မြစိမ်းရောင်တွေလွှမ်းနေတဲ့ Halong Bay

Vitenam ရဲ့ Attraction Sight တွေအကြောင်းသိချင်မယ်ထင်လို့
အခုအရင်ဆုံး UNESCO ရဲ့ World Heritage Site အဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ Halong Bay ကိုသွားတဲ့ တစ်ညအိပ်ခရီးစဉ်လေးအကြောင်းနဲ့ခရီးစဉ်လေးမှာဘယ်လိုအစီစဉ်လေးတွေပါတယ်ဘယ်လိုပျော်စရာကောင်းတယ်ဆိုတာလေးပြောပြပေးမယ်နော်။

သွားခဲ့တဲ့ခရီးစဉ်လေးကတော့ Junk ( Cruise) ပေါ်မှာတစ်ညအိပ်တဲ့ Jointed Tour လေးပေါ့နော်။
မနက် ၈နာရီလောက် မှာ Hanoi က ကိုယ် နေတဲ့ဟိုတယ် မှာ English Speaking Guide က လာခေါ်ပေးပါတယ်။

Hanoi ကနေ ၄နာရီလောက်ကားမောင်း ပြီးချိန်မှာတော့ အရမ်းကို လှပတဲ့ သဘာဝတရားတွေရှိရာ Halong Bay ကိုရောက်ပြီပေါ့။ မြစိမ်းရောင်ရေပြင်ကျယ်ကြီးထဲမှာ ထိုးထိုးထောင်ထောင်ထွက်နေတဲ့ အစိမ်းရောင် Limestone Mountain တွေရယ် မြင်လိုက်ရတော့စိတ်ထဲအေးချမ်းသွားတယ်လို့ခံစားရတယ်။  တကယ့်ကိုသဘာဝတစ်ရားကြီးရဲ့အလယ်ကိုရောက်သွားတာ။ ကဲ လှေပေါ်ကိုရောက်ချိန်က ၁၂ ကျော် ဖြစ်နေတော့ အခန်းတွေ Check in ၀င် ခနနားပြီး Lunch စားရပါတယ်။ Cruise ပေါ်ကအခန်းလေးတွေက Cabin လေးတွေဆိုပေမယ့် သန့်ရှင်းသပ်ရပ်မှုရှိတယ်။

အခန်းအပြင်ကိုထွက်လို့ရတဲ့ Balcony လေးလည်းပါပြီးအခန်းလေးကချစ်စရာအရမ်းကောင်းတယ်။ Lunch က Set Menu ဖြစ်ပြီး မှတ်မိသလောက်တော့ဟင်6း မျိုးလောက်ပါပါတယ်။ သူတို့ကျွေးတဲ့Vietnamese Foodတွေကအရမ်းအရသာရှိပါတယ် ဟင်းလည်းစုံပါတယ်။  Lunch စားနေတဲ့အချိန်မှာ Cruise ကလဲထွက်နေပြီဆိုတော့ Halong Bay ရဲ့အလှအပ တွေကိုခံစားရင်းနေ့လည်စာစားရတဲ့ အချိန်လေးက အရမ်းကိုကြည်နူးစရာပေါ့(ချစ်သူနဲ့သွားရင်တော့Roတာပေါ့နော်) :P။

နေ.လည်စာစား ပြီးလှေရဲ.အပေါ်ဆုံးထက်ကိုတက်ပြီး ဓါ တ်ပုံတွေတစ်ဝကြီးရိုက် ခနနားပြီးတဲ့အခါမှာတော. Halong Bay ရဲ့ အလှဆုံးဂူဖြစ်တဲ့ Sung Sot Cave ကိုရောက်ပါတယ်။ ဂူအတွင်းကိုဝင်ရောက်လေ့လာတဲ့တစ်လျှောက်မှာ Guide ကလဲဂူရဲ့သမိုင်းကြောင်းတွေရှင်းပြပါတယ်။ ဂူအတွင်းမှာလည်ပတ်ဖို့ဆိုရင်အနည်းဆုံးတော့၁နာရီလောက်ကြာပါတယ်။ဂူလမ်းတွေကတစ်ချို့နေရာလေးတွေမှာကျဉ်းပြီးရေနဲ့ချောတာကြောင့်အသက်ကြီးပိုင်းတွေနဲ့ခြေထောက်မကောင်းသူများတော့ သိပ်မသွားသင့်ပါဘူး။

ပြီးရင်တော့ Tip Top Island ကိုသွားပါတယ်။ Tip Top Island ရောက်ရင် ရေကူးမလား Hiking လုပ်မလား ၂မျိုးလုပ်ချင်လဲရပါတယ် လှေကားထှစ်ပေါင်း425 ထစ်တက်ရမယ်။ Tip Top Island ထိပ်ဆုံးရောက်သွားရင်တော့ မောသမျှပြေစေမယ်. Halong Bay ရဲ့အလှကို အပေါ်စီးကနေမြင်ရမှာပါ။ ကဲ နေ၀င်ချိန်ရောက်ပြီဆိုတော့ Cruise ပေါ်ပြန်ပြီး Sunset Partyမှာ Sunset လေးကြည့်Cocktailလေး သောက်ပြီး Chill ကြမယ်လေ ။

ညစာစားပြီးတော့ အပျော်တမ်း Squid မျှားခဲ့သေးတယ်။

ကဲနောက်နေ.မနက်စောစောမှာ ဟလောင်းရဲ့ လတ်ဆတ်တဲ့လေးညှင်းလေးတွေကိုရှုရှိုက်ရင်း Morning Exercise အနေနဲ့ ထိုက်ကျိကစားချင်လည်းရပါတယ်။ အိပ်ပုတ်လေးတွေကတော့ မနက်စာ တန်းစားပေါ့နော်.

ပြီးရင်တော့ အားလုံးကြိုက်ကြတဲ့ Kayaking (ကယတ်လှေလှော်ခြင်း) အချိန်ပါပဲ။ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်အဖော်နဲ့ဟလောင်းပင်လယ်ထဲကိုခြေဆန့်ရတဲ့အချိန်ပေါ့ ရာသီဥတု ကောင်းရင်ကျောက်ဆောင်တွေပေါ်မှာ မျောက်ကလေးတွေတွေ့ရတယ် ငှက်ပျောသီးတွေဘာတွေယူသွားပြီးလှေကိုကျောက်ဆောင်တွေနားကပ်ပြီး ပစ်ကျွေးလို့ရတယ်။ တစ်ခုရှိတာက ကယတ်လှေကို အစထဲကကြောက်တတ်ရင်မလှော်ဖို့နဲ့လှေပေါ်မှာ မကစားဖို့ပါပဲ ။ရေထဲရောက်မှကြောက်နေရင် ပိုဆိုးပါတယ်။

ဘယ်လိုလှော်ရလဲသင်ပြပေးပါတယ်။ လှေကလှော်ရင်းနဲ့တော့အထာကျသွားတာမြန်ပါတယ်။ Adventure ကြိုက်တဲ့သူတွေအတွက်တော့ကွက်တိပါပဲ ကိုယ့်အားကိုယ်ကိုးပြီးလုပ်ရတဲ့ Activity မို့ မိမိနဲ့ မိမိအဖော်ကို team work ကောင်းလာစေပြီး confidence ကောင်းလာစေတယ်လို့မြင်ပါတယ်။ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ပြီးရင်တော့လှေပေါ်ပြန် ခဏနားပြီး ရင်Cooking Class Time ပါ။

ကိုယ်လုပ်ထားတာလေးကိုယ်ပြန်စားရတာလည်းပျော်စရာတစ်မျိုးပါပဲ။နေ့လည်စာစားပြီးချိန်မှာတော. Cruise က ကမ်းပြန်ကပ်ပါတယ်။

ကဲ time to say Good Bye to Halong Bay ပါ ။ ကမ်းပေါ်ရောက်တာနဲ့လာကြိုတဲ့ကားလေးနဲ့ ဟနွိုင်းက ဟိုတယ်အထိပြန်လိုက်ပို့ပေးပါတယ်။

ဒီခရီးစဉ်လေးက Halong Bay Sightseeing ထက်ကိုပိုပါတယ် ။ Cruise ပေါ်မှာပါလာတဲ့သူတွေနဲ့စကားစမြည်ပြောရင်းခင်မင်ရင်းနှီးမှုတွေရတယ်။ မနက်ကနေညအထိ activity လေးတွေတစ်ခုနဲ့တစ်ခု မရိုးရတဲ့အတွက်  Feeling လေးတွေအမျိုးမျိုးနဲ.အရမ်းကိုကြည်နူးစရာကောင်းတဲ့

ခရီးစဉ်လေးဖြစ်ခဲ့ပါတယ်။ မွန်လေးတို့စီးခဲ့တဲ့ Cruise နာမည်ကတော့ V’spirit ပါ။ သူက 3 Star ကိုမှ Upper Standard ဖြစ်ပါတယ်။ Cruise ပေါ်မှာပါတဲ့Guide ကလဲအရမ်းသဘောကောင်းတယ်၊ဖော်ရွေတယ်၊ဂရုလဲစိုက်ပါတယ် ။Cruise ပေါ်မှာလည်း တစ်စီးလုံးမှ လူအယောက် 20လောက်ပဲပါတာမို့ Private ဆန်ပြီးအားလုံးတစ်စုတစ်စည်းထဲနဲ့ပျော်စရာကောင်းပါတယ်။

V ‘spirit Cruise အပြင် Imperial Legend Cruise နဲ့ 4 Star ထဲမှာဆိုရင် Imperial Cruise ကောင်းပါတယ်။
နေ့ချင်းပြန်သွားတဲ့ Cruise တွေကတော့သေးပါတယ်။ Cruise အကြီးတွေစီးချင်ရင် တစ်ညအိပ်သွားတာကောင်းပါတယ်ပိုလဲပျော်ရပါတယ်။

V’SPIRIT Cruise

Cruise ပေါ်က Cabin ခန်းလေး

နေ.လည်စာ စား…………

Suprising Cave ထဲမှာ

ပြီးရင်တော့ Tip Top Island ဆက်သွားတယ်နော်

Hiking လုပ်ချင်ရင်တော့ ဒီလိုလှေကားထစ်ပေါင်း 425 ထစ်တက်ရမှာ

Swimming လုပ်ချင်ရင်တော့ ကမ်းခြေမှာ ပဲနေခဲ့လို.ရတယ်နော်။ ရေကူးမလား နားမလား

Sunset

ဒါကတော.မနက်ပိုင်း ထိုက်ကျိ ကစားနေကြတာ

ကယတ်လှေလေးတွေ

Cooking Class မှာ Spring Roll လုပ်ဖို.

Dinner ပါ

TipTop Island

 

Shar Thet Man

About Shar Thet Man

Shar Thet Man has written 193 post in this Website..