:::::::::::::::::::::::::::::::::::

ဆံပင်ဖြောင့်လိုက်ရုံနဲ့
ရုပ်က ဖြောင့်မသွားဘူး
ဆိုလိုတာက
ဟွန်းမတီးရနယ်မြေမှာ
စကားကျယ်ကျယ်ပြောနိုင်သလိုမျိုး
အမှိုက်မပုံရရပ်ကွက်ထဲ
အမှိုက်တွေ ဖြန့်ချထားကြသလိုမျိုး
တစ်နေ့တစ်နေ့
ရင်ရှုပ်အောင် ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကားက
ဝင်ငွေသောက်သောက်လဲ မြတ်နေတဲ့အခါ
မိသားစုထဲ ဝင်လာတဲ့
တရားမဝင် ယဉ်ကျေးမှုက
ခါးပိုက်ထဲခွေနေတဲ့ မြွေပွေးထက်ဆိုးတယ်
အဖြူရဖို့
ဘာရောင်တွေများ ရောနေဦးမှာလဲ။

ကိုစစ်

ko six

About ko six

ko six has written 93 post in this Website..

ဘဝဆိုတာ
အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။
ရယူမှာလား။
ပေးဆပ်မှာလား။
အဲ
နှစ်ခုစလုံးတော့ကြုံရမယ်။
ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ
လူတော်လူညံ့ကွဲကုန်တာ။
CJ # 1122014