လျှာတိုတဲ့ ဖမာ …
ထိုင်းမှာ နေခဲ့တုန်းကပေါ့ …
ထိုင်းတွေက မြန်မာတွေကို မုန်းတယ် ၊ နှိမ်တယ် ဘယ်လိုပဲဆိုဆို … အေးရှန်း အိမ်နီးချင်းထဲမှာတော့ ဖမာ့ (မြန်မာ) တွေကို အတော်ခင်သား ။ အထူးသဖြင့် တတိယနိုင်ငံတစ်ခုမှာ ဆုံကြည့် ၊ သူတို့မှာ ဖမာ့တွေကိုတွေ့ရင် ဆွေရင်း မျိုးရင်းတွေ့ရသလို အတော်ပျော်ကြတာ ။ ပေါင်းလို့သင်းလို့လည်းကောင်း အတော် အနွံတာခံကြရှာပါတယ် ။ သူတို့အမြင်မှာ ဖမာတွေက သတ္တိကောင်းတယ် ၊ ပြောရဲဆိုရဲရှိတယ် … နိုင်ငံခြားသားကို မကြောက်တတ်ဘူးတဲ့ …
သူတို့ အစိုးရက ဘယ်လိုပဲ ဘရိန်းဝက်ရှ် လုပ်ထား လုပ်ထား ၊ သူတို့ အတွင်းစိတ်မှာ ဖမာ့တွေကို အတော် ကြည်ညိုကြတာဗျ … တကယ် ။ ထိုင်းတွေကြားမှာ ပညာမတတ် နဲ့ ပညာတတ်က အတော်ပေါင်းလို့ကောင်းတယ် ။ ပညာမတတ်က “ဦးအောင်ဇေယျ” တို့ “အယုဒ္ဓယ” တို့ကြောင့် ဖမာ့တွေက မိုက်ရူးရဲတွေဆိုပြီး အတိတ်ကအရိပ်ကြောင့် လန့်တယ် ။ ပညာတတ်တွေက သမိုင်းကြောင်းကို နားလည်တော့ အမြင်ရှိပြီး မနှိမ်တတ် ၊ လူကြီးလူကောင်းဆန်တော့ ပေါင်းလို့သင်းလို့ ကောင်းတယ် ။ ပေါင်းမကောင်းတာက ပညာ ဟိုမရောက် ဒီမရောက် ကန့်လန့်ကောင်တွေ ခင်ည ၊ သူတို့က တဘက်ပိတ်တော့ အစိုးရမှိုင်းမိပြီး ဖမာတွေကို အလိုလို မုန်းနေတာ ။
တကယ့် သမိုင်းအမှန်မှာ “အယုဒ္ဓယ” က ဘုရားဆင်းတုတွေကို ခေါင်းချိုး ဖျက်ဆီးသွားတာ မြန်မာတွေချည်းမဟုတ်ဘူး ၊ မြန်မာဘုရင် ဆင်ဖြူရှင်ရဲ့တပ်တွေ ထွက်သွားမှ “အယုဒ္ဓယ” ကို ရောက်လာတဲ့ “တရုတ်စစ်တပ်” ခင်ဗျ ။ မြန်မာတွေ မသတ်ခဲ့လားဆိုတော့ “ဟုတ်ကဲ့ … သတ်ပါတယ်” ၊ ဘုရားဆင်းတုတွေ မဖျက်လားဆိုတော့ “အကုန်တော့ မဟုတ်ဘူး ခင်ဗျ” ။ စစ်နိုင်ချင်တော့ “အယုဒ္ဓယ” အဝင်နားက ကိုးထပ်ကြီးလို ထိုင်တော်မူ ပဉ္စလောဟာ (သတ္တုစပ်) ဆင်းတုကြီးက ညာလက်ရုံးကို “အင်းအိုင်စမ” လောကီ အစီအရင်တွေလုပ်ပြီး ဖြုတ်ပါတယ် ။ ဦးနုခေတ်ရောက်မှ လက်ရုံးကို ပြန်တပ်ပေးတာပါ ။

Wat Phanan Choeng
ဟိုးအရင်ကတော့ ထိုင်းတွေက ဖမာဆိုရင် လူကောင်းတွေလို့ ယေဘူယျ သတ်မှတ်ထားတာပါ ။ သူတို့ ထိုင်း အမျိုးသား အတော်များများက ပွေရှုပ် သောက်စားတွေကိုး ။ အဲသည့်လိုပါပဲ … ထိုင်း အမျိုးသမီးတွေကလည်း အော့ကြောလန် … သောက်စား အနေအထိုင် စည်းကမ်းမရှိ ။ အဲသည့်တော့ မြန်မာမလေးတွေဆိုရင် ထိုင်းတွေက အတော် တန်ဘိုးထားကြတာ ။ အကျင့်စာရိတ္တကောင်းတယ် ခင်ပွန်းကိုရိုသေပြီး အိမ်ထောင်မှုနိုင်နင်းတယ် ၊ အဓိက “ပင်ကိုယ် သဘာဝ အလှနဲ့ လှတယ်” တဲ့ … ။ ဝုတ်တယ်လေ … ထိုင်းမတွေက မိတ်ကပ် တစ်လက်မလောက်ထူအောင်လူး ၊ ရှိစုမဲ့စုတွေဖော် ၊ ပလပ်စတစ် ဆာဂျရီ လုပ်နိုင်မှ ရုပ်ထွက်တာကိုး ။
ကျောင်းနေဘက် ထိုင်းလူမျိုး သူငယ်ချင်းတစ်ယောက်ရဲ့ အဖေဆိုရင် သူ့သားကို မြန်မာမ ယူဖို့ချည်း တိုက်တွန်းတာပဲ ။ ဆြာကျောက်စ်ကိုလည်း သူ့သားအတွက် မြန်မာမ လှလှလေးရှာပေးဖို့ ပူဆာတတ်ပါတယ် ။ ဆြာကျောက်စ်ကလည်း ကိုယ့်ဟာကိုယ်တောင် အဖြစ်မရှိ ၊ သူ့သား လူပျိုကြီးကလည်း မတုန်မလှုပ်ဆိုတော့ ဘိုးတော်က ဒေါဖောင်းပြီး “ငါနဲ့ နေရာချင်းလဲလိုက်ချင်ရဲ့ ၊ မင်းအမေ ဘဲစာကျွေးမှာ ကြောက်လို့ပေါ့ကွာ” ဆိုပြီး ရယ်သလိုမောသလိုနဲ့ မချင့်မရဲ ပြောတတ်ပါတယ် ။ သူ့နှမလေးတွေကျတော့လည်း ဆြာကျောက်စ် ရွာပြန်ရင် “သနပ်ခါး ကောင်းကောင်း” မှာကြပါတယ် ။ ဘန်ကောက်မှာ လေထုညစ်ညမ်းလို့ အသားအရေ ပျက်စီးရသတဲ့ ။ သူတို့လေးတွေက ညနေအိမ်ပြန်ရောက်ရင် သနပ်ခါးကို ဖုံနေအောင် လူးပြီးမှ အိပ်ရာဝင်ကြတာခင်ဗျ ၊ ရနံ့မွှေးပြီး အသား အေးတယ်ဆိုပဲ ။ သူတို့တင်မဟုတ် … ကြုံဖူးသမျှ အတော်များများသော ထိုင်းခေးမတွေလည်း သနပ်ခါးမှာတတ်ကြပါတယ် ။
ယနေ့လက်ရှိ အခြေအနေမှာတော့ မြန်တျန့်တွေခမျာ ပြည်တွင်းမှာ စီးပွါးရေးကလည်း မကောင်း ၊ လုပ်စားကိုင်စားဖို့လည်း အဆင်မပြေဆိုတော့ ၊ ဝမ်းဝ ခါးလှဖို့ ရေကြည်ရာ မျက်နုရာ ထိုင်းတို့ပြည်ကို ထွက်လာကြတာ လူ သန်းနဲ့ချီနေပါပြီ ။ စရိုက်တွေကလည်း မျိုးစုံဆိုတော့ ဟိုးအရင်လို မဟုတ်တော့ဘူးလေ ၊ ဖမာ့ဆိုရင် အမြင်တမျိုးတွေ ဖြစ်လာတယ် ခင်ဗျ ။ နယ်စပ်ကနေ ထိုင်းနိုင်ငံ မြို့ကြီးတွေကို အလုပ်လုပ်ဖို့ တရားမဝင် ဝင်လာတဲ့ ဖမာတွေကလည်း မနည်းမနောဆိုတော့ ၊ သူတို့ စစ်တပ်လည်း ဂိတ်တွေချပြီး အတော်စီစစ်ရတာပေါ့ဗျာ ။ ခက်တာက … ဖမာနဲ့ ထိုင်းက ရုပ်ရည်ကလည်း အတော်တူ ၊ ဖမာတွေက ထိုင်းလိုလည်း အတော်ရွှီးတတ်တော့ ထိုင်းစစ်တပ်အဖို့ အတော်ခေါင်းခြောက်ရတာပေါ့ ။
နောက်ဆုံးတော့ သူတို့လည်း ခေတ်ဆွေးက နည်းလမ်းဟောင်းကြီးကို အသုံးပြုရတော့တာပါပဲ ။ အဲဒါကတော့ “ထိုင်း နိုင်ငံတော်သီချင်း” ကို ဆိုခိုင်းတာခင်ဗျ ။ ထိုင်းရာဇဝင်သမိုင်းနဲ့ ဘုရင်တွေအကြောင်းကို ထိုင်းတွေထက် ပိုသိတဲ့ “ဖမာ တောင်ကျော်” တွေလည်း အဲသည့်တော့မှ ကွဲတော့တယ် ။
တောင်ကျော် မြန်မာတွေ “ထိုင်း နိုင်ငံတော်သီချင်း” လောက်တော့ ဆိုတတ်တာပေါ့ခင်ဗျာ ၊… ကွန့် ညွန့်နေတာပဲ … အော်လဂျင်နယ် ထိုင်းတွေထက်တောင် သာသေး ။ ဒါပေမဲ့ အသံ အတင် အချ နေရာတစ်ခုမှာ “ရှ” နဲ့ “သျှ” မကွဲတော့ … ဆိုခိုင်းလိုက်ရင် ၉၀% လောက် မိပါလေရောဗျာ …
ထိုင်းတွေကပြောတယ် … “နင်တို့ ဗမာစကားက မာမာတောင့်တောင့်ကြီး ၊ မပျော့ပျောင်းဘူး … လျှာတိုတာကိုး” တဲ့ ခင်ဗျား …
ဦးကျောက်ခဲ
ရယ်စရာအနေနဲ့ 
ပြောပြပါရစေနော်
မြန်မာကိုဘယ်လိုအဓိပါယ်လည်း
ထိုင်းတွေကမေးတတ်ပါတယ်။
အန်တီတို့ က
တိုတိုတုတ်တုတ်ပြန်ဖြေပေးတာ
မြန်မာဆိုတာ
မြန်တယ်,မာတယ်ပေါ့ဆိုပြီးအလွယ်ပြောလိုက်ပါတယ်
ထိုင်းဆိုရင်ကော
မြန်မာလိုဘယ်လိုအဓိပါယ်ရလည်းတဲ့
တချက်စဉ်းစားပြီးမှ
မပြန်ပါရစေနဲ့ လို့ ပြောတော့မရဘူး
အတင်းပြန်ခိုင်းတော့
ပြန်ပေးရတယ်
ထိုင်းတွေဆိုတာ
မြန်မာလိုပြန်ရင်
ထုံထုံထိုင်းထိုင်း အဓိပါယ်ရတယ်လည်းပြောပြရော
မေးမိတာမှားပါတယ်တဲ့။
နောက်နောင်ကို
ဘယ်တော့မှမမေးတော့ပါဘူးတဲ့လေ…။
Was this answer helpful?
LikeDislikeထိုင်းတွေက သူတို့ကို ယိုးဒယားလို့ ရည်ညွှန်းရင် မကြိုက်ချင်ဘူး …
ယိုးဒယားဆိုတာ “အယုဒ္ဓယ” ကနေ ကာလရွေ့လျောလာတာ …
သူတို့ကို စစ်ရှုံးလို့ နှိမ့်ချပြီး ခေါ်တဲ့ အခေါ်အဝေါ်ဆိုပဲ …
ကျနော်ကတော့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ စစ်မှာတစ်မူ(အိုင်ချင်း) ထဲကလို …
“ယွန်းမလေးတွေ” လို့ ခေါ်တယ် … ဟီး
Was this answer helpful?
LikeDislikeအ,ယုဒ္ဓယ ဆိုတာက.. လုပ်ကြံလို့မရတဲ့ဒေသဆိုလား.. မြို့ဆိုလားပဲ..။
ဗမာတွေက.. အ ဖြုတ်ပြီး.. ယုဒ္ဓယလို့ခေါ်တာ.. လုပ်ကြံ(တိုက်ယူ) လို့ရတဲ့မြို့ အဓိပ္ပါယ်လို့ မှတ်မိတာပဲ..။
အဲဒီကနေ.. ယုဒ္ဓယ.. ယိုးဒယားဖြစ်လာတာ.. တဲ့.။
Was this answer helpful?
LikeDislike“အယုဒ္ဓယ” မြို့တည်ဘုရင်က “U Thong” တဲ့ …
ရာဇဝင်တွေထဲမှာတော့ ပြည်ကြီးပေါက် တရုတ်လို့ဆိုတယ် …
အဲဒါကြောင့် အယုဒ္ဓယစစ်ပွဲမှာ တရုတ်က စစ်ကူပို့လိုက်တာ …
မြန်တျန့်တပ်တွေ ထွက်သွားမှ တရုတ်တပ်တွေ ရောက်လာသတဲ့ …
အလာကောင်းပေမည့် အခါနှောင်းသွားတယ်ပေါ့ …
Was this answer helpful?
LikeDislikeထိုင်းနိုင်ငံ၊မယ်ဆိုင်မြို့ က
အလောင်းဘုရားဦးအောင်ဇေယျဘုရားမှာ
ဦးအောင်ဇေယျအစီအရင်လုပ်ခဲ့တဲ့ကင်းမြီးကောက်ရုပ်ထုတွေမှာ
အမြီးတွေကိုထိုင်းဘက်လှည့်ထားခဲ့ပြီးယိုးဒယားကိုနာမ်နှိမ်ထားခဲ့တာ။
အဲဒါကိုထိုင်းတွေက
သိလာတော့ကင်းမြီးကောက်ရုပ်ထုတွေအားလုံး
ဗမာဘက်ကိုပြန်လှည့်ပြီးပြင်ဆင်လိုက်တယ်။
ဘုရားမှာထီးမရှိလို့ 
ယိုးဒယားတွေကထီးပြန်တင်တယ်။ဘယ်လိုမှတင်မရလို့ 
တာချီလိတ်ကနဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး
ကိုယ်တိုင်ထီးပြန်တင်ပေးမှရတာသိရတယ်။
Was this answer helpful?
LikeDislikeဟုတ်တယ် အန်တီအေး … အဲသည့် ဘုရားကို ရောက်ဖူးတယ် …
ထောင့်တွေက ကင်းမြီးကောက်ကြီးတွေများ အတော်အသက်ဝင် …
ဘုရားမှာ ထိုင်းတွေ ထီးပြန်တင်တိုင်း မိုးကြိုးပစ်တာလည်းတွေ့ဖူးတယ် …
ဘုရင်ကိုယ်တိုင် ထီးတင်တာတောင် မရဘူးလို့လည်းဆိုကြတာပဲ …
ဘိုခင်ညွန့်က နဂါးနှစ်ကောင်ဆရာတော်နဲ့ ထီးတင်မှ ရတော့တယ် …
မကြုံဖူးရင် ယုံရခက် … တာချီလိတ်နေဖူး ကိုယ်တွေ့မို့သာ …
Was this answer helpful?
LikeDislikeဟုတ်တယ်တူမောင်ရေ့ 
အန်တီကတာချီလိတ်ကို
၁၉၉၄ခုနှစ်ဖေလဆန်းထဲကရောက်တာ
ကင်းမြီးကောက်နဂိုမူရင်းရုပ်ထုကိုတောင်
ဖျက်ပြီးပြန်ပြင်ဆင်တာ၊အဲဒီအချိန်ကလည်း
အန်တီကိုယ်တိုင်ကမူရင်းနဂိုရှိနေတဲ့ကင်းမြီးကောက်ရုပ်ထုတွေကို
ဓါတ်ပုံရိုက်ထားရမှာ၊မရိုက်မိဘူး။မထင်မိတာလည်းပါတယ်။
နဂိုမူရင်းရှိနေတဲ့သမိုင်းဝင်ရုပ်ထုကိုမဖျက်ဆီးလောက်ဘူးလို့ တွေးမိတာ။
ဒီလိုအစီအရင်တွေနဲ့ ပြုလုပ်ခဲ့တာကိုထိုင်းတွေကမသိခဲ့လို့ သာအန်တီရောက်တဲ့
အထိ(၁၉၉၄)ခုနှစ်ကနေ၁၉၉၆လောက်ထိရှိနေတာပါ။တာချီလိတ်မှာအန်တီရောက်တဲ့အချိန်
တပါတ်လောက်အကြာမှာတိုက်ပွဲဖြစ်တော့၊ယိုးဒယားတွေကထိတ်လန့် ပြီး၊ဗမာနဲ့ စစ်ဖြစ်ခဲ့ရင်
အဲဒီအစီအရင်တွေကြောင့်ဗမာကိုဘယ်လိုမှမနိုင်နိုင်ဘူးဆိုတာသူတို့ ယုံကြည်တယ်။
ယုံကြည်လောက်အောင်ကိုယ့်အတွင်းလူတွေက၊ထိုင်းဘုရင့်အထိရွှေနားတော်သွင်းနားဖောက်နိုင်တာကိုလည်း
အန်တီကစိတ်မကောင်းဖြစ်မိတယ်။ ရုပ်ထုတွေကိုအကုန်ဖျက်ဆီးပြီးပြန်ပြင်ဆင်တဲ့အချိန်၊မိုးကောင်းကင်
တွေကနေ့ စဉ်ရက်ဆက်ညို့ မှိုင်းနေတာပဲ၊စိတ်ထဲမှာလည်းဘုရားဖူးသွားတဲ့ခါတိုင်းရင်ထဲတမျိုးကြီးဖြစ်ပီးခံစားရတယ်။
ဦးခင်ညွှန့် ကိုယ်တိုင်လာသွားတာလည်းအန်တီသိတယ်၊အဲဒီအချိန်ကအန်တီကတာချီလိတ်လေဆိပ်မှာတာဝန်ကျနေတာပါ။
Was this answer helpful?
LikeDislikeကျနော်နေခဲ့တာက ၁၉၉၂ – ၁၉၉၃ …
တောင်ထိပ်က ဦးအောင်ဇေယျဘုရားကို ခဏခဏရောက်တယ်…
အခု တောင်ခြေအတက်လမ်းမှာ ဈေးတန်းကြီးဖြစ်သွားပြီ …
Was this answer helpful?
LikeDislikeပြီးခဲ့တဲ့ ၂ပါတ်လုံး….

ဘန်ကောက်က ရောက်လာတဲ့ လေအားလျှပ်စစ် စီမံကိန်းအတွက် နည်းပညာရှင် ထိုင်းတစ်ယောက်နဲ့
တောထဲတောင်ပေါ် ခရီး ထွက်ခဲ့ရသေး။ မြန်မာပြည်ရဲ့ မြေပြင်အခြေအနေတချို့ကို ကိုယ်တွေ့ တွေ့သွားပြီးနောက်…
အဲဒီထိုင်းလည်း နောက်တစ်ခါ ဗမာပြည်ကို လာချင်မယ်မထင်တော့….
သူတို့ထိုင်းဟာ စစ်အစိုးရ အုပ်ချုပ်တဲ့တိုင်းပြည် ဆိုပေမဲ့…

စစ်အစိုးရ အုပ်ချုပ်ဖို့ ဥပဒေကျမ်းကတော့ တကယ့် တတ်သိ ပညာရှင်တွေ ရေးဆွဲထားတဲ့ ခြေ/ဥ တဲ့။
ပညာတတ်ထဲကမို့ အဲဒီထိုင်းကိုကိုက ဗမာတွေကို အထင်သေးပုံတော့မရ…
တောထဲ အသွားမှာတော့ တံတား မရှိတဲ့ ချောင်းထဲလည်း ဆင်းကူးရ….
ခြင်ကိုက် မြွေပေါတဲ့ တောထဲလည်း အိပ်ရ
ဆီတွေ နင့်နေတဲ့ တောခေါက်ဆွဲကြော်ညံ့ညံ့နဲ့လည်း နေ့လည်စာ ညစာ စားခဲ့ရ…
ခွေး၊နွား၊ဆိတ်၊သိုး၊ဝက်၊ကြက်၊မြွေ၊ဆိုင်ကယ်၊စက်ဘီး၊ကလေးတွေ….တက်နေတဲ့ အဝေးပြေးလမ်းပေါ်မှာလည်း
သည်းထိတ်ရင်ဖို ကားလိုက်စီးခဲ့ရတာမို့….
နောက်တစ်ခေါက် ဗမာပြည်ကို ခေါ်လို့တောင် ရမယ် မထင်…
Was this answer helpful?
LikeDislikeအာဏာသိမ်းစစ်တပ်က ခြေ/ဥ အဟောင်းကိုဖျက်ပြီး …

သူတို့အနေအထားကို အသာစီးပေးထားတဲ့ ခြေ/ဥအသစ် ပြန်ဆွဲတာပါ …
မြန်တျန့်စစ်တပ်ကို အကူအညီတောင်း ၊ နမူနာတောင် ယူသွားသေးတယ် …
ခုလည်း ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ လေတော့လွှတ်နေတာပဲ …
ဟဲ ဟဲ … သူတို့လည်း တစ်မတ်သား လာဦးမယ်ထင်ရဲ့ …
Was this answer helpful?
LikeDislikeခုက လျှာမတိုတေ့ဘူး။ လျှာရှည်တဲ့ဗမာဖြစ်နေပြီ… သူတို့မသိသေးတာဖြစ်မယ်…
ထိုင်းစကားက လေပျော့ပျော့နဲ့ အတော်ချွဲချွဲနွဲ့နွဲ့ပြောနိုင်မှ ပီသပြီး ယဉ်ကျေးသတဲ့…
မြန်မာစကားက သိတဲ့အတိုင်း လေသံပြတ်ဆိုတော့ လျှာတိုတယ်လို့ ပြောကြတာ …
Was this answer helpful?
LikeDislikeထိုင်းစကားက…ထိုင်းယောက်ျားတွေပြောနေတာတောင်.. ဂျပန်တွေကြားရင်.. (နှိမ်ပြောတာတော့မဟုတ်) ဂေးတွေလို့ထင်ကုန်တာအထိ.. ချွဲချွဲနွဲ့နွဲ့ကြားရတာ..။
မြန်မာကျ.. နည်းနည်းနွဲ့ပေမယ့်… ထိုင်းလောက်တော့မဆိုး..။
မြန်မာယောက်ျားချင်း.. အရက်ဆိုင်မယ်.. ခပ်ပြတ်ပြတ်ပြောနေကြရင်… ဘေးကနားမလည်တဲ့သူက.. ရန်ဖြစ်နေတယ်တောင်ထင်တတ်ပြီး.. ဂျပန်စကားအသံထွက်နဲ့လည်း.. ဆင်..။
Was this answer helpful?
LikeDislike