ခရီးထွက်လေ အလုပ်မှာ ပိုအောင်မြင်လေ

Mon LayOctober 31, 20171min2000

ခရီးထွက်သူတွေက လုပ်ငန်းခွင်မှာပိုပြီး အောင်မြင်သူတွေ ဖြစ်လေ့ရှိပါတယ်။

play

 

ကျွန်တော်တို့ အားလုံး အပန်းဖြေခရီးထွက်ပေးဖို့ လိုပါတယ်။ တစ်နှစ်ကို အနည်းဆုံးတစ်ခါလောက်ပေါ့။ နှစ်ခါဆိုရင် ပိုလို့တောင် ကောင်းပါသေးတယ်။ ဒီလိုအပန်းဖြေခရီးထွက်သူတွေ ဘာကြောင့် အောင်မြင်လေ့ ရှိကြသလဲဆိုတာ အောက်မှာ ဆက်ကြည့်လိုက်ပါ။

၁။ သဘောထားကြီးလာခြင်း

ခရီးထွက်ပြီး ပြန်လာတဲ့အခါ သဘောထားကြီးလာတက်ကြပါတယ်။ ခရီးကပြန်လာတာနဲ့ လုပ်ငန်းခွင်မှာ ညှိနှိုင်းရမှုတွေ အလွယ်တကူ အဆင်ပြေသွားလေ့ရှိပါတယ်။ အဲဒီအချိန်မှာ သင့်ရဲ့စိတ်က လတ်ဆတ်တက်ကြွနေမှာပါ။

၂။ လူမှုဆက်ဆံရေး ပိုကောင်းလာမယ်

ခရီးသွားပြီဆိုတာနဲ့ မိတ်ဆွေသစ်တိုးဖို့က သေချာသလောက်ရှိသွားပါပြီ။ ပြည်ပနိုင်ငံတစ်ခုခုမှ ညီလာခံ တက်ရောက်တာမျိုးလည်း အကျိုးရှိတာပါပဲ။ ဒါကြောင့် ခရီးသွားလေ လူမှုဆက်ဆံရေး ပိုကောင်းလေပါ။

 

၃။ စီစဉ်ဖန်တီးနိုင်စွမ်း ကောင်းလာမယ်

ခရီးထွက်သူတွေဟာ စီစဉ်ဖန်တီးနိုင်စွမ်းလည်း ကောင်းတက်ကြပါတယ်။ ဘာကြောင့်ပါလိမ့်။ ခရီးထွက်တော့မယ်ဆိုတာနဲ့ တည်းခိုဖို့၊ သွားလာဖို့ ဘာလုပ်ဖို့ စသဖြင့် ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။ ဒီအကျင့်က စီစဉ်ဖန်တီးနိုင်မှုကို အားကောင်းစေတာပါ။

၄။ ဗဟုသုတကြွယ်ဝခြင်း

စာဖတ်သလိုပဲ ခရီးထွက်ခြင်းကလည်း ဗဟုသုတတွေ ကြွယ်စေပါတယ်။ အခြားနိုင်ငံတွေ၊ ဒေသတွေရဲ့ ယဉ်ကျေးမှုနဲ့ အကြောင်းအရာတွေကိုလည်း သူတို့က ကောင်းကောင်းသိပါတယ်။

၅။ ပြန်လည်လန်းဆန်းလာမယ်

ခရီးတစ်ခါ ထွက်ပြီးတိုင်း ပြန်လည်လန်းဆန်းလာမှာပါ။ ဒီတော့ လုပ်စရာရှိတာတွေအပေါ် ပိုပြီး အာရုံစိုက်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ အလုပ်ကို မထိခိုက်ရင် ခရီးသာ များများထွက်ဖို့ အကြံပြု လိုက်ပါတယ်။

ဒါလေးကတော့ ဒူဝံမျိုးဆက်သစ်တို့ရဲ ့မီဒီယာ ရ ဲ့ပို့စ်လေးပါ..

မွန်လေးထပ်လောင်းပြောချင်တာကတော့ စိတ်ကူးသစ်တွေလည်းကွန့်မြူ းလာမယ်။ လူကလည်းနုပျိုလန်းဆန်းလာမယ်။ ခရီးသွားပါများလေ ကိုယ့်

ကိုယ်ကိုယုံကြည်မှုတွေလည်းတိုးလာမယ်။ မျက်စေ့ပွင့်နားပွင့်လည်းဖြစ်လာမယ်။ ခရီးသွားပါများလေ သွားပဲသွားချင်လေပါပဲ။ စီးပွားရေးလည်းလုပ်တတ်လာပါလိမ့်မယ် (အထူးသဖြင့်မွန်လေးလိုပေါ့..မွန်လေးဆိုနိုင်ငံခြားလည်းတစ်နှစ် ၁ခါ၊ ၂ခါလောက်တော့

တတ်နိုင်သမျှကြိုးစားပြီးသွားတယ် သူတို့နဲ့ချိတ်ပြီးစီးပွားရေးပြန်လုပ်တတ်လာတယ်။ ကြီးကြီးကျယ်ကျယ်တော့မဟုတ်ပါဘူး) 😛

ခရီးတွေအများကြီးထွက်နိုင်ကြပါစေ။