သဘာဝလေရှူရှိုက်ရင်း Water Bus လေး စီးကြစို့

manawphyulayOctober 13, 20172min35017

Water Bus စတင်ထွက်ရှိပြီ သတင်းကြားသဖြင့် အလုပ်ဆင်းတဲ့အချိန်တွင် စောပြီး နန်းသီတာဆိပ်ကမ်းသို့ သွားရောက်ခဲ့ရာ သင်္ဘောစီးခရီးသည်များ စောင့်စားနေသည်ကို တွေ့ရပါတယ်။ ကြည့်လိုက်တော့ ကိုုယ့်လို အလုပ်ဆင်းပြန်သူ သိပ်မတွေ့ရပဲ မိသားစုအလိုက် အပျော်လိုက်စီးမည့်သူများကို တွေ့ရတယ်။ သင်္ဘောရဲ့စတင်ရာ ဂိတ်ကတော့ ဗိုလ်တစ်ထောင်ဘုရားမှ ဂိတ်စတယ်လို့ ပြောတယ်။ ဒါနဲ့ ခဏစောင့်နေတော့ တစ်ထပ်သင်္ဘောတစ်စီး ကမ်းကပ်လာတယ်။ နေရာမရမှာစိုးတဲ့အတွက် ဗိုလ်တစ်ထောင်ဘုရားဘက်ကို စီးဖို့ စိတ်ကူးလိုက်ပြီး လိုက်သွားလိုက်တယ်။
သင်္ဘောပေါ်မှာတော့ ထိုင်ခုံအပြည့်ပဲတင်တဲ့အတွက် လျော့သွားတဲ့လူဦးရေပဲ တင်တာဆိုတော့ လူအများကြီးတော့ လိုက်စီးလို့မရဘူးပေါ့။ နောက်ဗိုလ်တစ်ထောင်ဘုရားဂိတ်ရောက်တော့ အကုန်ဆင်းခိုင်းပါတယ်။ ဂိတ်ဆုံးပြီတဲ့။ ကိုယ်က အိမ်ပြန်မှာလေ အင်းစိန်ထိစီးမှာဆိုတော့ ကမ်းကို ကြည့်လိုက်တော့ လူတွေ လူတွေ မနည်းမနောပဲ ဆင်းပြီး ပြန်တက်ဖို့ မလွယ်လောက်ဘူး။ ဒါနဲ့ ယူနီဖောင်းဝတ်ကောင်လေးကို အကျိုးအကြောင်းပြောပြတော့ သင်္ဘောပေါ်ကျန်တဲ့လူဦးရေကို ရေပြီး ထပ်တင်မယ့် လူဦးရေပဲ အတက်အဆင်းလုပ်တဲ့နေရာကို ပြောတော့ ဆက်ပြီး စီးလို့ရတယ်။ လူအတင်အချ အတက်အဆင်းကို ၅ မိနစ်လောက် ခန့်ကြာမြင့်ပြီး ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှ နန်းသီတာဆိပ်ကမ်းကို ၁ဝ မိနစ်အကြာ မောင်းနှ်င်တာ မှတ်ထားမိတယ်။ ဂိတ်ကတော့ သိပ်များများစားစားမရှိဘူး။ သင်္ဘောပေါ်မှာ ပြသထားသည့်တီဗီက တစ်ဖက်တစ်ချက်တွင် တစ်လုံးစီ ပါရှိပြီး အသက်ကယ်ဝတ်စုံများ ဝတ်ဆင်ပုံ ဝတ်ဆင်နည်းကို တီဗီတွင် သရုပ်ပြနေသည်ကို တွေ့ရှိရပြီး အသက်ကယ်အကျ`ီများကိုတော့ ထိုင်ခုံတွေရဲ့ အပေါ်တန်းတွေပေါ်မှာ တင်ထားတာကို တွေ့ရှိရပြီး အနောက်ဘက်မှာတော့ သင်္ဘောရဲ့ အတက်အဆင်းအပေါက် နှစ်ဖက်ပါရှိပေမယ့် တစ်ဖက်ပဲ ဖွင့်ထားပြီး ကမ်းကပ်လျှင် ပြန် ပြန်ဝှိုက်နေသည်က သင်္ဘောကို အချိန်အတော် ကြန့်ကြာစေသည်။ အတက်အဆင်းအပေါက်ရဲ့အနောက်မှာ အိမ်သာ နှစ်လုံးပါရှိသည်။
ရေယာဉ်မောင်းနှင်သည်မှာ အချိန်သိပ်မယူပေမယ့် အတက်အဆင်းမမြန်သည်ကတော့ အလုပ်သမားများအတွက် အချိန်မကိုက် ဖြစ်စေသည်။ သဘာဝဝန်းကျင်သစ်ရဲ့ လေကို ရှုရှိုက်ရင်းနဲ့ အမြင်လေးတွေ တစ်မျိုးအေးချမ်းစေပါတယ်။ အချိန်အားရင်ဖြင့် သွားရောက်စီးကြည့်ကြနော်…
ပထမဆုံးနေ့ရဲ့ အတွေ့အကြုံလေးကို မျှဝေခံစားလိုက်ရပါတယ်။

နန်းသီတာဆိပ်ကမ်းသို့ကပ်နေစဉ်
တစ်ထပ်သင်္ဘောအတွင်းမှာ ဖြစ်ပါတယ်။

အင်းစိန်ဆိပ်ကမ်းပုံ

အင်းစိန်ဆိပ်ကမ်းတွင် စောင့်နေသောသူများ မြင်ရပုံ
အင်းစိန်ဆိပ်ကမ်း

17 comments

  • aye.kk

    October 13, 2017 at 4:52 pm

    ကျေးဇူးပါ
    မနောလေးရေ
    ရန်ကုန်ရောက်ရင်စီးဖြစ်အောင်စီးကြည့်မှာပါ။

    • manawphyulay

      October 13, 2017 at 5:02 pm

      အတွေ့အကြုံအသစ်ရတာပေါ့တီအေးရယ်… အပြောင်းအလဲလေး ဖြစ်သွားတယ်။ နေ့တိုင်းတော့မစီးဘူး အိမ်ပြန်ရတာဝေးလို့လေ…

  • ဦးကျောက်ခဲ

    October 13, 2017 at 9:31 pm

    ဖွဘုတ်သတင်းတွေမှာတွေ့တာတော့ နောက်ရက်တွေ လူချောင်တယ်ဆိုလားပဲ …
    ဘာပဲဖြစ်ဖြစ် သွားရေးလာရေး အဆင်ပြေ အန္တရာယ်ကင်းတယ်ဆို … သာဓုပါဗျား…

    • manawphyulay

      November 2, 2017 at 2:32 pm

      လူချောင်တယ်ဆိုပေမယ့် လေးကျောက်ရယ် အချိန်အတော်ပေးရတော့ အလုပ်ဆင်းသူ အဆင်မပြေပါဘူး။

  • Shar Thet Man

    October 14, 2017 at 10:32 am

    မွန်လေးလည်းသွားစီးတော့မလို့လုပ်နေတာ….ကျန်…ဦးသွားပြီ သူအရင်ပို့စ်အရင်တင်သွားပြီ…ဟီး

  • ကထူးဆန်း

    October 14, 2017 at 11:13 am

    နောက်ထပ် စီမံခန့်ခွှဲမှု အမှားဖြစ်မလား အမှန်ဖြစ်မလားဆိုတာတော့ စောင့်ကြည့် ရမှာဘဲ … နောက်နေ့ ရုံးသမားများ မစီး ကြဘူး အပေ ျာ်စီး သက်သက်ဖြစ်နေရင်တော့ YBS လူလေ ျာ့ချဖို့ ရည်ရွယ်ချက် မအောင်မြင်ဖြစ်ဖို့ များနေတယ် ..

    water bus အနေနဲ့ဆိုတော့ ရေတက်ရေက ျ ချိန် ခရီးသည် အတက်အဆင်းအချိန်တွေ နဲ့ အချိန် မှန်လုပ်နိုင်ပါ့မလား

    .. သူ့ဆိပ်ကမ်း ကိုသွုားရမဲ့ အချိန် .. ဘတ်စကား အစားထိုး အနေနဲ့ သူ့ စောင့်စီးရမဲ့ အချိန် သူ့ ခုတ်မောင်းအားး ရာသီဥတု စသဖြင့် ပေါင်းလိုက်ရင်မိုးတွင်းကတော့ အောင်မြင်ဖို့မျှော်လင့်ချက် ကင်းမဲ့ နေသလိုဘဲ ..

    ပုံထဲ ကပါတဲ့ သမာ္ဘန် အစားထိုးတာ မြစ်ကို ဖြတ်ကူးတဲ့ ဖယ်ရီအနေနဲ့ သာ ဖြစ်သင့် သလားလို့ပါ …

    အစိုးရ ပိုက်ပိုက် မပါဘူးဆိုရင်တော့ .. ကိစ္စမရှိ… 🙂 🙂

    • လုံမလေးမွန်မွန်

      November 3, 2017 at 11:54 pm

      ticketing system လိုသေးတယ်.. ရုံးသမားတွေအတွက် အချိန်မှန်းမရသေးဘူး.. စိတ်ထဲက ဒလ – ပန်းဆိုးတန်း ဇက်သင်္ဘောလိုထင်တာ.. အစီးရေများများနဲ့ဆွဲပေးမှ အဆင်ပြေလောက်မယ်..

  • Thint Aye Yeik

    October 14, 2017 at 1:27 pm

    သွားစီးကြည့်ချင်နေတာ။ အချိန်မရတာနဲ့ပဲ….
    ဝါးတားဘတ်စ် – အောင်မြင်ပါစေ

  • ko six

    October 22, 2017 at 10:38 am

    ရန်ကုန်လာမှ အစ်မလိုက်ပို့ပေးဗျာ

    • manawphyulay

      October 25, 2017 at 1:54 pm

      လာရင် အေကြောင်းကြားလိုက်
      အိုစကေ….

  • ဇီဇီ

    October 25, 2017 at 2:53 pm

    ရေကြောက်သူမို့
    ဘယ်လောက် အောင်မြင်မြင် ကျရှုံးရှုံး စီးဘူးးး
    ဟိ
    သူများပုံတွေပဲ ကြည့်မယ်။

    😀

  • Foreign Resident

    October 26, 2017 at 3:34 pm

    ” သင်္ဘောရဲ့ အတက်အဆင်းအပေါက် နှစ်ဖက်ပါရှိပေမယ့် တစ်ဖက်ပဲ ဖွင့်ထားပြီး
    ကမ်းကပ်လျှင် ပြန် ပြန်ဝှိုက်နေသည်က သင်္ဘောကို အချိန်အတော် ကြန့်ကြာစေသည် ”

    သင်္ဘောရဲ့ အတက်အဆင်း အပေါက် တစ်ဖက်ပဲ ဖွင့်ထားပြီး ၊
    အဲ့ဒီဖက်ကဘဲ ခရီးသည် ဆင်းရအောင် ပြန်ပြန်ဝိုက်နေတာ မဟုတ်ပါဘူး ။
    သင်္ဘောရဲ့ သဘောက ရေကို ဆန်မေါင်းမှဘဲ Steering / Rudder Effect ရလို့ပါ့ ။
    လွယ်လွယ် ပြောရရင် ရေစီးကို Against ဆန့်ကျင်ပြီးမှ ကပ်ရပါတယ် ။

    မနော က ဗိုလ်တစ်ထောင် ကနေ အင်းစိန်ကို စီးတာ ဆိုတော့ ၊
    ကမ်းကပ်လျှင် သင်္ဘောကို ပြန် ပြန်ဝှိုက်ပြီး ကပ်နေရတယ်ဆိုတော့ ၊
    မနော စီးတဲ့ အချိန်ဟာ ရန်ကုန်မြစ်မှာ ဒီရေတက်နေချိန် ဖြစ်ပါမယ် ။
    သင်္ဘောရဲ့ အတက်အဆင်း အပေါက် ဘယ်ဖက် တစ်ဖက်ပဲ ဖွင့်သုံးလိမ့်မယ် ။
    သင်္ဘောရဲ့ အတက်အဆင်း အပေါက် ညာဖက်က ဖွင့်လို့ သုံးလို့ ရမှာ မဟုတ် ။

    • ဦးကျောက်ခဲ

      October 26, 2017 at 4:04 pm

      ကျန်သေးတယ် …
      ဘရိတ်လည်း မမိ ၊ ဟန်းဘရိတ်လည်းမပါ …
      ထိုင်ခုံခါးပါတ်တွေလည်း မရှိ ၊ ဘက်မှန် နတ္ထိတဲ့ … အာ ဟိ :k:

    • manawphyulay

      November 2, 2017 at 2:41 pm

      ဟုတ်တယ် အဘဖော အင်းစိန်ရောက်တော့ ရေအတော်ကျနေပြီလေ။

  • pon lay

    November 2, 2017 at 1:55 pm

    အမ ပြောတာ ဖတ်ပြီး စီးချင်စိတ်ပေါက်လာပြီ

    • manawphyulay

      November 2, 2017 at 2:47 pm

      အလုပ်ဆင်းတယ်ိုရင်တော့ မစီးနဲ့။ အလုပ်ပိတ်ရက် အေးဆေးစီးချင်ရင်တော့ ယပ်တောင်ယူသွး… 😛

Leave a Reply