ဗုဒ္ဓဂယာသို့..(၅)

winkyawaungSeptember 3, 20103min3044














(17-4-2010) နေ့ညနေပိုင်း နီပေါနိုင်ငံ နယ်စပ်သို့ရောက်ပါတယ်။

နယ်စပ်မြို့နှစ်မြို့ကတော့ တော်တော်စီကားပါတယ်။ အန္ဒိယနယ်စပ်ကဈေးပွဲတော်ကြီးခင်းရောင်းနေသလား ထင်မှတ်ရပါတယ်။ ဒါပေမဲ့ တာဝန်ခံ စကားပြန်မှ မည်သူ့ကိုမျှ အောက်သို့ ဈေးဆင်းဝယ်ခွင့်မပြုပါ။ နိုင်ငံနှစ်ဖက်လုံးမှ (လဝက)ရုံး အကောက်ခွန်ရုံးဂိတ် များရဲ့ စစ်ဆေးရေးဂိတ်များ၊ လုံခြုံရေးများကို မြင်တွေ့ခဲ့ရပါတယ်။

ထူးခြားချက်တစ်ခုမှာ အန္ဒိယနယ်စပ်ကို ဖြတ်ကျော်လိုက်တာနဲ့ အန္ဒိယဘက်မှ ဟန်းဖုန်းတွေ လုံးဝသုံးမရတော့ပါ။ နီပေါနိုင်ငံအဝင်မှာ ဟန်းဖုန်းများခေါ်ကြည့်ရာ ဆက်သွယ်ရေးလိုင်းများပြတ်တောက်သွားပါတယ်။တော်တော်တိကျတဲ့ အန္ဒိယနိုင်ငံက နည်းပညာပါပဲ။ အဲ နီပေါနိုင်ငံထဲရောက်တာနဲ့ လမ်းဆုံတွေမှာ လုံခြုံရေး (၅)ယောက်တစ်တွဲ စောင့်နေကြတာတွေ့ရပါတယ်။လည့်ကင်းကားတွေလဲ မြင်နေရပါတယ်။ သူတို့ဆီမှာလဲ နိုင်ငံရေးက မတည်ငြိမ်ဘူးဆိုပဲ..။

နီပေါနိုင်ငံမှ လုမ္ဗိနီ အင်ကြင်းတော မြန်မာရွှေကျောင်းတော်ကြီးကို ရောက်ခဲ့ပါပြီ.။ တော်တော်လေးကို ခန်းခန်းနားနားဆောက်လုပ်ထားတာကို တွေ့ရပါတယ်။ ကျောင်းဝိုင်းကြီးကလဲ တော်တော်ကို ကျယ်ဝန်းလှပါတယ်။ ကျောင်းအဆောင်များ ၊ တရားဟော သိမ်တော်ကြီးတွေအပြင် ကျောင်းဝိုင်းထောင့်တစ်နေရာမှာ တင့်တင့်တည်တည် ကျက်သရေမင်္ဂလာရှိလှတဲ့ ရွှေတိဂုံ စေတီတော်ပုံစံအတိုင်း တည်ထားကိုးကွယ်တဲ့ စေတီတစ်ဆူအား ဖူးမျှော်ခဲ့ရပါတယ်။ ကျောင်းထိုင်ဆရာတော်နှစ်ပါးကို မြန်မာနိုင်ငံမှ အလှည့်ကျ စေလွှတ်ပြီး သာသနာပြုနေကြကြောင်းသိရပါတယ်။ ကျောင်းထိုင်ဆရာတော်ဘုရားက ဗုဒ္ဓဂယာဘုရားဖူးလာခဲ့ရတဲ့အခါ အကျိူးများစေအောင် ဒကါ၊ဒကါမများကို ညပိုင်းမှာ တရားတော်များ ဟောကြားတော်မူပါတယ်။

18-4-2010 လုမ္ဗိနီ အင်ကြင်းေတောမှာ…

နံနက်လင်းတာနဲ့ ဘုရားဖူးထွက်ကြတယ်။ သိဒ္ဓတ္တမင်းသားငယ်ကို
မဟာသက္ကရာဇ်(၆၈)ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင် ဒီနေရာမှာ
ဖွားမြင်သောနေရာဖြစ်ပါတယ်။ ဖွားမြင်ပြီးလျှင် ပြီ်းချင်း
မြောက်အရပ်သို့ခြေလှမ်း ခုနှစ်လှမ်းကြွတော်မူပါတယ်။ လက်ညှိးထောင်၍
(ငါသာလျှင် အမြတ်ဆုံး၊ ငါသာလျှင် အကြီးဆုံး၊ ငါသာလျှင် အတုမရှိဆုံး)ဟု
ကြွေးကြော်တော်မူခဲ့ပါတယ်။ ဗုဒ္ဓဘုရားရှင်အလောင်းတော်ဘဝ(၃)ဘဝဖြစ်တဲ့
(၁)မဟောသဓာကလေးဘဝတွင်လည်း ဆေးမြစ် ကိုကိုင်၍စကားပြောခြင်းတစ်ခါ
(၂)ဝေသံဿရာမင်းသား ကလေးဘဝက(လှူစရာပေးရန်မိခင်အား တောင်းခဲ့ခြင်း၊)
ယခုလူဘဝတွင် လည်း(တတိယအကြိမ်) စကားပြောတော်မူပါတယ်။
ဘုရားရှင်ဖွားမြင်တော်မူသော ဤလုမ္ဗိနီဥယျဉ်တော်ကြီးရဲ့ ပထမကျေးဇူးရှင်ဟာ
အသောက မင်းကြီးဖြစ်ပါတယ်။ ဒုတိယ ကျေးဇူးရှင်မှာ ကမ္ဘာ့ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်(မြန်မာပြည်သား) ဖြစ်ပါတယ်။ ၁၉၆၇
ခုနှစ်မှာ ဦးသန့် လာရောက်ခဲ့စဉ်က ဒီနေရာသည် မူဆလင်များဖျက်ဆီး၍
ပျက်ခဲ့တာတွေ၊ ဟိန္ဒူဘာသာဝင်များက ဤဝန်းကြီးအတွင်းမှာ နေကြတာကို
ရှင်းလင်းဖယ်ရှားပြီး ပြုပြင်ပေးပါရန် နီပေါနိုင်ငံခေါင်းဆောင်းကြီးအား
ဦးးသန့်မှ ညှိနိုင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။
နိုင်ငံပေါင်း(၁၅)နိုင်ငံကို ကုလသမဂ္ဂတွင် အစည်းအဝေးခေါ်၍
ဒီလုမ္ဗိနီဥယျာဉ်ကြီး ဖြစ်ပေါ်လာခြင်းဖြစ်ကျောင်း မြန်မာကျောင်းဆရာတော်မှ
ရှင်းလင်းပြောကြားပါ တယ်။

သုဒ္ဓေါသနမင်းကြီးရဲ့ နန်းတော် ကပိလဝတ်နေပြည်တော် ကိုသွားခဲ့ကြပါတယ်။
သိဒ္ဓတ္တမင်းသား သက်တော်(၂၉)နှစ်အရွယ်မှာ တောထွက်တော်မူသော အရှေ့
တံခါးသို့ရောက်ပါတယ်။ မြန်မာကျောင်းဆရာတော်က ဗုဒ္ဓဝင်ဇာတ်တော်ကို
စိတ်ပါဝင်စားစွာ သုဒ္ဓေါသနမင်းကြီး၏ သားချစ်တဲ့ဇောနဲ့ လောဘ၊ဒေါသ၊
သောကများအား ပေါ်လွင်အောင်ပြောကြားခြင်း၊ ယသောဓရာ အလွမ်း၊ ရာဟုလာ
အမွေပေးသောစေတီ၊ ခတ္တိကမြင်းရဲ့ ရင်ကွဲနာ၊ အနောမာမြစ်မှ မောင်စံ
တစ်ကိုယ်တည်း ပြန်လာရေသောဇာတ်တော်များကြောင့် ဘုရားဖူးအဖွဲ့သူ၊
အဖွဲ့သားများ မျက်ရည်ကျမတတ်ခံစားကြရပါတယ်။ ကျွန်တော်တို့ ငယ်စဉ်က
ရွှေမန်းတင်မောင် ၏ ဗုဒ္ဓဝင်ဇာတ်လမ်းများကိုလည်း နားထဲမှာ
ပြန်လည်ကြားရောင်လာခဲ့ပါတယ်။

အဲဒီကနေ သုဒ္ဓေါသနမင်းကြီးက ဘုရားရှင်အားဆောက်လုပ်လှူဒါန်းသော
နိဂြောတာရုံကျောင်း ေတော် နေရာစေတီနှင့် မြတ်စွာဘုရားရှင်၏ သားတော်
ရာဟုလာအား သာသနအမွေပေးသော နေရာ စေတီ
တို့ကိုသွားကြပါတယ်။မြတ်စွာဘုရားရှင်အား သာဂီနွယ်ဝင်မင်းမျိုးတို့
ကရှစ်ခိုးပူဇော်ခြင်းမပြုကြ၍ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
ကောင်းကင်သို့ကြွမြန်းပြီး ရောင်ခြည်တော်များနှင့်အတူ
ပေါက္ခဝသမိုးရွာသွန်းသော ရေကန်တော်အား ယင်းကျောင်းတော်၏ အရှေဘက်မှာ
တွေ့မြင်ခဲ့ရပါတယ်။

နေ့လည်စာ ထမင်းစားပြီး နေ့(၁၂)နာရီတွင် လုမ္ဗိနီအင်ကြင်းတော်မှ

ကုသိနာရုံသို့ ဆက်လက်ထွက်ခွါခဲ့ကြပါတယ်။

ဗုဒ္ဓဂယာသို့..(၆)အားဆက်လက်တင်ပြပေးပါမည်။

4 comments

  • winkyawaung

    September 3, 2010 at 4:02 pm

    ဒီပို့စ်တစ်ခုတင်ရန် အခါ(၂၀)လောက်(တစ်နေကုန်ရော ယခုည ထိ) ကြိုးစားတင်လိုက်ရပါတယ်။ အယ်ဒီတာတွေက ဘာသာရေးပို့စ်ဆိုရင် ပွိုင့်မပေးဘူး ပြောထားပါတယ်။ ကျွန်တော်ပိုင်ဘလော့ရေးထားတဲ့ ခရီးသွားဆောင်းပါး ကို တင်ပေးတာပါခင်ဗျာ..။ အမှားပါရင် ခွင့်လွှတ်ကြပါ။

  • kai

    September 3, 2010 at 5:41 pm

    ခရီးသွားဆောင်းပါး တင်တာကျေးဇူးတင်ပါတယ်။ ခရီးသွားဗဟုသုတရကြတာပေါ့..။ ဘယ်နေရာမဆိုတင်နိုင်ပါတယ်။
    မက္ကာတို့။ ဂျေရုစလင်တို့လည်း သွားဖြစ်ရင်လည်း ခရီးသွားဆောင်းပါးတင်ပေးပေါ့နော..။
    (တခြားမင်ဘာတွေထဲက အဲဒီနေရာတွေရောက်ခဲ့ဖူးရင်..ခရီးသွားဆောင်းပါးတွေ တင်စေချင်တာပါ)

    Draft မှာ ပိုစ့်အများကြီးတွေ့တယ်။ post တခုထဲကို Draft ထားပြီး ပြင်လို့ရပါတယ်။ အသစ်အသစ်ထပ်တင်နေဖို့မလိုပါဘူး။
    စာကိုအရင်ရေးတင်ပြီမှ…ပုံကိုနောက်မှတခုစီတင်ပေါ့နော..။
    ပုံတွေမှာ Caption ရေးဖို့ဆိုတာက ဓါတ်ပုံထဲတခါတည်းရေးထားဖို့မလိုပါဘူး။ ပုံတင်ရင် Caption နေရာဆိုတာတခါတည်းပါလာတာမို့..အဲဒီမှာ မြန်မာလိုရိုက်တင်လည်းရတာပါ။

  • ဆူး

    September 4, 2010 at 8:07 am

    နီပေါမြို့ ထူးခြားချက် တခု ရှိသေးတယ်လေ မြို့ အဝိုင်းပတ်တွေမှာ ဘုရားဆင်းတု တွေ ရှိတယ်။

  • winkyawaung

    September 4, 2010 at 12:53 pm

    နီပေါနိုင်ငံ လမ်းဆုံအဝိုင်းများမှ ဘုရားဆင်တုများပုံကို တင်ပေးပါအုံးမည်။

Leave a Reply