ချစ်သောနွံမှရုန်းထွက်နိုင်ပါစေ

aye.kkOctober 21, 20171min2263

မိမိဘဝတွင်

မိမိချစ်သော,

မိမိပိုင်ဆိုင်ထားသော အရာရာမှန်သမျှတို ့ကို ၊

မိမိမှ စွန် ့လွတ်နိုင်ဖို ့အတွက် ဝန်လေးကြသည်။

ပုထုဇဉ်မှန်သမျှ မစွန် ့လွတ်နိုင်ကြဟုပြောလျင်၊

ပို၍မှန်မည်ထင်ပါသည်။

အကြောင်းအမျိုးမျိုးကြောင့်စွန် ့လွတ်ရပါကလည်း

အောက်မေ့ကြေကွဲ,ဝမ်းနည်း,ပူဆွေး,တမ်းတ,နှမြောတသ၊

ဖြစ်ကြရသည်။

မစွန် ့လွတ်ချင်ပါသော်လည်း၊ဆုတ်ကိုင်ထား၍ကလည်း

မဖြစ်နိုင်ပါ။

မဖြစ်နိုင်တာကို သိနေသည့် စိတ်။

ထိုစိတ်က မိမိကိုပို၍ခက်ခဲစေသည်။

ပင်ပန်းစေသည်,ဆင်းရဲစေသည်,ပူလောင်မှုတို ့ကိုသာ ဖြစ်ပေါ်စေသည်။

မိမိဘဝတွင်

မိမိအတွက် အရေးပါသော အရာရာမှန်သမျှ၊ ပိုင်ဆိုင်ထားမှုမှန်သမျှတို ့သည်

စိတ်ကိုချည်နှောင်ထားနိုင်ကြသဖြင့် ၊ စိတ်၏ မွန်းကြပ်မှုတို ့ကိုသာ

ခံစားဖြစ်ပေါ်စေသည်။

ထိုစိတ်သည် နွံနှင့်တူလှသည်။

နွံနှင့်တူသဖြင့်  ရုန်းထွက်နိုင်ဖို ့၊ မလွယ်ကူ။

 

မိမိ၏ဘဝတွင်

မိမိချစ်သောအရာရာမှန်သမျှ

မိမိပိုင်ဆိုင်မှုမှန်သမျှတို ့သည်၊ အမြဲတမ်းမဖြစ်နိုင်သည့်အတွက်

ထိုနွံမှ ရုန်းထွက်နိုင်မှသာလျင်၊

စိတ်၏ပေါ့ပါးလွတ်လပ်မှု,ချမ်းသာအေးမြမှုကို ရရှိခံစားနိုင်မှာ၊ အမှန်ဖြစ်ပေသည်။

ချစ်သောနွံမှရုန်းထွက်နိုင်ပါစေ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

3 comments

  • ဇီဇီ

    October 25, 2017 at 1:49 pm

    ချစ်သော နွံ ထဲက ရုန်းရ ပိုခက်တယ်။

    🙂

  • aye.kk

    November 5, 2017 at 5:15 pm

    အမှန်ပဲဇီဇီ

Leave a Reply