီအစီအစဉ်များ၊ မဂ္ဂဇင်းများ၊ စာအုပ်များ၊ ရုပ်ရှင်များ၊ ဝက်ဆိုက် များကို ရှောင်ကျင်ပါမည်။ စိတ်နှင့်ခန္ဒာအား ယင်းအဆိပ်အတောက်များဖြင့် ပျက်စီးစေခြင်းသည် မိဘ ဘိုးဘွား လူ့အဖွဲ့အစည်းနှင့် လူ့အနာဂတ်အား သစ္စာသွေဖီခြင်းဟု သိသည်။ မိမိနှင့်လူ့အဖွဲ့အစည်းအတွက် သင့်တော်သော အစာကိုစားမည်။ ကိုယ့်ကိုယ်ကိုပြောင်းလဲရန်နှင့် လူ့အဖွဲအစည်းကိုပြောင်းလဲရန် သင့်တော်သော အစာစားခြင်းမှာ အရေးကြီးကြောင်း ကျွန်ုပ်နားလည်ပါသည်။

https://www.facebook.com/notes/271819262802/?pnref=story.unseen-section

4 comments

  • ဂျစ်စူ

    September 5, 2017 at 11:15 am

    တစ်ပါးမှ မလွတ်တာ ခွှင့်လွှတ်ပါဗျာ
    😳

  • Shar Thet Man

    September 6, 2017 at 6:04 pm

    တစ်မျိုးပဲ

  • kai

    September 8, 2017 at 3:41 pm

    ငါးပါးသီလက.. ဗုဒ္ဓမပွင့်ခင်ကတည်းက ရှိတယ်…
    ဖွင့်ပုံအမျိုးမျိုးမှာ.. ယုံကြည်ရာတွေအမျိုးမျိုးကွဲကုန်တယ်ဆိုတာလည်း သိရမယ်..။
    ဆိုတော့..
    မြန်မာထေရာဝါဒဖွင့်ပုံက.. ဒီခေတ်သိပ္ပံအမြင်နဲ့မညီ(တော့) တာကိုလည်း ထောက်ပြချင်တယ်..
    (ဒီဝက်ဘ်ဆိုက်မှာ.. အကြိမ်၁၀၀ဝလောက်ဆွေးနွေးပြီးသားမို့.. ထပ်မရေးလို.. )

    အခု ဗီယက်နမ်ဖုန်းကြီးဖွင်ပုံက.. လက်တွေ့ဆန်ပြီး.. မဟာယာနလမ်းနဲ့တော်တော်နီးစပ်တယ်လို့.. သတိထားမိတယ်..။
    အဆုံးသတ်ရလဒ်ကတော့..
    မဟာယာန(အများစု)တိုင်းပြည်တွေ ( ချိုင်းနား၊ ထိုင်ဝမ်၊ ဂျပန်၊)က.. ပိုငြိမ်းချမ်းပြီး.. လောကီရေးမှာလည်း..ဓနဥစ္စာ.. ပိုချမ်းသာကြတာပဲ..။

    မြန်မာတွေ.. မဟာယာနဗုဒ္ဓဘာသာကို လေ့လာသင့်.. ပြောင်းနိုင်သူတွေပြောင်းသင့်တဲ့အချိန်ရောက်ပြီ..။
    ဒါဆို.. နောက် လက်ဆယ်ချောင်းနဲ့.. ၁ခု..၂ခုလောက်မှာ.. တိုးတက်ချမ်းသာ.. ငြိမ်းချမ်းသွားမယ်လို့.. ပြောချင်..။ :k:

Leave a Reply