သဘောကျမိတဲ့ အပြောကလေး

Mon LaySeptember 22, 20171min33136

“ကျနော်က စိတ်ထဲမှာ ရှိတာကို ပြောရဲတဲ့ ဝန်ထမ်းကို အမြဲရွေးချယ် ခန့်ထားတယ်။ ဥပမာ ပြောရရင် ကျနော်တို့ရဲ့ အထွေထွေ မန်နေဂျာဆိုရင် သူ့ကို အလုပ်ခန့်ဖို့ တွေ့ဆုံမေးမြန်းတော့ ကျနော်ပေးတဲ့ လခနဲ့ဆို ကျနော့်ဆီမှာ မလုပ်နိုင်ဘူး လို့ ကျနော့်မျက်နှာကို ကြည့်ပြီး ပြောတယ်။ သူ့ရဲ့ ပွင့်လင်းမှုကို ကြည့်ပြီး ကျေလည်း ကျေနပ်တယ်။ အံ့လည်း အံ့ဩတယ်။ သူတောင်းတဲ့ လခ အတိုင်းနဲ့ နောက်တနေ့ အလုပ် စဆင်းဖို့ ပြောလိုက်တယ်” ဟု သူက ပြောသည်။

အဲ့စကားကိုပြောတဲ့သူကတော့ ခုလက်ရှိ Adventure Myanmar Travel ပို်င်ရှင်လည်းဖြစ်၊ Amazing ဟိုတယ်တွေရဲ ့ပိုင်ရှင်လည်းဖြစ်

တဲ့ ဦးအောင်မျိုးမင်းဒင်ပဲဖြစ်ပါတယ်။

အမှန်ပဲ..လူဆိုတာ အမှန်ကိုသတ္တိရှိပြီးပြောရဲရမယ်။ ရိုးသားဖြောင့်မတ်ရမယ်။

 

 

6 comments

  • ဦးကျောက်ခဲ

    September 22, 2017 at 5:59 pm

    ငှယ် … အမေးဇင်း ဂွဇက် ဖြစ်နေပါပေါ့လား … ခွိ :k:

  • kai

    September 23, 2017 at 4:22 am

    အင်း…နာလည်း.. ဂိုဂယ်မှာအလုပ်သွားလျှောက်ပြီး.. ခပ်တည်တည်နဲ့.. အဲလို ပြောကြည့်ဦးမှပဲ..။
    သေချာတယ်..။ သေချာတယ်..။ :k:

  • ကျော်လွင်ဖြိုး

    September 25, 2017 at 8:24 am

    အလုပ်စလျှောက်တုန်းက အဲ့လို ပြောလိုက်တာ မခန့်ဘူး တဲ့လေ…. အဟင့် အဟင့် အဟင့်…. း)

  • Shar Thet Man

    September 25, 2017 at 9:55 am

    ဦးအောင်မျိုးမင်းဒင်ဆီမှာသွားလျှောက်ကြည့်ပါလား ကိုကျော်လွင်ဖြိုးရေ

  • Shar Thet Man

    September 25, 2017 at 10:51 am

    ဒါပေါ့ဦးကျောက်ခဲ..အမေးဇင်းဂွဇက် 😛

  • ko six

    October 11, 2017 at 9:55 am

    မြပောရဲမဆိုရဲ ဆိုတော့ကာ ပြောမနေတော့ဘူး။
    စာရေးပြလိုက်မယ်
    မိုက်လားလို့ အဟီး

Leave a Reply