ဘာကြောင့် Hostel မှာတည်းသင့်လဲ????

Mon LayOctober 9, 20172min57311
ခရီးတစ်ခုသွားမယ်ဆိုရင် အားလုံးသိကြတဲ့အတိုင်းလေယာဉ်လက်မှတ်က ဈေးအကြီးဆုံးပါ ပြီးရင်တော့အများအားဖြင့် တည်းခိုစရိတ်တွေကဈေးကြီးတတ်ပါတယ်။ ဒါပေမယ့် ကိုယ်တွေလိုလူငယ်တွေ ပိုက်ဆံလည်းအများကြီးမသုံးနိုင်ဘူး ကြာကြာလည်းနေချင်တယ် ဆိုတဲ့သူတွေအတွက် တည်းခိုစရိတ်တွေမှာချွေတာလို့ရနိုင်တဲ့နည်းလမ်းလေးပြောပြချင်ပါတယ်။
အဲ့ဒါကတော့ Hostel/Dorm တွေမှာနေတာပါ။ နောက်ပြီး တစ်ယောက်တည်းခရီးသွားရလို့ ဟိုတယ်ခန်းမှာ တစ်ယောက်တည်းမနေရဲတဲ့ ကိုယ်လိုလူတွေအတွက်လည်းအဆင်ပြေတာပေါ့ 😀

အဲ့တော့ Hostel တွေမှာနေရခြင်းရဲ့ကောင်းကျိုးတွေ၊ဆောင်ရန်ရှောင်ရန်လေးတွေကို သိသလောက် sharing လုပ်ပေးပါမယ်နော်။

ဟုတ်ပါတယ် စောစောကပြောခဲ့သလိုပဲ ငွေကုန်သက်သာပါတယ်။ နေရာတော်တော်များများမှာ Hostelအများစုက တစ်ညကိုတည်းခိုစရိတ် ၁ဝဒေါ်လာမကျော်ပါဘူး တစ်ချို့တွေဆိုမနက်စာတောင်ပါသေးတယ်။၃စတားဟိုတယ်မှာတည်းတာရဲ့တစ်ဝက်လောက်သက်သာတာကြောင့် ရက်အကြာကြီးနေမဲ့သူတွေအတွက့်ကုန်ကြစရိတ်ကိုလျှော့ချနိုင်မှာပါ။နောက်ပြီး hostel မှာလာတည်းတဲ့နိုင်ငံအသီးသီးကခရီးသွားတွေနဲ့လည်းမိတ်တွေဖွဲ့နိုင်ပါသေးတယ်။ တစ်ယောက်တည်းသွားလည်း သူငယ်ချင်းရသွားမှာမို့လို့မပူနဲ့နော် 😀
locker တွေလည်း hostel တော်တော်များများမှာရှိတဲ့အတွက် အပြင်သွားရင်သယ်မသွားချင်တဲ့ပစ္စည်းတွေကိုလည်း locker ထဲသော့ခတ်ပြီးထည့်သွားရုံပါပဲ တစ်ချိုု့ hostel တွေမှာတော့ luggage size အကြီးတွေထည့်လို့ရတဲ့ locker တွေရှိပေမယ့် တစ်ချို့မှာမရှိပါဘူး ဒါပေမယ့် မပူပါနဲ့ luggage တွေ backpack တွေအတွက် သီးသန့်ထားရမယ့်နေရာတွေထားပေးတတ်ကြပါတယ်။ ရေချိုးခန်း အိမ်သာတွေကတော့ share ပြီးသုံးရတာဖြစ်တဲ့အတွက် အခန်းမအားရင်ခဏစောင့်ရတာလေးတွေတော့ရှိတတ်ပါတယ်။ အများစုကတော့ရေချိုးခန်းအိမ်သာလုံလုံလောက်လောက်ထားပေးတတ်ကြလို့ no worries ပါ ပြီးတော့ သူများနဲ့နေရတာဖြစ်တဲ့အတွက် သူများတွေကိုအနှောင့်အယှက်ဖြစ်စေမဲ့အပြုအမူမျိုးလေးတွေ ဥပမာ သူများတွေအိပ်နေချိ်န်စကားအကျယ်ကြီးပြောတာတိ၊ု့ မုန့်တွေစားစရာတွေအခန်းထဲယူစားတာတို့ ကိုတော့ရှောင်ရပါမယ်ရှင့်။
တစ်ခုရှိတာကလူအမျိုးမျိုးစိတ်အထွေထွေဆိုတော့နည်းနည်းတော့သတိထားရမယ်ပေါ့နော်။

Bangkok, Phuket နဲ့ Vietnam က location အရရော တစ်ခြား facilities တွေပါကောင်းတဲ့ hostel လေးတွေလည်းသိချင်ရင်လည်း မွန်လေးကို

လက်တို့မေးမြန်းနိုင်ပါတယ်လို့…ရှာပြီးသားပါလို့.

11 comments

  • A mar nyo

    October 10, 2017 at 1:04 pm

    ပထမအကြိမ် Hostelမှာတည်းတာတော်တော်အဆင်ပြေတယ်ဈေးလည်းသက်သာတယ် နိုင်ငံအသီးသီးကလူတွေလည်းတွေ့တာနဲ့တမ်းနုှတ်ဆက်တယ် ဟိုတယ်မှာလိုအဆင့်မြင့်မြင့်မဟုတ်ပေမဲ့ လူငယ်တွေဆိုရင်တော့ hostel မှာနေသင့်တယ် အတွေ့အကြုံလည်းရတယ် ပိုက်ဆံလည်းသက်သာတယ်

  • ko six

    October 11, 2017 at 9:52 am

    တည်းကြည့်ဦးမယ်

  • manawphyulay

    October 13, 2017 at 4:46 pm

    တချို့ကျပြန်တော့ Hostel ဆိုရင် အမြင်နည်းနည်းများ မြင်နေသလားလို့လေ…

    • A mar nyo

      October 24, 2017 at 5:08 pm

      ဘယ်လိုမြင်မလဲတော့မသိဘူး ရုံးက ကကြိီးဆရာပြောတာတော့အနောက်တိုင်းကhostelကတစ်မျ ိုးပဲလို့တော့ပြောတယ် ခုသွားခဲ့တဲ့နေရာကတော့မဆိုးပါဘူး အရှေ့တိုင်းမိုလို့လားတော့မသိဘူး အဆင်ပြေတယ်

  • Shar Thet Man

    October 14, 2017 at 10:35 am

    A mar nyo >> ဟုတ်ပါတယ်…တော်တော်လေးသက်သာပြီး ကိုယ်လိုစကားအိုးဆိုတော့ပိုပြီးမိတ်ဆွေရပါတယ်

  • Shar Thet Man

    October 14, 2017 at 10:37 am

    ko six >> တည်းကြည့်ပါ

    • ko six

      October 16, 2017 at 12:44 am

      ဟုတ်ကဲ့ပါဗျ

  • Shar Thet Man

    October 14, 2017 at 10:38 am

    manawphyulay >> ဖန်ခွက်ထဲမှာ ရေရှိနေသလိုမျိုးပေါ့..တချို့ကတဝက်တောင်ရှိသေးပါလား..တချို့ တဝက်ပဲရှိတော့ပါလားပေါ့

  • kai

    October 25, 2017 at 12:53 pm

    လူတွေနေတာက.. အိမ်တွေမှာ..။
    . တချို့အိမ်တွေက… အခန်းပို..အခန်းလွတ်တွေရှိတယ်..။ တချို့ကအိမ်တလုံးလုံးကို.. လွတ်နေတတ်တယ်ပေါ့..။
    ဆိုတော့.. မြို့ရွာနယ်ဒေသတခုကို အလယ်လာသူတွေက.. ဟော်တယ်ရှိရင်ဟော်တယ်..။ မော်တယ်.. ဟော်စတယ်.. စသဖြင့်.. ငွေပေး.. ရှာတည်းကြရတာပါပဲ..။
    အဲလို.. လွတ်နေတဲ့အခန်း.. အိမ်ကိုဝင်တည်းနိူင်ရင်.. အဆင်မပြေလား..။
    ဒါကို.. အကျိုးရှိစွာ အသုံးချရင်း.. ပိုက်ပိုက်လဲရ.. တည်းသူလည်းအဆင်ပြေအောင်.. ဆားဗစ်(ဝက်ဘ်ဆိုက်) ရှိပါတယ်..။
    မြန်မာပြည်အတွက်မယ်.. အဲဒီဝက်ဘ်ဆိုက်က.. အလုပ်လုပ်ပါတယ်..။

    ဆိုတော့.. တောရွာတွေအထိ.. မရှိသေးရင်လည်း.. မြန်မာတွေထဲက.. အဲလိုလုပ်နိုင်ကြရင်ဖြင့်.. ဒေါ်လာလေးများရမယ်ဖြစ်လို့.. လိုချင်ကြမှာဖြစ်ကြောင်း..။
    =

    Rent Out Your Room, House or Apartment on Airbnb (2017)
    https://www.airbnb.com/host/homes
    Earn money as an Airbnb host. … Sign up to become an Airbnb host. … Host controls and calendar settings can help make hosting easier.

  • Foreign Resident

    October 26, 2017 at 3:44 pm

    A mar nyo says : ” အနောက်တိုင်းက hostel က တစ်မျ ိုးပဲ ”
    ကိုယ်တွေက ကမာ္ဘပါတ်နေသူ Hotel မျိုးစုံ တည်းဘူးသူ ဆိုပေမယ့် ၊
    Back Packer Hostel တွေကိုတော့ မတည်းဖူးဘူးကွယ် ။
    အနောက်တိုင်းက hostel က တစ်မျ ိုးပဲ ဆိုတာကို သိချင်မိသား ။

Leave a Reply