စိတ်သဆိုင်လေးတွေ ဖွင့်ရတော့မယ့် ခေတ်

ko sixOctober 11, 20171min42310

:::::::::::::::::::::::::::::::::::

ဆံပင်ဖြောင့်လိုက်ရုံနဲ့
ရုပ်က ဖြောင့်မသွားဘူး
ဆိုလိုတာက
ဟွန်းမတီးရနယ်မြေမှာ
စကားကျယ်ကျယ်ပြောနိုင်သလိုမျိုး
အမှိုက်မပုံရရပ်ကွက်ထဲ
အမှိုက်တွေ ဖြန့်ချထားကြသလိုမျိုး
တစ်နေ့တစ်နေ့
ရင်ရှုပ်အောင် ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကားက
ဝင်ငွေသောက်သောက်လဲ မြတ်နေတဲ့အခါ
မိသားစုထဲ ဝင်လာတဲ့
တရားမဝင် ယဉ်ကျေးမှုက
ခါးပိုက်ထဲခွေနေတဲ့ မြွေပွေးထက်ဆိုးတယ်
အဖြူရဖို့
ဘာရောင်တွေများ ရောနေဦးမှာလဲ။

ကိုစစ်

10 comments

  • သင့်အေးရိပ်

    October 11, 2017 at 10:15 am

    ဒီကဗျာလေးလည်း ကြိုက်လိုက်တာ။ သူကြီးလည်း ကြိုက်မယ်ထင်တယ်။
    သူကြီး သတင်းစာထဲ ထည့် ဖော်ပြဖို့ ဆန္ဒပြုပါတယ်။

    • ko six

      October 16, 2017 at 12:38 am

      အာ့ဆို ဘောနပ်ရတော့မှာပဲ။
      နိပ်သဟ

  • manawphyulay

    October 13, 2017 at 5:01 pm

    အဖြူဆိုတာလည်း အရောက လာတာပါပဲ…

    • ko six

      October 16, 2017 at 12:38 am

      ဟုတ် အစ်မရေ

  • Shar Thet Man

    October 14, 2017 at 10:33 am

    အရမ်းမိုက်တယ်ကွာ…

    • ko six

      October 16, 2017 at 12:39 am

      ကျေးဇူးတော့ ဆပ်မှရတော့မယ်ထင်တယ်ဗျ။

  • kai

    October 15, 2017 at 5:31 am

    “စိတ်သဆိုင် ” ဆိုတဲ့စကားလုံးလေး တော်တော်ကြိုက်တယ်..။ :k:

    • ko six

      October 16, 2017 at 12:41 am

      အာ့စာလုံးကို တစ်ခုခုမှာ ဖတ်ခဲ့ဖူးတယ်ဗျ။
      ကျနော် ထွင်လိုက်တာတော့ မဟုတ်ပါဘူး။
      သေချာမမှတ်မိတော့တာ ခွင်လွှတ်ပါ သဂျီး

Leave a Reply