မီးဘေးရှောင် မလောင်ခင်တား

သင့်အေးရိပ်September 12, 20178min37758
 
စောစောစီးစီး မြို့မေတ္တာ ခံယူခွင့်ပြုပါဦး။
😛
လွန်ခဲ့တဲ့ သုံးလေးရက်က စပြီး မနေ့က မနက်အထိ ကိုယ့် Messenger ထဲကို တတိန်တိန် ဝင်လာတဲ့ စာတွေထဲမှာ ….
”၁၁ရက်နေ့ကျရင် ဂျီဖက်က ဂျီဟက် လုပ်မှာမို့ ဆိုလား….
အဲ့ဒါ သွားသတိ လာသတိနဲ့နေဖို့ ၊ လက်နက်ခဲယမ်းတောင် အသင့်ဆောင်ထားဖို့ သတိပေးတယ်..ဘလယ် ဘလယ် ဘလာဘလာ”ဆိုတာတွေ အများအပြား ရောက်လာတယ်။
 
ကိုယ့်ကို သတိတရရှိပြီး စိတ်ပူပေးတာ သတိပေးတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့…. ဘုန်းကြီးအိပ်မက် စာလိုလိုနဲ့ မိတ်ဆွေဆီကို ဖြန့်ဝေပေးနေတာလို ဖြစ်လာတာမို့….အဲ့ စာတွေကြောင့်ကို တွေ့သမျှ အသားမဲတွေကို ဓါးနဲ့အရင် ပြေးပိုင်းထားရမလိုလိုကြီး။
 
နောက်ပြီး အဲ့လို သတိပေးစာလိုလိုနဲ့ ခြိမ်းခြောက် သွေးထိုးလှုံ့ဆော်တဲ့ စာတွေဟာ ဗမာ လူထုဆီ သီးသန့်ရောက်တာ မဟုတ်ဘဲ အသားအရောင်မတူ ကိုးကွယ်ရာ ဘာသာမတူတဲ့ တခြားလူမျိုးတွေဆီကိုလည်း ပုံစံ နောက်တစ်မျိုးနဲ့ ရောက်နေတယ်။
၁၁ ရက်နေ့မှာ ဗမာလူထုက လူမျိုးခြား(မွတ်/ကုလား)တွေကို လူမျိုးတုန်း သတ်ဖြတ်မှာ လိုလို…..
 
အဲ့ဒီမှာ စတွေ့တာပဲ။ နှစ်ဖက်စလုံးကို သွေးထိုးနေတဲ့ အဲ့ဒီ စာတွေဟာ ဘယ်လက်ယုတ်က ယားပြီး စ,ရေး/ ဖြန့်လိုက်တယ် မသိ။
အစိုးရိမ်ကြီးသူတွေ အယုံလွယ်သူတွေက အဟုတ်ကြီး ထင်ပြီး
ထပ်ခါ ထပ်ခါ ဖြန့်ရင်း ပျံ့သွားရော။
 
ရပ်ကွက်ထဲက အိုးလေးဘိန်းမုန့်ရောင်းတဲ့ ဒေါ်ဖွားမေတို့၊
ရေစည်လှည်း တွန်းတဲ့ ဦးသံချောင်းတို့သာ ကြားပြီး….
အဲ့သတင်းကို အဟုတ်ထင်ပြီး ရပ်ကွက်ထဲ
အစိုးရိမ် လွန်… လျှောက် ပြောရင် ပိုဆိုးပြီသာမှတ်။
အစကတည်းက ဘာသာရေးနဲ့ လူမျိုးရေး အကဲဆတ်နေတဲ့ ဒီတိုင်းပြည် လူထုကြားမှာ အဲ့လို သွေးထိုးလှုံ့ဆော် ခြိမ်းခြောက် သတိပေးတာတွေဟာ ဂတ်စ်ဆိုင်နားမှာ ယမ်းသေတ္တာနဲ့ မီးခြစ်တွေ လာချ ပေးထားသလို ဖြစ်ရော။
 
အယုံလွယ်သူတွေ အစိုးရိမ်လွန်သူတွေ စုစည်းသွားရင် ကိုယ့်ဘာသာ သွေးရိုးသားရိုး ခလုပ်တိုက်တာကိုတောင် ဖားပြုတ်ကိုက်တာကြောင့်လိုလို တရုတ်ရိုက်တာကြောင့်လိုလို ထင်ပြီး ဗြဲလရမ်းသမ်းတွေ ထဖြစ် ကုန်ကြဖို့ နီးစပ်တယ်။
 
အခု၁၂ ရက်။ အဲ့ သွေးထိုးစာတွေထဲက ပြောထားတဲ့အတိုင်း ဂျီဟတ် လုပ်တာ မြင်ခဲ့ကြလား အောဖျန့်။ ဂျီဟတ် မပြောနဲ့ ဂျီဖက် သီချင်းတောင် ဖွင့်သံ မကြားလိုက်။
မဲခနဲ မြင်တာနဲ့ သရဲဆိုပြီး လန့် သေကုန်တာမျိုး ဖြစ်စေချင်လို့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ သွေးထိုး လှုံ့ဆော်စာတွေ ရေးပြီး စတင် ဖြန့်ခဲ့သူတွေ မျှော်မှန်းထားသလို ပြည်သူ လူထုက မအ,တော့တာကို မြင်ရပါတယ်။
 
အစိုးရိမ် လွန်သူတချို့နဲ့ အကြောက်လွန်သူ အယုံလွယ်သူတချို့
ရှိခဲ့တာကလွဲရင် ကြီးကြီးမားမား ပြသနာ မဖြစ်ခဲ့တဲ့အတွက် ဆူပူသတ်ဖြတ်မှုတွေ ဖြစ်စေချင်သူတို့ အကြံ အထမမြောက်လိုက်ပါဘူး။
 
ပြီးပြီလား ဆိုတော့ မပြီးသေးပါဘူး။
နှစ်ပေါင်းများစွာက စခဲ့တဲ့ ရခိုင်ပြည်ထဲက ခိုးဝင် အကြမ်းဖက်မှုအရေးဟာ နေ့ချင်း ညချင်း ပြီးသွားအောင် လုပ်ဖို့ မလွယ်ပါဘူး။
သတိကတော့ မပြတ်သင့်သေးပါဘူး။
 
အစိုးရပိုင်းနဲ့ ကာကွယ်ရေးဌာန ကိုယ်တိုင်က အကြမ်းဖက်မှု အန္တရာယ်ကို သတိပြု နေထိုင်ကြဖို့ ကြေညာထားဆဲပါ။
ရန်ကုန်လို နေပြည်တော် မန္တလေးလို မြို့ကြီးတွေထိ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်ကြောင်း အသိပေး ကြေငြာ ထားတာမို့ သတိနဲ့သွား သတိနဲ့ နေကိုနေရမှာပါ။
 
အဲ့ဒါက ဘေးအိမ်က ကုလားကို မျက်ချေမပြတ် စောင့်ကြည့်ပြီး
ဓါးထိုင် သွေးနေဖို့လို့ မဆိုလိုပါဘူး။
အကြမ်းဖက်မှု အန္တရယ် အရိပ်အချည်ကို သတိပြုတာနဲ့
အေးချမ်းစွာ အတူတကွ နေလာတဲ့ ဘာသာခြားတွေကို 
သို့လောသို့လော မျက်ထောင့်နီ မျက်နှာပေးကြီးနဲ့ ကြည့်နေပြီး
အလကားနေရင်း ဓါးထိုင်သွေးနေတာ…. တော်တော် ကွာပါတယ်။
 
ကျနော်ဆိုရင်….
အတိုင်ပင်ခံရုံးကနေ တရားဝင် စာထုတ်ပြီး
အကြမ်းဖက်အန္တရာယ် ရှိလာနိုင်ကြောင်း ကြေငြာတဲ့နေ့ကတည်းက ….
အမေ အဖေနဲ့ ညီ ညီမတွေကို လှမ်း သတိပေးပါတယ်။
 
မလိုအပ်ဘဲ ညမိုးချုပ် အပြင် မသွားလာဖို့၊
မလိုအပ်ဘဲ လူစုလူဝေးတွေထဲ ရောက်မနေဖို့၊
ဆန်၊ဆီ ကြက်ဥ၊ ခေါက်ဆွဲ စသည်ဖြင့်ကို နည်းနည်း ပို ဝယ်ပြီး အရန်သင့် ထားဖို့၊
အခြေအနေ ဆိုးလာလို့ ပြေးရမယ် လွှားရမယ်ဆိုရင် မှတ်ပုံတင် သန်းခေါင်စာရင်း စတဲ့ အရေးကြီး စာရွက်စာတမ်းတွေကို အဆင်သင့် ပြင်ဆင် ထုတ်ပိုးထားဖို့၊
မှတ်ပုံတင်ကိုလည်း အမေ အဖေ ဖြစ်သူက ငါ အမေဟဲ့ ငါအဖေဟဲ့ဆိုပြီး တစ်မိသားစုလုံးရဲ့ မှတ်ပုံတင်တွေကို စု ကိုင်မထားဖို့၊
ကိုယ့်မှတ်ပုံတင်ကို ကိုယ့်ဘာသာ ကိုင်ထားဖို့၊ ကျောပိုးအိတ်ထဲမှာ အဝတ် သုံးစုံလောက် အဆင်သင့် ပြင်ထားဖို့၊
အရေးအကြောင်း ရှိလို့ ကိုယ့်နေအိမ်ကို စွန့်ခွါ ပြေးရတော့မယ် ဆိုရင်
ဘယ်ကို ပြေး ခိုမလဲဆိုတဲ့ လမ်းကြောင်း ဆွဲထားဖို့၊
ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေကို ပြေးတာထက် ရဲစခန်းနဲ့ စစ်တပ်စခန်းတွေဆီ ခိုဝင် အကူအညီတောင်းဖို့…..
ဒါပေမဲ့ မလိုအပ်ဘဲ ကြောက်ဒူးတုန်နေစရာ မလိုကြောင်းနဲ့…
ဒါတွေဟာ ကြိုတင် ပြင်ဆင် သတိပြုထားတာပဲ ဖြစ်ကြောင်း၊
မလွှဲမသွေ ပြေးရ လွှားရ သတ်ရဖြတ်ရမယ်လို့ ကျိန်းသေ မပြောနိုင်ကြောင်း…
ဒီလောက်တော့ သတိပေးထားတယ်။
ဘေးအိမ်က ကိုကုလားနဲ့ လက်ချမီးတို့ မိသားစုကို မျက်စိဒေါက်ထောက် ကြည့်နေဖို့တို့…ရုတ်ရုတ် ရုတ်ရုတ် မြင်တာနဲ့ ပြေး ပိုင်းဖို့ ခုတ်ဖို့တို့တော့ ပြောစရာ မလိုဘူး ထင်တာပဲ။
:k:
 
အစိုးရပိုင်းက လုပ်သင့် လုပ်ထိုက်တာတွေ လုပ်နေတယ်။ လုပ်သင့်သလောက်လည်း လုပ်ထားပြီးပြီ။
ဥပမာ ပြရရင် အာနန် အစီရင်ခံစာထွက်လာတဲ့အထိ လုပ်ခဲ့ပြီ
အစီရင်ခံစာကိုလည်း ကမ္ဘာသိအောင် ချပြပြီး
အစီရင်ခံစာ ပြုစုတဲ့အဖွဲ့ဟာလည်း ကမ္ဘာရှိန်အောင်အထိ ဦးအာနန်ကိုပါ ပါဝင်စေခဲ့ပြီ၊
အစီရင်ခံစာ ထွက်လာပြီး နောက်ပိုင်း အစိုးရရဲ့ ရခိုင်အရေး ဖြေရှင်းကိုင်တွယ်မှုကို နှောင့်နှေးအောင်/အထမမြောက်အောင် နှောင့်ယှက်တဲ့အနေနဲ့ ခြေတလှမ်းတိုးလာတဲ့ အကြမ်းဖက်မှုတွေကို
ဒါဟာ…အကြမ်းဖက်မှုပါ….အကြမ်းဖက်တဲ့ လုပ်ရပ် လုပ်သူတွေမို့….
သူတို့ဟာ အကြမ်းဖက်အုပ်စုပါ…
တိုင်းပြည် လုံခြုံရေးကို နှောင့်ယှက် ဖျက်ဆီးတာပါ….ဆိုပြီး
တရားဝင် သတ်မှတ်ကြေညာလိုက်ပြီ။
ပြည်သူတွေ အစိုးရိမ်လွန်ပြီး ဆူပူမှု အကြီးကြီး ဖြစ်မလာအောင်လည်း ထိန်းထားတယ်။ ရခိုင်ပြည်က ဒုက္ခသည်တွေကိုလည်း အကူအညီ ပေးနိုင်ဖို့ လုပ်နေတာ မြင်ရတယ်။
နိုင်ငံတကာက အမြင်လွဲနေတဲ့ သတင်းမှားတွေကိုလည်း
အမှန်မြင်နိုင်အောင် သတင်း သွားယူခွင့်တို့ ဘာတို့ ပေးထားတယ်… စသည်ဖြင့်… လုပ်နေတယ်။
 
ကျနော်တို့ လုပ်ရမှာက အစိုးရကို မကူနိုင်ရင်တောင် ….
ကျနော်တို့ တိုင်းရင်းသား ရခိုင်လူမျိုးတွေကို
တတ်နိုင်သလောက် ထောက်ပံ့ ကူညီဖို့နဲ့….
လူမျိုး အသိုင်းအဝိုင်း ၂ခုကြားက အခြေအနေတွေ
ဒီ့ထက် ဆိုးမလာအောင် အမုန်းပွားမယ့် စကားတွေ ပြောမနေဖို့ပါပဲ။
 
Messenger ထဲကနေ သွေးထိုးလှုံ့ဆော် စာတွေ
လိုက်ဖြန့်ပေးနေတာဟာ အစိုးရနဲ့ ရခိုင်ပြည်ကို ကူညီရာ မရောက်တဲ့အပြင် ….
.ဒေါ်ဖွားမေတို့ ဦးသံချောင်းတို့လို အသိ ပညာနည်းတဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းနည်းတဲ့ လူရိုးကြီးတွေ အသိအတွေးထဲမှာ
စိုးရိမ်ပူပန် လွန်ကဲသွားစေနိုင်တာမို့ ….
မီး ပိုလောင်အောင် လေပင့်ပေးမိသလို ဖြစ်မှာ စိုးရပါတယ်။
 
မီးလောင်ရာ လေပင့်တာဟာ …
ကျနော်တို့ သာမန် ပြည်သူတွေရဲ့ အလုပ် မဟုတ်။
အဲ့ဒါ… အာဏာနဲ့ ငွေမျက်နှာအတွက်ဆိုရင်
တိုင်းပြည်ပျက်လည်း ပျက်စေရော့ ဆိုတဲ့ စိတ်ယုတ်နဲ့ စောင်တလွဲတွေ တို့ရှို့နေတဲ့ ဟိုမျိုးချစ်ယောင်ဆောင်တွေအလုပ်ပါ။
:k:
 
ကျနော်တို့ လုပ်ရမယ့် အလုပ်က …
ရခိုင်ပြည်ထဲက ဒုက္ခသည်တွေအတွက် တစ်ဖက်တစ်လမ်းက နိုင်သလောက် ကူဖို့နဲ့ အစိုးရအဖွဲ့အကျပ်အတည်း မဖြစ်အောင်
ဆူပူ အုံကြွမှုတွေ ဖြစ်မလာအောင် ငြိမ်ငြိမ်နေဖို့…
အမုန်းတရားတွေ ပိုပွားမလာအောင် ထိန်းထိန်းသိမ်းသိမ်း ပြောဆို နေထိုင်ဖို့….
ပြီးတော့….
ဟို တို့မီူရှို့မီး ဂျင်းကောင်တွေကို စောင်တလွဲတွေ နောင် မပြောရဲအောင် တရားနည်းလမ်းကျကျ ကလော်ထုတ်ဖို့။ ဒါပဲ။
 
 
 
#သင့်အေးရိပ်

8 comments

  • ကျော်လွင်ဖြိုး

    September 12, 2017 at 3:40 pm

    ကိုယ့် အသိ မိတ်ဆွေ တွေထဲ အဲ့လို ဟာ တွေ ဖြန့်တဲ့ လူ တစ်ယောက် မှ မပါတာကို ဝမ်းမြောက်ပါဘိ..
    (တောက်ဖက် ပဲ မလုပ်ကြတာလားတော့ မသိ) 😛 😛 😛

  • A mar nyo

    September 13, 2017 at 1:26 pm

    ကိုယ့်မိတ်ဆွေတွေထဲမှာတော့မရှိပါဘူး

  • manawphyulay

    September 13, 2017 at 1:57 pm

    အသိတရားမရှိတဲ့သူတွေက ဖြန့်ဖြန့်နေတာကို အသိတရားမရှိတဲ့သူတွေက ယုံနေကြတာ အံ့ဩမိပါရဲ့…

    • သင့်အေးရိပ်

      September 13, 2017 at 3:22 pm

      ဟုတ်တယ်။ ကျနော့် အသိတစ်ယောက်က အဲ့စာကြီး လာပို့တာ အတော် အံ့ဩမိတယ်။
      သူက ပညာတတ် ဘွဲ့ရတစ်ယောက်။

      ဒီလိုစာတွေရဲ့ အကျိုးအကြောင်းကို သူ မတွေးနိုင်ဘဲ လာ ဖြန့်တာကို အံ့ဩမိလို၊
      😆

  • ko six

    October 11, 2017 at 9:58 am

    အဆင့်တစ်က မလောင်ခင်
    အဆင်းနှစ်က လောင်စဉ်
    အဆင့်သုံးက လောင်ပြီး
    အဲ ထောင့်စိအောင် ဖတ်လိုက်ပါကြောင်း

    • သင့်အေးရိပ်

      October 11, 2017 at 10:09 am

      မလောင်ခင် တားတာက …
      လောင်နေစဉ်မှာ ခဲရာခဲဆစ် ငြှိမ်းယူရတာထက် ပို ထိရောက်မယ်ထင်တယ် ဆရာစစ်ရေ
      :k:

Leave a Reply