မတူသောအတွေး,မတူသောခံယူချက်

aye.kkSeptember 30, 20171min2939

တစ်ဦးနဲ ့တစ်ဦး

အတွေးများမတူသလို

ခံယူချက်များလည်းမတူညီကြပါ။

တစ်မိသားစု အရင်းအချာပင်ဖြစ်နေပါစေ

အတွေးများမတူ,ခံယူချက်များမတူညီကြသဖြင့်

နားလည်မှုတွေ လွဲမှားဖြစ်ပေါ်ကြရသည်။

စိတ်၌မှီတည်၍ဖြစ်ပေါ်လာသော

မတူသောအတွေး,မတူသောခံယူချက်တို ့သည်

ချစ်ခြင်းတရားမှအမုန်းတရားဘက်သို ့လည်းကောင်း

အမုန်းတရားမှချစ်ခြင်းတရားဘက်သို ့လည်းကောင်း

ဖော်ဆောင်ပြောင်းလဲတတ်သည့် ၊ အကျိုး,အပြစ်တို ့အား ခံစား,စံစားရသည်။

အမုန်းတရားရှိနေသော သူ၏စိတ်က

သူ ့အတွေးမှာ

တဖက်သားအပေါ်စာနာတတ်သည့်စိတ်မထားရှိနိုင်သဖြင့်

ထိုအမုန်းတရားဖြစ်မိနေသူအပေါ်၌

ဝစီကံအရ,ကျူးလွန်မိကာ မခံသာသည့်စကားတို့ဖြင့်

ပစ်မှားပြောဆိုကာ ဆက်ဆံသည်။

အပြောခံရသည့်

တဖက်သား၏စိတ်၌ကား

အမုန်းတရားများကင်းရှင်းနေသောကြောင့်

ထိုသူ၏အမုန်းတရားအပေါ်၌

စိတ်ဆိုးခြင်းမဖြစ်ပေါ်ပါ။

သူ၏မေတ္တာစိတ်ဖြင့်သာ၊ထိုသူ၏အမုန်းတရားအား

ချေဖျက်ပစ်နိုင်ရန်သာ၊ ကြိုးစားအားထုတ်သည်။

ကြိုးစားအားထုတ်မှုရလာဒ်အရလည်း

အမုန်းတရားမှချစ်ခြင်းတရားဘက်သို ့ဖော်ဆောင်ပြောင်းလဲသွားကာ

အကျိုးတရား  ကြီးမားစွာရရှိ ခံစား,စံစားရသည်။

ဤအကြောင်းအရာကို

စဉ်းစားဆင်ခြင်ကြည့်မိပါလျှင်

စိတ်၌မှီတည်၍ ဖြစ်ပေါ်နေသော

မတူသောအတွေး,မတူသောခံယူချက်တို ့ကြောင့်ဖြစ်ရသည်ကို

တွက်ဆယူ၍ရပါသည်။

မောင်နှမအရင်းအချာများ၌လည်း

တစ်ဦးနဲ ့တစ်ဦးသိတ်ချစ်နေကြပါလျှင်

အပြစ်မမြင်နိုင်ကြပါဘဲ၊

မည်မျှပင်အဆိုးတရားအား

အကြိမ်ကြိမ်ပင်ပြုလုပ်ထားမိခဲ့ပါစေ။

အဆိုးပြုလုပ်မိသူအပေါ်တွင်၊

အကောင်းကိုသာရှာကြံတွေးသည်။

အစဉ်ခွင့်လွတ်သည့်စိတ်၊ခံယူချက်ထားရှိနိုင်သည်။

တချို ့ကြပြန်တော့လည်း

မောင်နှမအရင်းအချာပင်ဖြစ်လင့်ကစား

ခွင့်မလွတ်နိုင်သည့်အမှားမျိုးကျူးလွန်မိထားပါက

သေသည်အထိခွင့်မလွတ်နိုင်တော့ဘဲ

စိတ်၏ဆုံးဖြတ်ချက်,ခံယူချက်အရ

မောင်နှမအဖြစ်မှ၊စွန် ့ပစ်နိုင်ကာ၊ ပစ်ပယ်ထားလိုက်နိုင်သည်။

တချို ့မိသားစုတွေ

မောင်နှမတွေကြပြန်တော့လည်း

တစ်ဦးကိုတစ်ဦး

မောင်နှမအရင်းပင်ဖြစ်လင့်ကစား

တစ်ဦးက,တစ်ဦးအပေါ်တွင်

ကရုဏာစိတ်ထားဖြင့်

အပစ်မြင်တွေ ့သည့်အခိုက်အတန် ့ဝယ်

နာနာကျင်ကျင်ပြောဆို၍ အပစ်တင်ဆုံးမတတ်တာမျိုးရှိသည်။

အဆုံးမခံရသည့်သူက,သူ၏စိတ်၌

အမုန်းတရားဖြင့်၊ပြောတာဖြစ်သည်ဟုတွေးသည်။

တထစ်ချခံယူချက်ချမှတ်သည်။

ထိုအတွက်ကြောင့်ပင်

နားလည်မှုအကြီးမားဆုံးလွဲမှားကြရလျက်

ချစ်ခြင်းတရားမှအမုန်းတရားဘက်သို ့ဖော်ဆောင်ပြောင်းလဲသွားကာ

အကျိုးတရားပျက်စီးခြင်း၊ ခံစားကြရသည်။

ကောင်းသည့်စိတ်က

ကောင်းတာကိုတွေးပြီး၊ကောင်းသည့်ခံယူချက်ဖြစ်ပေါ်သည်။

မကောင်းသည့်စိတ်က

မကောင်းတာကိုတွေးပြီး၊မကောင်းသည့်ခံယူချက်ဖြစ်ပေါ်သည်။

မတူသောအတွေး,မတူသောခံယူချက်တို ့သည်

စိတ်၌မှီတည်၍သာဖြစ်ပေါ်နေလျက်ရှိသောကြောင့်၊အလွန်ကြောက်စရာကောင်းလှပေသည်။။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

9 comments

  • ဦးကျောက်ခဲ

    September 30, 2017 at 2:20 pm

    အများနဲ့ မတူအောင် ဖောက်ထွက်တွေးတော့လည်း …
    ကာယကံ ဝစီကံ မနောကံ မပစ်မှားမိတာတောင် အပြောခံရတာပါပဲ …
    ချစ်ချင်း မုန်းချင်း အလျင်းမထားပါဘူး ဆိုသော်ငြား …
    ကိုယ့်သွေးရင်းသားရင်းက ကန့်လန့်တိုက်ရင် ပိုခံစားရတယ် …

  • aye.kk

    September 30, 2017 at 2:35 pm

    မှန်ပါတယ်
    တူမောင်ကျောက်ခဲရေ ့။

  • သင့်အေးရိပ်

    October 2, 2017 at 9:10 am

    မတူတဲ့အတွေးတွေကို စုပြီး အားကောင်းလာအောင် လုပ်တတ်သူတို့ ကျတော့လည်း
    အတွေးအခေါ်တွေမတူတာ ခံယူချက်တွေ မတူတာကိုက စုစည်းအားထုတ်မှု ရလဒ်ကောင်းကောင်းတွေ
    ရလာလို့ ဆိုပြီး…
    😆
    ဗမာပြည်မှာတော့ အကြံတူရင်လည်း ရန်သူ ဆိုပြီး အဖွဲ့ကွဲချင်ကြတာရှိသေး။
    :k:

  • aye.kk

    October 2, 2017 at 10:54 am

    တူမောင်ရေ
    အကြေံတူရန်သူဆိုပြီး
    ရှေးထုံးစကားကိုလက်ကိုင်စွဲပြီး
    တယူသန်ကျင့်သုံးနေတာလည်း
    ပျောက်မယ်မထင်ဘူး။

  • manawphyulay

    October 13, 2017 at 4:55 pm

    လူတိုင်းမှာ ကောင်းသည့်စိတ်က

    ကောင်းတာကိုတွေးပြီး၊ကောင်းသည့်ခံယူချက်ဖြစ်ပေါ်သည်။ ဆိုလျှင် ပိုမကောင်းပေဘူးလားဟင်…

  • aye.kk

    October 14, 2017 at 5:56 pm

    မနောရေ
    မနောအတွေးကမှန်လဲမှန်,ပိုလဲကောင်းပါတယ်။
    အမုန်းတရားစိတ်နဲ ့ပြောခံနေရတဲ့အချိန်မှာ
    အပြောခံရသူစိတ်မှာသူ ့အပေါ်မုန်းနေတဲ့သူမဟုတ်တော့
    စိတ်မကောင်းဖြစ်မိမှာအမှန်ပါ။
    အန်တီကိုယ်တိုင်ခံစားဘူးလို ့ပါ။ အန်တီခံစားဘူးတာလေးကို
    ပြောပြလိုတဲ့သဘောတရားအနေနဲ ့ရေးလိုက်တာပါ။
    အန်တီကိုယ်တွေ့လေးတစ်ခုပြောပြလိုပါတယ်။
    အမုန်းတရားစိတ်နဲ ့
    ပြောတဲ့သူက
    မိဘတော့မဟုတ်ပေမဲ့မိဘအရာမြောက်နေတော့
    သူ ့အပေါ်မှာမိဘလိုပဲသဘောထားတဲ့အတွက်
    အချိန်တစ်ခု,နားလည်မှုရယူနိုင်ဘို ့အချိန်ပေးရမှာကို
    သဘောပေါက်မိပါတယ်။ အချိန်ကာလတစ်ခုဆိုတာ
    ဆယ်စုနှစ်လောက်ကြာမြင့်ပါတယ်။ အဲဒီအချိန်တွေကို
    စိတ်ကောင်းမရှိခဲ့ရင်ကြာမြင့်စွာပေးဆပ်ဘို ့ကမလွယ်ကူပါဘူး။
    အတွေးတွေဆိုတာ
    တစ်ယောက်နဲ ့တစ်ယောက်
    တစ်ဦးနဲ ့တစ်ဦး
    ဘယ်လိုမှတူညီနိုင်မယ်လို ့မထင်သလို၊အန်တီမယူဆပါဘူး။

  • Shar Thet Man

    October 16, 2017 at 3:19 pm

    aye.kk ကိုယ်တိုင်ရေးတာမှဟုတ်ရဲ ့လား

  • aye.kk

    October 16, 2017 at 6:12 pm

    ရှားသက်မန်

    .
    .
    .
    စိတ်ဆိုတာကိုမှန်းဆလို ့မရဘူးနော်။
    ပြေးနေတဲ့စိတ်ဖမ်းမရတဲ့အချိန်မှာရေးမိလို ့ပါ။

Leave a Reply