ရခိုင်ခွန်

 ပထမ နဲ့ ဒုတိယ ကဗာစစ်အတွင်း အင်္ဂလန်၊ ယူအက်စ်နဲ့ ဥရောပမှာ စစ်စားရိတ်ထောက်ပံ့ဖို့ အခွန်ငွေ တိုးမြှင့်ကောက်ခံတယ်။ အလွန်အမင်း မြင့်တက်လာတဲ့ စစ်အသုံးစားရိတ်ကို ကာမိစေသလို တတိုင်းတပြည်လုံးနဲ့ ဆိုင်တဲ့ မျိုးချစ်စိတ်ဓါတ်၊ ပူးပေါင်းပါဝင်ရေးကိုလဲ လှုံ့ဆော်ပြီးသားဖြစ်တယ်။ တောင်ကိုရီးယားမှာလဲ ၁၉၉ဝ ပြည့်လွန်နှစ်တွေမှာ စီးပွားပျက်ကပ်ကြုံတော့ ပြည်သူတွေ ရွှေတွေလှူပြီး မျိုးချစ်စိတ်၊ စုစည်းညီညွှတ်မှု ပြတယ်။ မြန်မာပြည် ယနေ့ကြုံတဲ့ ဘင်္ဂါလီပြသနာ ဖြေရှင်းမယ်ဆိုရင် နယ်စပ်လုံခြုံရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်နိုင်မှရမယ်။ အစိုးရ အစဉ်အဆက် ပြောဆိုလာပေမဲ့ လက်တွေ့မှာ ဘတ်ဂျက်မရှိဘူး။ နယ်စပ်လုံခြုံရေးတပ်ဖွဲ့၊ လဝကတွေလွှတ် လုပ်တာပဲ၊ ဒေသ ဆင်းရဲလွန်း လမ်းပန်းဆက်သွယ်ရေး ခက်လွန်းတော့ ဘယ်သူမှ မသွားချင်ဘူး။ မြေမျိုလို့ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည် အမျိုးသားရေး အဆင့်သတ်မှတ်လဲ လုပ်တုံးခဏပဲ နောက်တော့ အကျင့်ပျက် ခြစားတာပဲ။ နှစ်ရှည်လများ ဘယ်သူမှ ဥပုသ်မစောင့်နိုင်။ ဖွံ့ဖြိုးရေး လုပ်လဲ လိုအပ်ချက် ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေတယ်။ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး တွဲလုပ်မှရမယ် ဒါပေမဲ့ ဘယ်မှာလဲ ပိုက်ဆံ။ ။။။။

တူတူတန်တန် ဖြေရှင်းဖို့ဆိုရင် ဒေါ်လာသန်းတရာလောက် အနည်းဆုံးလိုမယ် ခန့်မှန်းတယ်၊ မြန်မာငွေ သန်းပေါင်း တသိန်းသုံးသောင်းခွဲ (ဝါ) ကျပ်ငွေ ၁၃၅ဘီလျံနဲ့ ညီမျှတယ်။ လုံခြုံရေးတပ်ဖွဲ့ တိုးချဲ့လေ့ကျင့်ရေး၊ နယ်စပ်တံတိုင်း တည်ဆောက်မွမ်းမံရေး၊ လက်နက်ကိရိယာ ဖြည့်တင်းရေး၊ ဝန်ထမ်း သက်သာချောင်ချိရေး၊ ဒေသခံများ ထောက်ပံ့ရေး စတာတွေ လုပ်ပေးနိုင်မှ ရမယ်။ ဘူးသီးတောင် မောင်တောမှာ စက်မှုဇုံ မဖြစ်နိုင်သေးရင် လယ်ယာစိုက်ပျိုး မွေမြူရေး ဖွံ့ဖြိုးအောင် လုပ်ရမယ်။ ဒါမှ ပြည်ပထွက်လုပ်နေသူများ ပြန်လာမယ်။ လူကို လူနဲ့ပဲ ကာလို့ရမယ်။ အရင်က လုပ်တာပဲ ဒါပေမဲ့ ချျို့ချို့တဲ့တဲ့ ပြီးတော့ ခေါင်ကမလုံ၊ မကြာခင်ပဲ အကုန်ပျက်တယ်။ ယနေ့ ခေါင်လုံနေချိန်မှာ အောက်ခြေ ပြန်လည်တည်ဆောက်ရမယ်။ ရေရှည် လုပ်နည်းလုပ်ဟန် အမျိုးမျိုးရှိပေမဲ့ လျင်မြန်ထိရောက်စွာ ဖြေရှင်းရေး ငွေလိုတယ်။ ။။။။

လုံခြုံရေး အကြောင်းပြလို့ ငွေချေးလို့ မရနိုင်။ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရေးလဲ ပြသနာရှိတယ်။ မြင်မိတာ တရုတ်၊ အိန်ဒိယ နဲ့ ဂျပန်ပဲရှိတယ်။ ဂျပန်က ဝေးတယ်၊ အိန်ဒိယက ဒါမျိုးမကျွမ်း။ နီးစပ်တာ တရုတ်ပဲ။ သူ့ကို ရခိုင်မှာ လယ်ယာစိုက်ပျိုး မွေးမြူရေး ပေးစားလိုက်။ နည်းပညာ၊ အရင်းအနှီး ယူလာခဲ့၊ လုပ်သားနဲ့ မြေ ငါတို့ပေးမယ်။ နယ်တွေမှာ တရုတ်တွေလာ ဖရဲခင်းစိုက်ပြီး တရုတ်ပြည် ပြန်ပို့သလိုပေါ့။ အောင်မြင်ရင် ရခိုင်နယ်စပ် ကိုယ့်လူတွေနဲ့ ပြန်စည် ခိုင်ခံ့လာမယ်။ ဒါက ရေလတ် ရေရှည် ဖြေရှင်းနည်း။ လတ်တလောမှ ဘယ်လို လုပ်ကြမလဲ။ အချိန်၊ ဒီရေနဲ့ ဘင်္ဂါလီ မြန်မာကို မစောင့်။ ။။။။။

ဘောင်ဂါလီကြင်

အစိုးရမှာ ဘဏ္ဍာငွေ ဖြည့်တင်းဖို့ လိုနေပြီ။ နယ်စပ်တံတိုင်းအတွက် စီးပွားရေးလုပ်ငန်းရှင်ကြီးများ သိန်းသောင်းချီလှူတာ မလုံလောက်ဘူး။ ။။။။။

ရခိုင်ခွန် ကောက်ပါ။ သာမန်အချိန်ဆို အခွန်တိုးကောက်မှာ ပွက်ပွက်ညံ ဝိုင်းဆဲကြပေမဲ့ ဒါမျိုးအရေးတော့ ဘယ်သူမှ ကြီးကြီးကျယ်ကျယ် ကန့်ကွက်ရဲမည် မထင်။ နဝတ နအဖခေတ်မှာ ပိုဆံလိုလာရင် မော်တော်ကားတွေ သွင်းခွင့်ပြုသလိုမျိုး ဒါပေမဲ့ ကိုယ်က ဥပဒေနဲ့ညီ လွှတ်တော် အတည်ပြုချက်ယူ လုပ်မှာ။ ဒီမိုခေတ် မိုဘိုင်းလ်ဖုံးခွန် ၅% ထိရောက်မှု မျက်မြင်ရှိတယ်။ တနိုင်ငံလုံး ဆိုင်တဲ့ အမျိုးသားရေးမို့ အားလုံး ထည့်ဝင်ကူညီရမယ်။ လွှတ်တော်မှာ ဥပဒေပြဌာန်း၊ စားသုံးခွန် ၁ရာခိုင်နှုန်း တိုးကောက်၊ လိုင်စင်နဲ့ဝင်ကြေးအချို့ တိုးမြှင့်လိုက်။ တနှစ်အတွင်း ကျပ်ငွေ သန်းသုံးသောင်းလောက် ပန်းတိုင်ထား လိုတိုးပိုလေ ျှာ့ ရေးဆွဲပေါ့။ အားလုံးကို ပွင့်ပွင့်လင်းလင်းပြော၊ စစ်ဖြစ်နေသလို နိုင်ငံ အချုပ်အခြာအာဏာတိုက်ပွဲ ဖြစ်တယ်။ ထည့်ကိုထည့်ရမယ်။ မထည့်ရင် ဥပဒေအရ အရေးယူ၊ လူမှုကွန်ယက်မှာ ဖေါ်ထုတ်။ တဆကထဲမှာ ရံပုံငွေ စီစစ်ရေး စစ်တပ်၊ ပြည်ထဲရေးနဲ့ ဆွေးနွေး။ သူ့ချည်းလွှတ်ထားရင် အလီဘာဘာ ညကင်းစောင့်ခိုင်း သလိုနေမယ်။ ။။။။

နယ်စပ်ကွာကွယ်နိုင်မယ်၊ တိုင်းရင်းသား စည်းလုံးရေး လက်တွေ့ဆောင်ရွက်ခြင်း ဖြစ်တယ်၊ မျိုးချစ်စိတ်ဓါတ် လက်တွေ့စမ်းသပ်ခြင်းဖြစ်မယ်။ လုပ်ရင်းနဲ့ တိုင်းပြည် စီးပွားရေး အနေအထား၊ အခွန်စနစ် လိုအပ်ချက်များ မြင်လာမယ်။ အရေးအကြီးဆုံး ပြန်လည်သင့်မြတ်ရေး နဲ့ စုစည်းညီညွှတ်ရေး အကောင်အထည်ဖေါ်နိုင်မယ်။ အစိုးရတခုသည် ပုံမှန် လုပ်ရိုးလုပ်စဉ် လုပ်နေလို့ ဘာမှမထူး၊ ကြုံလာတဲ့ အခြေအနေအပေါ် ရှိတဲ့အင်အား အကြံညဏ်နဲ့ တုံ့ပြန်ကေ ျာ်လွှားနိုင်မှ အစိုးရကောင်း မြည်ပါမည်။ ။။။။။

အမျိုးဇာတိချေ သာလီစွကြောင်ကြီး *:(fight) fight

8 comments

  • ဦးကျောက်ခဲ

    October 1, 2017 at 1:44 pm

    ဘာမှ မလုပ်နဲ့တော့ … ပြည်သူတွေလည်း အခွံပိ …
    အားလုံးလွန်ခဲ့ပြီ ဆေးမမီတော့ဘူး … အဖြေ ၂-မျိုးပဲထွက်တယ် …
    – ဘင်္ဂလီကို နိုင်ငံသား ပေးရင်ပေး ၊ မပေးနိုင်ရင် …
    – ဘင်္ဂလီ လွတ်မြောက်နယ်မြေခွဲပေး … ဒါပဲရှိတော့တယ် …
    ၂-မျိုးလုံး ဖြစ်လာမည့် အကျိုးဆက်က ဘာမှ ကောင်းဖို့မရှိ …
    ပေါက်ဖော်ကြီးနဲ့ ရုရှားကြီးတို့ဆီက မျှော်လင့်ချက်မှိန်မှိန်ပဲ ကျန်တော့တယ် …
    နိုင်ငံရေးပါးဝလွန်းတဲ့ ကလားမဂျီး ဟာစီးနားကို ကျိန်ဆဲကြ …
    ဘော်လီဘောလို ပင့်တင်ပြီး ရိုက်ချတဲ့ မျက်နှာဖြူတွေကို ကျိန်ဆဲကြ …
    ခုနေ ဝက်ကလေးဒုံးကျည် လမ်းချော်ပြီးမှန်ရင်တောင် ကိုယ်တွေအပြစ်မလွတ် …
    … ရှေးဝဋ်ကြွေးလို့ သာဘောပိုက်ပြီး တစ်ရာနဲ့ဖြေဂျဘာ … သာလီစွ :k:

    • Foreign Resident

      October 26, 2017 at 3:04 pm

      ဦးကျောက် ပြောတာကို ထောက်ခံတယ် ။
      – ဘင်္ဂလီကို တန်းတူ နိုင်ငံသားပေး ။ ပညာ စီးပွား တိုးတက်အောင် လုပ်ပေး ။
      – ဘင်္ဂလီကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် / လွတ်မြောက် ပြည်နယ် / နိုင်ငံ ခွဲပေးလိုက် ။

  • ကထူးဆန်း

    October 2, 2017 at 10:12 am

    ရကတ ဝကခ သာ ရခိုင် ပို့လိုက်ပါ .. သူ့ လေ နဲ့ အားလုံး ကောင်း သွားမှာ … စက်မှုဇုန်တွေ ထောင်ပေးမယ် .. အလုပ်သမား လခ အောက်ထစ် ၅၀၀ဝ ရစေမယ် .. က ျု းကေ ျာ်တွေ အကုန် စာရင်းကောက်ပြီး တိုက်ဆောက်ပေးမယ် … နတ်မြစ်ကို အလည်ထား မြို့ ဆောက်မယ် … အို … သူနဲ့ ကွက်တိဘဲ … 🙂 🙂

  • ဂျစ်စူ

    October 2, 2017 at 10:53 am

    ဥပဒေနဲ ့ ညီရင် နိုင်ငံသားပေးမယ်
    မညီရင် ခွေးစွဲစွဲ ကျီးထိုးထိုး ကိုယ့်လက်ကလွတ် ဘွတ်ခ်ပဲ
    နယ်စပ် စည်းရိုးအတွက်
    မ.ဘ.သ တွေကို စာရင်းကောက်ပြီး ကင်းစောင့်ခိုင်း
    သူတို ့ပဲ အရိုးစည်းရိုးထိုးမယ်ပြောထားတာ ကင်းလောက်တော့ စောင့်သင့်တယ်
    မစောင့်ချင်ရင် နောက်ခါ ဘာမှ အကျိုးမပြုပဲ စောက်ကျီးစောက်ကျယ် မပြောနဲ ့
    ဒါဘဲ
    မာမူအာပူလျှာပူ ဂျစ်စူ

  • သင့်အေးရိပ်

    October 2, 2017 at 1:38 pm

    အခုလောက် အခွန် ဆောင်ရတာကိုတောင် ပွစိပွစိ လုပ်နေတာတွေ မြင်မကောင်း…
    အခွန်သာ တိုးကောက်လို့ကတော့ ဆဲကောင်းလိုက်မယ့်အမျိုး
    မသာဓု မသာဓု

  • kai

    October 2, 2017 at 3:44 pm

    ရခိုင်ခွန်လိုကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လုပ်ရိုးလုပ်စဉ်ပဲ..။ ဒါပေမယ့်.. မြန်မာတွေအတွက်ကတော့.. ထေရာဝါဒဝင်မာျးပီပီ.. အဆင်ပြေမယ်မထင်..။
    ဆိုတော့…
    မေယုခရိုင်မှာ ရခိုင်တွေကို.. ကာစီနိုလိုင်စင်ချပေးလိုက်ရင်ကော…။
    ဒီမှာ.. နေးတစ်အင်ဒီးယန်းတွေကို အထူးအခွင့်ပေးသလိုပေါ့..။ :k:

    • ဦးကြောင်ကြီး

      October 3, 2017 at 12:00 pm

      မမွှေပါနက် သဂျီးရယ်။ နဂိုကမှ ကိုရွှေရခိုင် အရက်သိပ်သောက်တာ၊ လောင်းကစားပါဖက် ၂ပင်လိမ်သွားမဲ။ *~^o^~ cheer

      • kai

        October 3, 2017 at 3:29 pm

        ရခိုင်ခွန်ကောက်နိုင်ရင် အကောင်းဆုံးပေါ့..။
        ဂျပန်မှာနေတုံးက..Gulf War ဖြစ်တာ.. ဂျပန်ပြည်လည်း.. အမေရိကားရဲ့စစ်စရိပ်တချို့ကို မျှခံပေးရဖို့ဖြစ်လာတော့.. သူတို့ပုံမှန်အခွန်ငွေကို..ရာခိုင်နှုန်းတခု တင်ပြီးမှ ထွက်လာတဲ့ငွေနဲ့.. ပေးလိုက်တာသတိရမိတယ်..။
        အမေရိကားကျ… သူ့ရဲ့ လူထုကိုချုပ်ကိုင်ထားတဲ့..ဒုတိယကြိုး.. ဓာတ်ဆီဈေးကို ကစားပြီး.. လူထုဆီက ပိုက်ဆံကိုညှစ်ထုတ်တာပဲ..။

        မြန်မာပြည်မယ်.. လူထုကိုကိုင်တဲ့.. ဒုတိယကြိုးဖန်တီးနိုင်ရင် ပိုကောင်းမယ် ..။
        ဆိုတော့.. အရက်ခွန်ကိုတိုးကောက်ပေါ့..။ :k:

Leave a Reply