နေ့ချင်းပြန်ခရီးလေး ဒလဆီသို့

Mon LaySeptember 17, 20176min2747

ဒီခရီးစဉ်ကတော့ ကိုယ်နဲ့ရင်းနှီးနေခဲ့တာလွန်ခဲ့တဲ့ ၅နှစ်ကတည်းကပေ့ါ။ မွန်လေးက Travels & tour inbound မှာလုပ်နေခဲ့တာဆိုတော့ ဒီခရီးစဉ်မျိုးကို ဧည့်သည်တွေကိုပို့နေကြပါ။ ကိုယ်ကိုယ်တိုင်တော့တစ်ခါမှမသွားဖူး

ကြည့်သေးပါဘူး။ ခုလုပ်နေတဲ့ Exo Travel က မိုးတွင်းမှာ Staff Day trip လေးတွေစီစဉ်ပေးတော့ အဲ့ခရီးစဉ်

တွေထဲကမှ မွန်လေးကတော့ ဒလဘက်ကိုသွားတဲ့ခရီးစဉ်လေးကိုဒီနှစ်အတွက်ရွေးချယ်ခဲ့ပါတယ်။

ဒလမသွားခင်မွန်လေးတို့ ကြည်မြင်တိုင်ဘူတာကနေ ရန်ကုန်မြို ့ထဲကို ရထားစီးခဲ့တဲ့ အတွေ့အကြုံလေးလည်း

ပြန်ရှယ်ချင်ပါတယ်။

#ရရထားကြီးပျော်ပျော်စီး🚞🚋🚃

ရုံးကနေကားနဲ့ မနက် ၉နာရီ ၂၅မိနစ်မှာ စထွက်ခဲ့ကြပါတယ်။ ဟိုလည်းရောက်ရော ကိုယ်တွေကပ်သီလေးပဲ။

ကံကောင်းလို့ ၁ဝနာရီရထားကဆိုက်ရောက်လာပြီးလက်မှတ်ကို မြန်မြန်ဝယ်ပြီး ရထားပေါ်တက်ကြရတာပေါ့။

သူက ၁၅မိနစ်လောက်ပဲကြာတယ် ရန်ကုန်ဘူတာကြီးကိုရောက်ရော။ ရထားဆိုတဲ့အတိုင်း လူမျိုးစုံတွေ့

ရတာပေါ့။ မွန်လေးကဒီမြို ့ပတ်ရထားနဲ့မစိမ်းပါဘူး။ ဘာလို့ဆို ၂တန်းနှစ်လောက်တုန်းကအမေနဲ့ နွေရာသီ

ကျောင်းပိတ်ရက်ဆို ရထားသွားသွားစီးနေကြပါ။ အရမ်းကြိုက်တယ်လေ။ ခုမှတစ်ခါပြန်စီးတော့ ကိုယ်နဲ့ရင်း

နှီးပြီးသားပါ။ ရထားကခုထိအသုံးဝင်ပါသေးတယ်။ အသုံးဝင်ဆိုသူက စီးတာလည်း ငွေကျပ် ၁၀ဝ တည်းရယ်။

မီးပွိုင့်လည်းမရှိ၊ အရမ်းလည်းမကြပ်တော့ လူတွေခုထိစီးနေကြဆဲပါ။ ဈေးသည်တွေရှိတယ်။ ငယ်ငယ်ကစီး

ခဲ့တဲ့အတိုင်းတွေ့ရတုန်းပါ။(ထိုင်ခုံလေးတွေတော့ အဆင့်မြင့်သွားတယ်)

ရန်ကုန်ဘူတာကြီးလည်းရောက်ရော..ကမ်းနားလမ်းဘက်ကို မွန်လေးတို့လမ်းလျှောက်သွားကြတယ်။ ဒလ

ဘက်ကို နန်းသီတာဆိပ်ကမ်းကနေ ဂျပန်ကပေးထားတဲ့နှစ်ထပ်သင်္ဘောကြီးစီးပြီးသွားကြတာပေါ့။ ထိုင်ဖို့

သစ်သားခုံတန်းတွေအပြင် ပလပ်စတစ်ခုံတွေလည်းချပေးထားတော့ နေရာမရမှာပူစရာမလိုပါ။

ရထားပေါ်ကလူများ
ရန်ကူန်ဘူတာကြီးမှာ

 

#ဒလ  🚲🚲

သင်္ဘောစီးလို့၁ဝမိနစ်အကြာမှာတော့ ဒလဘက်ကပန်းဆိုးတန်းဆိပ်ကမ်းကိုရောက်လာပါတယ်။ ရန်ကုန်နဲ့

ဒလကိုကူးဖို့ အချိန်သိပ်မကြာတဲ့အပြင်ဈေးသက်သာတဲ့ ဒီသင်္ဘောကိုပဲ အားကိုးနေကြတော့ ဆိပ်ကမ်းမှာ

လူဆိုတာအပြည့်ပဲ။ မြို ့ထဲကိုလည်ပတ်ဖို့မွန်လေးတို့ ဆိုက်ကားလေးနဲ့လည်ခဲ့ကြတယ်။ နိုင်ငံခြားသားတွေ

အတွက်စိတ်ဝင်စားဖွယ်ကောင်းမှာပေ့ါ။ ဟိုမှာအိမ်လေးတွေကလည်း တိုက်အိမ်တွေထက်သစ်သားအိမ်လေး

တွေများပါတယ်။ လမ်းတွေရပ်ကွက်လေးတွေမှာလည်း သစ်ပင်လေးတွေကစီရရီပေါက်ရောက်နေကြတာ။ ရေကန်လေးတွေ..တကယ့်ကိုသဘာဝအတိုင်းလေးပါပဲ။မနက်ဘက်ဆိုအမြဲလိုလိုစည်ကားတတ်တဲ့ မနက်ခင်း

ကမာကဆစ်ဈေးလေးရယ်။ ပြီးတော့ ဒလဆိပ်ကမ်းမှာလည်း လတ်ဆတ်တဲ့မာလကာသီးတွေလည်းပေါပါတယ်လို့.အိမ်ပြန်

လက်ဆောင်လေးအဖြစ်ဝယ်သွားလို့လည်းရပါတယ်လို့။🍈🍈

မောင်နှမနှစ်ယောက် ဒလကိုဆိုက်ကားနဲ့လည်
ဒလမြို့ကအိမ်လေးများ
ဆိုက်ကားစီးရတာသိပ်ကြိုက်
သူကရိုက် ကိုယ်ကပဲပေး😝
ဒလနဲ့ရန်ကုန်နဲ့ကူးနေတဲ့ဂျပန်သင်္ဘောပေါ်မှာ
စိမ်းလန်းနေတဲ့သစ်ပင်တွေ..ရေကန်လေးတွေ

 

မာလကာတွေသိပ်ပေါ သိပ်ချို

#ဖယောင်းတိုင်လုပ်ငန်း🖍🖍

ဒလမှာ ဖယောင်းတိုင်လုပ်တဲ့ အိမ်တွင်းစက်ရုံလေးကနာမည်ကြီးလေ။ ဖယောင်းကိုဘယ်ကနေဘယ်လိုလုပ်

တယ်ဆိုတာကအစ အဆင့်ဆင့်လေ့လာခွင့်ရခဲ့တယ်။ ဖယောင်းတွေကိုကြို၊ ဖယောင်းခုံမှာ အကြီးအသေး

ပုံဖော်၊ ပြီး ရေပြန်စိမ်၊ လုပ်နေကြဆိုတော့..လက်သွက်ပုံများ..ကို်ယ်တွေတောင်မျက်စိတွေမှားကုန်ရော..ဘာ

လုပ်လို့..ဘာလုပ်လိုက်မှန်းတောင်မသိတော့ဘူး.။ကျွမ်းကျင်ရာ လိမ်မာပေါ့

ဖယောင်းလုပ်နည်းအဆင့်ဆင့်
အသင့်လုပ်ပြီးသားဖယောင်းတိုင်တွေကို ခဲစေဖို့ရေစိမ်တော့မှာ

 

ရေစိမ်ပြီးသားဖယောင်းတွေကို နေရာတကျပြန်ထား
ဖယောင်းတွေ

#ကြွပ်ကြွပ် 🛍👛🌂🛍👛🌂

သူလေးကတော့ ကြွပ်ကြွပ်တဲ့။ ဒလမှာ နိုင်ငံခြားသားတွေတောင်လာပြီးကြည့်ကြတဲ့နာမည်ကြီး recycle ပစ္စည်း

လေးတွေလုပ်တဲ့ဆိုင်လေးပေါ့။ မွန်လေးတို့သွားလည်ကြတော့ ဆိုင်လေးထဲကိုဝင်ဖို့သစ်သားတံတားကိုဖြတ်ရ

တယ်။ အဲ့သစ်သားတံတားပေါ်မှာလည်း မသုံးတော့တဲ့ရာဘာကွင်းတွေကိုဖြတ်၊ ဖျာပုံစံလုပ်ပြီး ချော်မလဲရ

အောင်ခင်းထားတယ်။ ဆိုင်အိမ်လေးကိုလည်း အုတ်နဲ့ ပလပ်စတစ်ဘူးခွံတွေရောပြီး ဆောက်ထားပုံလေး

ကလည်းချစ်ချင်စရာ။ အပြင်ဘက်ကကြည့်ရင် နံရံမှာ ရုပ်ကြွနေတဲ့ပန်းလေးတွေနဲ့အလှဆင်ထားသလိုလို

ဘာလိုလို။ မုန့်တွေစားပြီးတိုင်းလည်း ပလပ်စတစ်အိတ်တွေကိုမလွှတ်ပစ်ပဲ အတွေးကောင်းကောင်းနဲ့

ချစ်စဖွယ်အိတ်လေးတွေလုပ်ထားပြီးရောင်းတာကိုလည်းစိတ်ဝင်စားဖွယ်တွေ့ခဲ့ရပါတယ်။ ပြီးတော့ကော်ဖီမစ်

အထုပ်လေးတွေနဲ့လည်း စိတ်ဝင်စားဖွယ် ခြင်းထောင်းလေးတွေလုပ်ထားတာကိုလည်းတွေ့ခဲ့ရပါသေးတယ်။ အမျိုးစုံသော recycle bag လေးတွေကို အတွေးစိတ်ကူးကောင်းကောင်းနဲ့ လုပ်ထားတာကိုပုံစံမျိုးစုံနဲ့ မြင်ခဲ့ရပါတယ်

သူ့နာမည်ကကြွပ်ကြွပ်တဲ့
ကော်ဖီမစ်ထုပ်တွေနဲ့ချစ်စဖွယ်ကောင်းနေတဲ့ အိတ်ကလေး
လွယ်ချင်စရာ အိတ်ကလေး..စိတ်ကူးကောင်းတယ်နော်
ပလပ်စတစ်နဲ့လုပ်ထားပြန်တဲ့ ကလေးသွားရည်ခံလေး
အိမ်နံရံကိုပလပ်စတစ်ပုလင်းခွံနဲ့အလှဆင်ထားတာ
Recycle အိတ်ကလေးတွေ

#ဒလသင်္ဘောအချိန်📋📋

ဒလသင်္ဘောအချိန်လေးကိုလည်း ပုံလေးတင်ပေးထားပါတယ်..ကြည့်လိုက်ပါဦးနော်

ဒီလိုနေ့ချင်းပြန်သွားခဲ့တဲ့ ဒလခရီးစဉ်လေးကိုလည်းမွန်လေးဘယ်တော့မှမေ့မှာမဟုတ်တော့ပါဘူးလို့။ နောက်ထပ်လည်း ခရီးတွေသွားဖို့ရှိပါသေးတယ်။ ဆက်လက်ဖတ်ရှုအားပေးကြပါဦးနော်။😍😍☺️☺️

 

 

7 comments

  • kai

    September 20, 2017 at 10:20 am

    တိုင်းပြည်သာ နည်းနည်းလေးတိုးတက်လာရင်.. အဲဒီဒလက.. ခုန်တက်သွားမှာ..။
    ဆိုတော့..
    ရောက်ရင်တော့.. လည်လည်သွားကြည့်ဦးမှပဲ..။ :k:

  • Shar Thet Man

    September 20, 2017 at 1:41 pm

    နိုင်ငံခြားသားတွေကတော့ ခုလိုအခြေအနေမျိုးလေးကိုပဲကြိုက်တယ်ပြောပါတယ်..ရောက်လို့စိတ်ဝင်စားရင်သွားကြည့်ကြည့်ပါ

  • ဦးကျောက်ခဲ

    September 20, 2017 at 3:14 pm

    ဟိုးအရင် EU နဲ့ JICA ပလန်အတိုင်းသာ မြို့ချဲ့ဖြစ်ရင် …
    ဒလ က အကြီးအကျယ် တိုးတက်ဦးမှာ …
    နွေဘက်မှာ ရေရှားတာကို ဖြေရှင်းဖို့လည်း ပါပြီးသား …
    ရန်ကုန်မြို့တွင်း CBD နဲ့ အနီးဆုံးမှာမို့ ပန်းဆိုးတန်း တံတားထိုးဖြစ်ရင် …
    ဒလ မှာ အိမ်ခြံမြေရှိသူတွေ လက်ခမောင်းခတ်ဖို့ပဲ … :k:

  • Shar Thet Man

    September 21, 2017 at 10:04 am

    ဟုတ်ပါတယ် ဦးကျောက်ခဲ

  • ကျော်လွင်ဖြိုး

    September 25, 2017 at 9:53 am

    ဒလ ဘက် သွားပြီး မြေကွက်တွေ ဝယ်စုရတော့မလားဟင် 😀

    • ဦးကျောက်ခဲ

      September 25, 2017 at 2:09 pm

      နောက်ကျသွားဘီ … :k:
      တကယ်တမ်းတော့ ပြီးပြည့်စုံတဲ့ ပလန်မဟုတ်သေး ၊ နှစ်လုံးစကားနဲ့ ပြောရရင် ဂဏန်းမငြိမ်သေးလို့ မဝယ်သင့်သေးဘူး ။ ဝယ်ထားရင်လည်း နှစ်အများကြီး စောင့်ရမယ် ။ အဓိက ရေချိုမရသေးတဲ့ အခက်အခဲနဲ့ မြို့ကွက် ပလန်ပဲ … :k:

  • Shar Thet Man

    September 25, 2017 at 1:24 pm

    စုသင့်နေပြီထင်တယ် ကိုကျော်လွင်ဖြိုး 😛

Leave a Reply