ယမ်းချီးပန်း

ko sixOctober 16, 20171min2676

။။။။။။။။။။။။။

ထက်ခြမ်း ခြမ်းပစ်ဖို့
စိတ်ကို စာရင်းသွင်းထားတယ်။
မီးဖြစ်စေ
ရေဖြစ်စေ
နေရာရှိမှ ခမ်းနားကြောင်း သိလာရ။
ကြိုးဆိုတာ
ခပ်များများလိမ်နိုင်မှ
ဝိုင်ဆိုတာ
ခပ်များများ စိမ်နိုင်မှ
ဒီလိုပါပဲ
ရယ်စရာမဟုတ်ဘဲ ရယ်နေခဲ့ရတဲ့နေရာမှာ
ကြတ်ခိုးတင်ပြီး မိုက်ချင်နေတုန်း။
တစ်ခုပဲ
ကံတရားက
ကံစမ်းတိုင်း
ကျေးဇူးချည်း အတင်ခံနေရတာတော့
အများကြီး နင်နေပြီ ကိုယ့်လူရယ်။

ကိုစစ်

6 comments

  • Shar Thet Man

    October 16, 2017 at 1:15 pm

    ရေလည်မို်က်တယ်

  • Thint Aye Yeik

    October 19, 2017 at 10:20 am

    ကံစမ်းတိုင်း ကျေးဇူးချည်း အတင်ခံနေရတာတော့ ကျနော့်ကိုများ ပြောသလားထင်ရ
    ဘဝမှာ ကံစမ်းမဲ တော်တော်များများက ကိုယ့်ကို ကျေးဇူးတင်တာချည်းပဲ။
    ဘဝတလျှောက် မပေါက်ခဲ့သမျှ စုပြီး…
    မကြာခင်မှာတော့ ဆုမဲကြီးကြီး ပေါက်လာလိမ့်မယ်လို့ ယုံကြည်ထားတယ်ဆိုပါစို့
    :k:

    • ko six

      October 22, 2017 at 10:25 am

      အာ့လိုပဲ အားတင်းနေရတာ

    • ko six

      October 22, 2017 at 10:27 am

      ဟုတ်တယ်နော့
      အတင်မခံတော့ပါ

Leave a Reply