အညာဒေသမှဆီမန်းမြေဆီသို့ (၂)

Mon LayDecember 5, 20177min4130

မုံရွာမှာလည်ပတ်ခဲ့ပြီးတော့ ဒီတစ်ခါ မန်းလေး၊အင်းဝကို လည်ပတ်ခဲ့တာလေး ဆက်ရေးပါမယ်။

#မင်းကွန်းပုထိုးတော်ကြီး 😲😲

မင်းကွန်းကိုရောက်ဖို့ဆို လမ်းက၂လမ်းရှိပါတယ်။ ကားနဲ့သွားလို့ရသလို့ boat စီးပြီးလည်းသွားလို့ရပါတယ်။ မွန်လေးပထမတစ်ခါသွားတုန်းက

တော့ ကားနဲ့သွားခဲ့ပါတယ်။စစ်ကိုင်းတံတားကိုဖြတ်ပြီးသွားခဲ့တာပါ..လမ်းမှာစစ်ကိုင်းတောင်လည်းဝင်ဖူးရင်းနဲ့ပေ့ါ။ ခုတခါကတော့ နိုင်ငံခြားဧည့်

သည်တွေကိုပို့တဲ့နည်းအတိုင်းဘုတ်နဲ့သွားခဲ့ကြပါတယ်။ ဘုတ်ကစီးချိန် ၄၅မိနစ်တော့ကြာပါတယ်။ ရှုခင်းလေးကြည့်၊ဓါတ်ပုံလေးရိုက်၊မုန့်လေးစား

ရင်း၊ လေလေးတွေတိုက်တာခံရင်း မှေးရင်းနဲ့ အိပ်ပျော်မလိုတောင်ဖြစ်သွားခဲ့ပါတယ်။ 😛

မင်းကွန်းပုထိုးတော်ကြီး (သို့မပာုတ်) ကမာ္ဘ့အကြီးဆုံးပုထိုးတော်ကြီးအကြောင်းလည်းဗဟုသုတအဖြစ်ဖတ်ကြည့်ကြပါဦးလို့။

စစ်ကိုင်းတိုင်း မင်းကွန်းမှာ တည်ရှိသော မင်းကွန်းပုထိုးတော်ကြီးကို ၁၈ ရာစုနောက်ပိုင်းမှာ ကုန်းဘောင်မင်းဆက် ၆ဆက်မြောက်ဖြစ်သော ဘိုးတော်ဘုရားမင်းမှ တည်ထားကိုးကွယ်ခဲ့ပါတယ်။ ဘိုးတော်ဘုရားပာာ ဒီဘုရားကြီးကို မင်းကွန်းမှ မိုင် ၆ဝ ခန့်ဝေးသော ရွှေဘိုမှ မြင်ရအောင် ရွှေဘိုမှ ဖူးမြှော်လို့ရအောင်လို့ရည်ရွယ်ပြီး အလွန်ကြီးမားလှသော ဘုရားကြီးကို တည်ထားကိုးကွယ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ သို့သော် ဘိုးတော် ဘုရားပာာ ဘုရားကြီးရဲ့ သုံးပုံတစ်ပုံခန့်အပြီးမှာဘဲ နတ်ရွာစံသွားတဲ့အတွက် ဘုရားကြီးကို ပြီးဆုံးအောင် တည်ထားကိုးကွယ်နိုင်ခြင်းမရှိပါဘူး။ ဘုရားကြီးပာာ ပြီးဆုံးခဲ့မယ်ဆိုရင် ၁၅၃ မီတာရှိမှာဖြစ်ပြီး ယခုလက်ရှိတော့ မီ်တာ ၅ဝ ထိဘဲပြီးစီးအောင် ဆောက်နိုင်ခဲ့ပါတယ်။

မင်းကွန်းပုထိုးတော်ကြီးပာာ အလွန်အင်အားကြီးမားသော ငလျှင်ကြီးနှစ် ခု ဒဏ်ကြောင့် အုပ်ချပ်များကွဲကာ အတော်အတန် ပျက်စီးခဲ့ရပါတယ်။ ပုထိုးတော်ကြီးပာာ အလွန်ကြီးမားပြီး တောင် တစ်လုံး နီးပါးကြီးမြင့်ပြီး ပုထိုးတော်ကြီးပေါ်သို့ လှေကားဖြင့်တက်နိုင်ပါတယ်။ (ခုတော့ ငလျင်ဒဏ်ကြောင့် တက်ခြင်းကိုတားမြစ်ထားပါတယ်။) ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိပြီး နိုင်ငံခြားသွား ခရီးသည်များအလွန် လာရောက်လည်ပတ်ဖူးမြှော်ကြပါတယ်။ ကမာ္ဘ့အကြီးဆုံး ပုထိုးတော်ကြီးလို့လဲ စာရင်းဝင်ပါတယ်တဲ့။

ရာဇဝင်တဲ့မင်းကွန်းပုထိုးတော်ကြီး

မြသိန်းတန်စေတီပေါ်ကလှမ်းမြင်နေရတဲ့ မင်းကွန်းပုထိုးတော်ကြီး

မြသိန်းတန်စေတီပေါ်ကလှမ်းမြင်နေရတဲ့ မင်းကွန်းပုထိုးတော်ကြီး

#မင်းကွန်းခေါင်းလောင်းကြီး 🔔🔔

သူကလည်းမင်းကွန်းပုထိုးတော်ကနေ လမ်းလျှောက်သွားရင် ၅မိနစ်သာသာသာ သွားရရင်ရောက်ပါတယ်။ လမ်းတစ်လျှောက်ဆိုင်တန်းတွေကို

ကြည့်၊ ဈေးဝယ်မယ်ဆိုရင်တော့ ၁ဝမိနစ်ကနေ ၁၅ မိနစ်သွားမှာရောက်ပါမယ်။

မင်းကွန်းခေါင်းလောင်းကြီး နှင့် ၎င်း၏ အလေးချိန်
———————————————————-
ခေါင်းလောင်းသည် လွန်ခဲ့သောနှစ်ပေါင်း (၄၀၀၀)ကျော် ခန့်က တရုတ်ပြည်တွင် ဟစ်ကြွေးရန် ၊ အချက်ပေးရန် ၊ နှိုးဆော်ရန် ၊ အချိန်ပြရန် ဟူသော သဘောဖြင့် စတင် အသုံးပြုခဲ့ပါတယ်။ ဗုဒ္ဓဘုရားရှင် နှင့် ခရစ်တော်တို့ ပေါ်လာပြီးသည့် နောက် တွင် ခေါင်းလောင်းကို ထို ကိစ္စရပ်များအတွက် မကတော့ဘဲ ဘာသာရေးဆိုင်ရာ အသိပေး ပစ္စည်းအဖြစ် ကမ္ဘာအရပ်ရပ်တွင် ပိုမို အသုံးပြုလာခဲ့သည်။ မြန်မာတို့သည် မိမိပြုသော ကောင်းမှုကုသိုလ်ကို ရေစက်သွန်းချကာ ဝသုန္ဒြေနတ် ကို တိုင်တည်ကြသည်။ ထိုမျှမက ဘုရား ကျောင်းကန် များသို့ သွားကာ ဥပုသ်သီလဆောက်တည်အပြီး ခေါင်းလောင်းထိုး ကြရာတွင် မြေကြီးကို (၃) ကြိမ် ထောက်ကာ ခေါင်းလောင်းကိုထိုးခြင်းဖြင့် ဝသုန္ဒြေ မြေစောင့်နတ်ကို သက်သေတည်ပြီး (၃၁) ဘုံအား အမျှဝေခြင်းကို ဆိုလိုသည်။ထိုအသံသည် ကြားရသူ အပေါင်းကို ကုသိုလ်နယ်ပယ်တွင်း ခေါ်ယူသိမ်းသွင်း သည့် သဘော သက်ရောက်စေသဖြင့် ခေါင်းလောင်း သည် မြန်မာမှုနယ်ပယ်တွင် ကျယ်ကျယ် ပြန့်ပြန့် နေရာ ယူထားသည်။

ထို့ကြောင့် ခေါင်းလောင်းကို သာမာန်ထက် အသံချိုစေရန် အရွယ် အစား ပိုကြီးစေရန် စသဖြင့် ပြုလုပ် ကြရင်း ကမ္ဘာပါ်တွင် အကြီးဆုံး ခေါင်းလောင်း သည် ဇာကိုလိုကော ခေါင်းလောင်းTsar Kolokol bell ဖြစ်ပြီး အလေးချိန်မှာ (၂၂၃) တန်ဖြစ်သည်။ ထိုခေါင်းလောင်းကို (1735)တွင် ရုရှဧကရီဘုရင်မ Anna သွန်းလုပ်စေခဲ့ပြီး ထိုခေါင်းလောင်းထက်တွင် Tsar Alexei နှင့် Anna ရုပ်တို့ သွန်းလုပ်ထား သည်။ အကြောင်းမလှစွာဖြင့် (1737) တွင် မော်စကို ၌မီးကြီးလောင်ရာ လူအချို့က ရေဖြင့် ပက်လိုက်ရာမှ အလေးချိန် (၁၁) တန်ခန့်အပိုင်းတစ်ခု ကွဲထွက်သွား ပြီးခေါင်းလောင်းလည်း အသံမမြည်တော့ချေ။ ယခု ရုရှနိုင်ငံ မော်စကိုရှိ ကရင်မလင်တွင် ထားရှိသည်။ တန်ချိန် (၁၂၈) တန်ဖြင့် ဒုတိယအကြီးမှာ လည်း ရုရှားနိုင်ငံ မော်စကို၌ပင် ရှိနေသည်။ မြန်မာနိုင်ငံရှိ မင်းကွန်းခေါင်းလောင်းသည် တတိယ အကြီးဆုံး ခေါင်းလောင်း ဖြစ်လေသည်။ ၎င်းတို့ (၃) လုံး အနက်မှ မြန်မာပိုင် မင်းကွန်း ခေါင်းလောင်းသည် အသံမြည် အောင် တီးခတ်နိုင်သည့် ခေါင်းလောင်း ဖြစ်သဖြင့် ကမ္ဘာ ့ အကြီးဆုံးအသံမြည် ခေါင်းလောင်းကြီး ဖြစ်သည်။

မင်းကွန်း ခေါင်းလောင်းကြီးကို လှူဒါန်းခဲ့သူမှာ မင်းကွန်းကြီးလေးကြီး၏ ဒကာ အမရပူရပဌမမြို့တည် ဘိုးတော်ဘုရားဖြစ်သည်ဟု ပြောကြသည်။ မင်းကွန်းခေါင်းလောင်း သွန်းခဲ့သူမှာ တမ္မဝတီသား ဦးကံညွှန့်ဖြစ်သည်။ မောင်ကံညွန့်၏ ဖခင်သည် အမတ်ကြီးဦးပေါ်ဦး အပေါ် ကျေးဇူးရှိသဖြင့် ဦးပေါ်ဦးမှ ထောက်ခံပေးသည်။ ဘိုးတော်ဘုရား၏ ဆန္ဒ အတွက် ကြီးမားသော စိန်ခေါ်မှု ဖြစ်သဖြင့် နန်းတွင်းပန်းတဉ်းဝန်နှင့် ပန်းတဉ်းပညာရှင် များ လက်ရှောင်ကြရာမှ မောင်ကံညွန့်သည် အလိုလို နေရာရလာသည်။ ခေါင်းလောင်းကြီးသည် ကြေးညိုကို အခြေခံကာ ရွှေငွေ နှင့် အခြားသတ္ထု ရောစပ်ထားသော ခေါင်းလောင်း Alloy Bell မျိုးဖြစ်သဖြင့် အသံမြည် သည်ဟု ပညာရှင်များက လက်ခံထားသည်။ မင်းကွန်းခေါင်းလောင်းသာမက စန္ဒာမုနိ ဆင်းတုကို လည်း တမ္မဝတီသားတို့ပင် သွန်းလုပ်ခဲ့သည်ဖြစ်ရာ ကြေးသွန်း လောက တွင် ယနေ့ထိ မြန်မာသာမက ကမ္ဘာမှာပင် နာမည်ကြီးကြသူများ ဖြစ်ကြလေသည်။

မင်းကွန်းခေါင်းလောင်း သွန်းလောင်းရာတွင် စိတ်ဝင်စားစရာ ကောင်း သည်။ မင်းကွန်းခေါင်းလောင်း ကို မင်းကွန်းတွင် သွန်းခဲ့သည် မဟုတ်ဘဲ ၎င်းနှင့် မျက်နှာချင်းဆိုင် ဧရာဝတီမြစ်၏ အရှေ့ဘက်တွင်ရှိသော နန်းတော်ကျွန်း ရွာတွင် (၁၁၇၀) ခုနှစ် ကဆုန်လဆန်း (၅)ရက် ခရစ်နှစ် (1808) ဧပြီတွင် သွန်းလုပ်ခဲ့သည်။ခေါင်းလောင်းကြီးကို ထိုသို့သွန်းပြီးချိန်တွင် ဤမျှကြီးမား လေးလံသော ခေါင်းလောင်းကြီးအား မင်းကွန်းဘက် အခြမ်းသို့ မည်သို့ သယ်ဆောင်လာသနည်း ဆိုသည် ကားစိတ်ဝင်စားဖွယ် ကောင်းလှသည်။ မိုးမကျမှီ ခေါင်းလောင်း အောက်ခြေ တူးမြောင်းကြီးနှစ်ခု တူးလိုက်သည်။ အတောင် (၂၀) ရှိသော ကရဝိတ်ဖောင် (၂) စင်းကို ထိုခေါင်းလောင်းအောက် တွင် သေချာ တပ်ဆင်လိုက်သည်။ ဝါဆိုဝါခေါင် ယခုလိုရာသီတွင် ဧရာဝတီ မြစ်ရေ မြင့်တက်လာလေသော် ၊ ကရဝိတ် ဖောင်တို့ အလိုလိုရေပေါ်သို့ တက်လာလေရာ ခေါင်းလောင်းကြီးကို “မ”ပြီးသား ဖြစ်သွားလေသည်။

ဘိုးတော်ဘုရားသည် ထိုခေါင်းလောင်းရွှေ့ပွဲကို အခမ်းနားပြုလုပ်ပြီး ရွှေ့သည်။ ၎င်း ခေါင်းလောင်းရှေ့ တွင် လှေများစွာက ဝိုင်းဆွဲကာ ဧရာဝတီမြစ်ကြီးအား ဖြတ်ကူးလေသည်။ ဧရာဝတီမြစ် ပြည့်လုမတတ် လူစည်ကားစွာ လာရောက် ကြည့်ရှု့ကြသည်။ တစ်ဘက် ကမ်း သို့ရောက်သော် ထိုနည်းတူ မြောင်းများ အတွင်းသို့ ဝင်ရောက်သွားပြီး ခေါင်းလောင်းချိတ်ရန် နေရာ၌ အုတ်ဖြင့်ငုံ ထားသော ကျွန်းတိုင်ကြီးနှစ်တိုင်သို့ ရောက်လေသော် ဖောင်ကိုရပ်၍ မြောင်းကိုပိတ်၍ မြေတဖြေးဖြေး ဖို့သည်။ မြောင်းတွင် ရေများ မြင့်တက် လာရင်း လိုချင်သောအမြင့်ရောက်လျှင် ဆက်မဖို့ တော့ဘဲ သစ်သားယက်မ (၃) ချောင်းအား သတ္ထုပြား ပတ်၍ ခေါင်းလောင်းအားချိတ်လိုက်သည်။ ဖောင်များ ကို ထုတ်ကာ မြောင်းကို အပြီးဖို့လိုက်သည်။ ထို့နောက် တွင် ဖောင်များကို ထုတ်၍ မြောင်းများကို မြေပြန်ဖို့လိုက် သည်။ ဤနည်း သည် သာမာန်လူ မတွေးမိသော အတွေးဖြစ်လေသည်။ ခေါင်းလောင်းကြီး သွန်းပြီးသည့်အချိန် တွင်လည်း သာမာအားဖြင့် သွန်းပြီးသည့်နေ့မှ( ၄ )ရက်ခန့်အကြာ အတွင်းမှို အေးပြီဟု ယူဆရချိန်တွင် ထိုမှိုတို့ကို ခွာ၍ ရနိုင်သည်။ ပန်းတဉ်းပညာရှင်များသည် ထို ခေါင်းလောင်းကြီး မည်သို့ ရှိလိမ့်မည်ကို အထူးစိတ်ဝင် တစား ဖြင့် ကြည့်လို သည်။ ဘုရင်ကလည်း ပိုမိုသေချာပြီး အမှားယွင်းမရှိစေရန် (၁၅) ထားလိုသဖြင့် ပန်းတဉ်းပညာရှင်များကို ခေတ္တထိန်းသိမ်းပြီး (၁၅) ရက် ရောက်မှသာ ခွာရန် ခွင့်ပြုသည်။ ကံကောင်းထောက်မ စွာ ဖြင့် ခေါင်းလောင်းကြီးမှာ အသံမြည်လေ သည်။ ဘုရင်လည်း အထူးဝမ်းသာလေသဖြင့် ဆုလာဘ်များစွာ ပေးခဲ့သည်။ ထို့ကြောင့် မောင်ကံညွန့်သည် တမ္မဝတီရပ်တွင် သတ္တဌာန ဘွဲ့ဖြင့် ဘုရားတည် ခဲ့ရာ ယနေ့ချိန်ထိပင် ရှိနေလေသည်။ သို့သော်အလေးချိန် အနေဖြင့် များစွာ ကွဲလွဲနေသည်။ ဝက်မစွတ်နဝဒေးကြီး၏ ဝိလာသိနီ မော်ကွန်းပုဒ်ရေ (၄၅) တွင် အလေးချိန် (၆) သောင်း (၅) ထောင် ပိဿာဟု ရေးသည်။ အင်္ဂလိပ်ခေတ် Mr.Cox ၏အရှေ့တောင်အာရှ နိုင်ငံများသမိုင်းတွင် (၄၉၇၇၇) ပိဿာ တန်(၈၀)ခန့်ဟု ဟုဖော်ပြသည်။တဖန်ခေါင်းလောင်းကြီးပေါ်ရေးထားသော မင်းဖြူမှန်မှန်ပြော ဟူသောသုဝဏ္ဏဝိမာန နိဒါန်းအရ (၅၅၅၅၅) ပိဿာကျပ်ချိန် (၅၅)ဟု ဖော်ပြထား ပြန်သည်။မည်သို့ဆိုစေ သမိုင်းသည် လက်တွေ့ကျ၍ အထောက်ထားရှိခြင်းကသာ ပို၍ ခိုင်မှာသည်။

မင်းဖြူမှန်မှန်ပြော

#မြင့်မိုရ်တောင်နှင့် စကြာဝဠာ တည်ရှိပုံကို မှန်းဆ တည်ထားသော မြသိန်းတန်စေတီ 🙏🙏 😍😍

မင်းကွန်းခေါင်းလောင်းကြီးကနေ မြောက်ဘက် ဂိုက်၅၀ဝ အကွာမှာ တည်ထားတဲ့ မြသိန်းတန်စေတီဆီကို ရွာလေးတွေဖြတ်ပြီး ဆက်လက်

ထွက်ခွါလာခဲ့လိုက်တယ်။ မြသိန်းတန်းစေတီက မြင်ဖူးခဲ့သမျှ စေတီ၊ ပုထိုးတွေ အားလုံးနဲ့ လုံးဝကွဲထွက်နေတယ်။ အနုမှာအာနန္ဒာလို့ ဆိုကြတဲ့ ပုဂံက အာနန္ဒာစေတီလောက် မကြီးကျယ်ဘူး။ ဒါပေမယ့် အချိုးအစားကျနမှုနဲ့ ဘုံဌာနတစ်ခုကို ရည်ရွယ်ပြီး တည်ထားတာကတော့ ဆန်းကြယ်တယ်။ လှိုင်းတွန့်ပုံ တံတိုင်းခုနှစ်ထပ်က စက်ဝိုင်းပုံစံအတိုင်း တစ်ဆင့်ထပ်တစ်ဆင့် မြင့်တက်သွားပြီး ခုနှစ်ဆင့်မြောက်ပြီးမှ စက်ဝိုင်းပုံရင်ပြင် အလယ်မှာ စေတီတစ်ဆူကို တည်ထားတာပါ။ စေတီတံတိုင်းကိုကော၊ စေတီကိုကော အဖြူရောင် ထုံးသင်္ဃန်းကပ်ထားပါတယ်။ စေတီရဲ့ ထိပ်ဖူးပိုင်းလောက်ပဲ ရွှေသင်္ဃန်း ချထားတာဆိုတော့ မြင်ယုံနဲ့တင် အေးချမ်းတဲ့ အနှစ်သာရကို ခံစားရပါတယ်။ စေတီလှိုဏ်ခေါင်းထဲမှာ ဆင်းတုတော် နှစ်ဆူကိန်းဝပ်စံပါယ်တယ်။ ရုတ်တရတ်ကြည့်ရင်တော့ တစ်ဆူပဲ။ ဘေးကနေ ပတ်ကြည့်လိုက်မှ ဆင်းတုတော်ကြီးရဲ့ အနောက်ထဲမှာ ရွှေဆင်းတုတော်ကို ဖူးမျှော်လိုက်ရတာ။ ဗုဒ္ဓရုပ်ပွားတော်ကို ဦးသုံးကြိမ်ချပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ခဲ့ပါတယ်။ မင်းကွန်းပုထိုးတော်ကြီးကို မြသိန်းတန်စေတီကနေ ထင်ထင်ရှားရှားကြီးကို ဖူးရတယ်။ ဓါတ်ဖမ်းလို့ကောင်းမှကောင်း။

မြသိန်းတန်စေတီ အကြောင်းလေးလည်းတင်ပေးချင်ပါတယ်။
************************
သမိုင်းပညာရှင်တို့၏ မှတ်တမ်းတင်ချက်အရ စေတီတော်မြတ်ကြီး၏ မူလအမည်တော်မှာ ပုဂံခေတ်၊ အလောင်းစည်သူမင်းကြီး၏ ကုသိုလ် ရှင်ဖြူဘုရားရုပ်ထုတော်ကို အစွဲပြု၍ (ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး အလိုအရ ဘွဲ့တော်မှာ)ရှင်ဖြူဘုရားဟုလည်းကောင်း၊ (သုဝဏ္ဏဝိမာန နိဒါန်း အလိုအရ ဘွဲ့တော်မှာ)ဆင်ဖြူဘုရားဟု စတင်ခေါ်ဝေါ်ကြောင်းကို လည်းကောင်း၊ ကုန်းဘောင်ခေတ်၊ ဗဒုံမင်း(ဘိုးတော်ဘုရား)တရားကြီး လက်ထက်ဝယ် မင်းကွန်းပုထိုးတော်ကြီး တည်ဆောက်နေစဉ် မြေးတော် စစ်ကိုင်းမင်းသားလေး(ဘကြီးတော်)က ပျက်စီးနေသော ရှင်ဖြူဘုရားတန်ဆောင်းကို ပြုပြင်လှူဒါန်းလိုကြောင်း ခွင့်တောင်းသည့်အခါ ခွင့်ပြုမိန့်ရရှိသဖြင့် စစ်ကိုင်းမင်းသားလေး၏ ကြင်ယာတော် ဘိုးတော်မင်းတရားကြီး၏ အချစ်ဆုံး ဆင်ဖြူမယ်မင်းသမီးလေး ဘုရားတည်စဉ် နတ်ရွာစံကံကုန်သဖြင့် အလွမ်းပြေ အမှတ်တရ အနေဖြင့် ဆင်ဖြူမယ်ဘုရား(ခ) သမိုင်းတစ်စောင်တွင်မူ ဘုရားတည်နေရာမှာ ယခင်က ဘုရားအလောင်း ဆင်ဖြူဖြစ်စဉ်ကာလက ကျင်လည်ကျက်စားဖူး၍ ဆင်ဖြူတောင် ခေါ်ကြောင်း၊ ဆင်ဖြူတောင်ပေါ်တွင် တည်၍ ဆင်ဖြူရှင်ဘုရားဟု) ဟုလည်းကောင်း၊ ဌာပနာတော်သွင်း မင်္ဂလာပြုကြရာတွင် အိမ်ရှေ့စံမင်းသမီးလေး ဆင်ဖြူမယ် ဝတ်ဆင်အပ်သော တစ်သိန်းတန် မြရတနာကို ဌာပနာမှု အစွဲပြု၍ မြသိန်းတန်ဘုရားဟု လည်းကောင်း အမည်သုံးမျိုးဖြင့် တန်ခိုးကြီး ထူးခြားလှပေသည်။ မင်းတုန်းမင်းကြီး လက်ထက်တွင် ထိုဘုရားကို ပြုပြင်ခဲ့သေးသည်။


တည်ဆောက်ခဲ့ပုံ
**************
တာဝတိံသာနတ်ပြည်ရှိ စုဠာမဏိစေတီတော်ကို ရည်မှန်း၍ လှူဒါန်းတည်ဆောက်ခြင်းဖြစ်သည်။ တနည်းအားဖြင့် ရှေးမြန်မာဘုရင်တို့၏ ဆန်းသစ်သော တွေးခေါ်မှု၊ ဆန်းကြယ်သော စီမံဆောင်ရွက်မှုများမှာ သမိုင်းထူလိုသော လူသားတိုင်းအတွက် အတုယူ အားကြဖွယ်ရာပင် ဖြစ်သည်။ စေတီတော်ကြီး၏ အောက်ခြေမှ တရွေ့ရွေ့မြင့်တက်လာသော ရေလှိုင်းကွန့်သဏ္ဍာန် ပစ္စယာ ခုနှစ်ဆင့်မှာ သီတာ ခုနှစ်တန်၊ တောင်ရံ ခုနှစ်လုံးကို ရည်ရွယ်ထားသည်။ သတ္တမ ပစ္စယာမှာ ယုဂန္ဓိုရ်တောင်ထိပ်ကို ရည်ရွယ်၍ အလယ်ဗဟိုအမြင့် အုဋ္ဌ်ခုံမှာ အာလိန်ငါးဆင့် ပတ်လျှက် မြင့်မိုရ်တောင်ကို ရည်ရွယ်ထားသည်။ ၎င်းအာလိန်ငါးဆင့်တွင် ပထမအာလိန်၌ နဂါးများ၊ ဒုတိယအာလိန်၌ ဂဠုန်များ၊ တတိယအာလိန်၌ ဂုမ္ဘဏ်များ၊ စတုတ္ထအာလိန်၌ ယက္ခ၊ ရက္ခိုသ်များ၊ ပဉ္စမအာလိန်၌ ဂန္ဓဗ္ဗများ စောင့်ကြပ်ပြီး အာလိန်ငါးဆင့်မှ အထက် သိကြားမင်းစံရာ တာဝတိံသာနတ်ပြည်၊ မြင့်မိုရ်တောင်ထိပ်ဖြစ်သည်။ အထက်၌ ဥမင်လိုဏ်ဂူအတွင်းဝယ် ပထမဘုရားဒါယကာ အလောင်းစည်သူမင်း လှူဒါန်းပူဇော်အပ်သော ရှင်ဖြူရုပ်ပွားတော်ကြီး စမ္ပါယ်တော်မူသည်။ စေတီတော် ပတ်ပတ်လည်မှ ပြဿဒ်များမှာ သုံးကျိပ်သုံးဦးသော နတ်မှူးများ၏ ဗိမာန်များကို ရည်ရွယ်ထားသည်။ စောင်းတန်းသုံးသွယ်မှာ မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ အဘိဓမ္မာတရားဟောပြီး လူ့ပြည်သင်္ကဿနဂိုရ်သို့ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဟု စောင်းတန်းသုံးသွယ်ဖြင့် သက်ဆင်းတော်မူပုံကို ရည်ရွယ်ထားသည်။ မူလဘုရားဒါယကာ အလောင်းစည်သူမင်းနှင့် ဘုရားသမိုင်းကြောင်းကို တိတိကျကျ ဖော်ပြခြင်းမရှိသော်လည်း ဒုတိယ ဘုရားဒါယကာ မြေးတော် စစ်ကိုင်းမင်းသားလေးသည် ၁၁၆၃-ခုနှစ်၊ သက်တော် (၁၂)နှစ်အရွယ်တွင် ဘုရားဒါယကာအဖြစ် ခံယူခဲ့သည်။ ၁၁၆၄-ခု၊ တပို့တွဲလတွင် ဆင်ဖြူမယ်မင်းသမီးလေးနှင့် လက်ထပ်သည်။ ၁၁၆၆-ခု၊ တန်ခူးလဆန်း (၁၅)ရက်၊ ကြာသပတေးနေ့တွင် စတင် တည်ဆောက်ခဲ့ပြီး၊ ဝါဆိုလဆန်း(၂)ရက်၊ သောကြာနေ့တွင် ဌာပနာပိတ်ပွဲ ကျင်းပသည်။ ဌာပနာတိုက်ပေါင်း (၁၆)တိုက်ရှိသည်။ ၁၁၆၉-ခုနှစ်တွင် ဘုရားပြီးစီး၍ ပထမဝါဆိုလပြည့်ကျော် (၁၄)ရက်၊ သောကြာနေ့တွင်
အနေကဇာတင်၍ ရေစက်သွန်းချ

ပွဲတော်ကြီး ကျင်းပပြုလုပ်ခဲ့သည်။


အတိုင်းအတာ
*************
စေတီတော်၏ ဖိနပ်အချင်း (၂၁၄)တောင်၊ ဉာဏ်တော်အမြင့် (၃၂၁)ပေ ရှိသည်။ မီးတားတံတိုင်းမှာ လေးထောင့်မဟုတ်၊ အဝိုင်းဖြစ်သည်။ သီတာ ခုနှစ်တန်၊ တောင်ရံ ခုနှစ်ထပ်၊ အာလိန်ငါးဆင့်၊ စောင်းတန်းသုံးသွယ် တို့ဖြင့် မြင့်မိုရ်တောင်နှင့် စကြာဝဠာ တည်ရှိပုံကို ရည်ရွယ်ထားသည်မှာ ကမ္ဘာ့အံ့ဖွယ်ပင်ဖြစ်သည်။ အင်ဒိုချိုင်းနားပြည်နယ်၊ ဂျာဝါးကျွန်းတွင် ဘိုရိုဗဒူခေါ် စေတီတော်ကြီးနှင့် ဤမြသိန်းတန် စေတီတော်ကြီးတို့သည် လေးဒေါင့်၊ အဝိုင်း သဏ္ဍာန်မှလွဲ၍ တည်ဆောက်ပုံ ရည်ရွယ်ချက် တူညီကြောင်း ကမ္ဘာလှည့် ဧည့်သည်တော်များမှ မှတ်တမ်းရရှိသည်။

#ဆန်းပြားလှတဲ့ ရုပ်ကြွပန်းပုလက်ရာများနှင့် ရွှေကျောင်း 😍😍

တည်နေရာက အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်မှာပါ။ ရွှေကျောင်းအရှေ့မှာ ဗုဒ္ဓတက္ကလိုလ်ကြီး တစ်ခုရှိပါတယ်။ သမိုင်းကြောင်းအရ မြနန်းစံကျောင်ရွှေနန်းတော်ဝန်းထဲက မှန်နန်းဆောင်ရဲ့ မြောက်ဘက်အရပ်မှာ နန်းဆောင်တစ်ဆောင် ရှိခဲ့ပါတယ်။ မင်းတုန်းမင်း စံမြန်းရာအဆောင်ဆိုပါ။ ၁၊ ၁၀၊ ၁၈၇၈မှာ မင်းတုန်းမင်းကြီး နတ်ရွာစံတော့ နောက်တက်တဲ့မင်း ဖြစ်တဲ့ သီပေါမင်းက ဖခင်မင်းတုန်းမင်း နတ်ရွာစံခဲ့တဲ့ နန်းဆောင်ရယ်၊ စနုဆောင်ရယ်ကို ၁၃ရက်နေ့မှာ ဖြုတ်သိမ်းလိုက်ပါတယ်။ ၃၁၊ ၁၀၊ ၁၈၈၃ခုရောက်မှ အခုရွှေကျောင်း ရှိနေတဲ့နေရာမှာ ဘုန်းကြီးကျောင်းအဖြစ် ပြောင်းလဲဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။ ၁၉ရာစု ကုန်းဘောင်ခေတ်က မြန်မာမှုဗိသုကာလက်ရာတွေကို အစွမ်းကုန် အသုံးပြုထားပြီး ထိုခေတ်က ငွေဒင်္ဂါး တစ်သိန်းနှစ်သောင်းကျပ် ကုန်ကျခဲ့တယ်။ နန်းတော်ကနေလာတဲ့ကျောင်းမို့လို့

ရွှေနန်းတော်ကျောင်းလို့ နာမည်ပေးပေမယ့် ကျောင်းတော်အတွင်းအပြင်တစ်ခုလုံးကို ရွှေပိန်းချထားတဲ့အတွက် ရွှေကျောင်းလို့ လူသိများလာတယ်။

ရွှေကျောင်းတစ်ခုလုံး အတွင်းအပြင် နေရာလပ်မကျန် ဗိသုကာပညာရပ်ကို အခမ်းနားဆုံး အသုံးပြုထားတယ်။ ခြူပန်း၊ ခြူနွယ်၊ အပြောက်အမွမ်း၊ ရုပ်လုံးရုပ်ကြွ၊ နံရံကပ်ရုပ်ကြွ၊ ဇာတ်ကြီးဆယ်ဘွဲ့ထွင်းရုပ်ကြွတွေနဲ့ ကိန်းကြီးခမ်းကြီး နိုင်လှတယ်။ တအံ့တဩအဖြစ်ရဆုံးကတော့ ကျောင်းထဲက ကွန်းစင်တိုင်ခြေမှာ ထွင်းထားတဲ့ ဇာတ်ကြီးဆယ်ဘွဲ့ရုပ်ကြွတွေပဲ။ တိုင်ခြေတစ်ခုစီမှာ ဇာတ်တစ်ခုစီ ထွင်းထားတာ။

* ပုဏ္ဏားတို့က ဝေဿန္တရာမင်းကြီးထံမှာ မင်္ဂလာဆင်ဖြူ အလှူခံဟန်၊ (အလယ်တိုင်ရဲ့ ပထမအတန်း ညာဘက်ကပုံ)
* ဝေဿန္တရာမင်းကြီးက ပုဏ္ဏားတွေကို မင်္ဂလာဆင်ဖြူတော် အလှူပေးလိုက်လို့ ပုဏ္ဏားတွေပျော်ပြီး ဆင်စီးသွားဟန်၊ (အလယ်တိုင်ရဲ့ ပထမအတန်း ညာဘက် ဒုတိယမြောက်ပုံ)
* မင်္ဂလာဆင်ဖြူလှူလိုက်လို့ တိုင်းသူပြည်သားတွေ မကျေမနပ်ဖြစ်တဲ့အတွက် မင်းကြီးက မိဖုရားနဲ့ သားသမီးကို မြင်းရထားပေါ်တင်ပြီး တောသို့ထွက်ဟန်၊ (အလယ်တိုင်ရဲ့ ပထမအတန်း ဘယ်ဘယ်ပုံ)
* တောထဲမှာ အစာရှာထွက်တဲ့ မိဖုရားကို နတ်သားသုံးပါးက ခြင်္သေ့၊ ကျား၊ ကျားသစ်အသွင် ဖန်တီးပြီး အိမ်အပြန်နောက်ကျအောင် ဟန့်တားဟန်၊ (ဒုတိယအတန်း ညာဘက်ကပုံ)
* သားနဲ့သမီးကို အခိုင်းအစေအဖြစ် အလှူလာခံတဲ့ ပုဏ္ဏားကို ကြေကွဲစွာ လှူဒါန်းလိုက်ဟန်၊ (ဒုတိယအတန်း ဘယ်ဘက်ကပုံ)
စတဲ့ ဘုရားလောင်းတို့ ကျင့်ကြံရတဲ့ စွန့်ခြင်းငါးပါးထဲက သား၊ သမီးရတနာကို စွန့်ခြင်း ပါရီမီဖြည့်ကျင့်ပုံကို ထွင်းထုထားတာကို တွေ့နိုင်ပါတယ်။

#ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး 📕📕

ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးလို့ခေါ်တဲ့အပြင် ကုသိုလ်တော်ဘုရားလို့လည်းခေါ်ကြပါတယ်။ စေတီရဲ့ နောက်ထပ်ဘွဲ့တော်က ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ တဲ့။ ကုသိုလ်တော်စေတီကို စမြင်ရတာက အုတ်တံတိုင်းဖြူတွေရဲ့ အနောက်မှာရှိတဲ့ ထုံးဖြူဖြူစေတီအတန်းလိုက်ကြီး။(ဓါတ်ပုံရိုက်လို့သိပ်ကောင်း၊ တစ်ချို့ဆို Pre wedding အတွက်လာလာရိုက်ကြတာ) ပြီးတော့မှ ဆေး ဝါ၊ နီ၊ စိမ်း တွေနဲ့ ချယ်သထားတဲ့ မုခ်ပြသာဒ်တံခါးပေါက်တွေ။ အလယ်မှာ ရွှေရောင်တဝင်းဝင်းနဲ့ စေတီတစ်ဆူရှိပြီး အဲ့သည့်စေတီကို ထုံးသင်္ဃန်းကပ်ထားတဲ့ စေတီငယ်ပေါင်း မြောက်များစွာနဲ့ လေးဘက်လေးတန်ကနေ စတုရန်းသဏ္ဍာန် ဝန်းရံထားပုံ တည်ထားတယ်။

ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးရဲ့ စာမျက်နှာတွေကို ထုံးဖြူဖြူစေတီငယ်တွေထဲမှာ တစ်ရွက်ချင်းစီ ဌာပနာထည့်ထားပြီး စာရွက်အသားက ထူထဲလှတဲ့ စကျင်ကျောက်သားနဲ့ပါ။ အဲ့စကျင်ကျောက်သားပေါ်မှာ ဗုဒ္ဓစာပေတွေကို ညီညာလှပစွာ ကျောက်ထပ်အက္ခရာ တင်ထားပုံကို သံတိုင်တွေကြားကနေ အသေးစိတ် လေ့လာကြည့်ရှုနိုင်တယ်။ ကျောက်စာချပ် စုစုပေါင်း ၇၃ဝချပ်ရှိတယ်။ ကျောက်ချပ်တစ်ချပ်ချင်းစီမှာရော၊ ထုံးစေတီငယ် တစ်ဆူချင်းစီမှာရော နံပါတ်စဉ်တွေ တပ်ထားတော့ မရောတော့ဘူးပေါ့။

#မဟာမြတ်မုနိမျက်နှာသစ် 🙏

မနက်၅နာရီလောက်ဆို မန္တလေးမဟာမြတ်မုနိရုပ်ရှင်တော်မြတ်ဘုရားမှာ မျက်နှာသစ်တော်ရှိတတ်ပါတယ်။ အဲ့ချိန်ဆိုအလင်းတောင် ကောင်းကောင်း မထွက်သေးပေမယ့်ဘုရားဖူးတွေနဲ့ တော်တော်လေး စည်ကားနေတတ်ပါတယ။် မွန်လေးတို့ရောက်သွားတော့  ရုပ်ရှင်တော်မြတ်ကို မျက်နှာသစ်တော်ရေ အနေနဲ့ အသုံးပြုထားတဲ့ အမွှေးနံ့သာအရည်တွေ ဝေနေပါပြီ။ မန်းလေးရောက်ရင် လည်းအဲလိုဝင်ဖူးလို့ရတယ်ဆိုတာလေးပြောချင်ပါတယ်။

#မန္တလေးတောင် 🏔🏔

မန္တလေးတောင်သည် မန္တလေးရဲ ့မြောက်ဘက်မှာတည်ရှိပြီး စေတီပေါင်းများစွာကိုတည်ထားပါတယ်။ တောင်ခြေကနေထုံးစံအတိုင်း

ကားနဲ့တက်ပါတယ်။ ကားသေးနဲ့လာမယ်ဆို စက်လှေကားနားထိတက်လို့ရပေမဲ့ ကားကြီးဆိုရင်တော့ တောင်ခြေကတည်းက

ကားပြောင်းစီးဖို့လိုပါတယ်။ လမ်းဘေးဝဲယာမှာလည်း အပွင့်ပွင့်နေတဲ့ပန်းပင်တွေဆိုတာ ကျကျနနကိုစိုက်ထားလို့။ မန္တလေးတောင်ပေါ်မှာ

ဆုတောင်းပြည့် ဘုရားနဲ့မှန်စီရွှေချတိုင်ကြီးတွေကလည်းတင့်တယ်လှပါတယ်။ မန္တလေးတောင်ပေါ်ကနေဆိုရင် နန်းမြို ့ရိုး၊ ကျုံး၊ သုဓမ္မာဇရပ်တန်း၊

ကျောက်တော်ကြီးဘုရား၊ ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး၊ အနောက်ဘက်ကမ်းမှာရှိတဲ့ မင်းကွန်းပုထိုးတော်ကြီး နဲ့ မန္တလေးမြို ့ရှုခင်းတွေကိုမြင်

ရပါတယ်။ မန္တလေးတောင်ကို လှေကားနဲ့တက်လို့ရသလိုစက်လှေကားနဲ့လည်းတတ်လို့ရပါတယ်။ ပြီးတော့ မြွှေကြီး(၂)ကောင်ဘုရားကိုလည်း

သွားဖူးလို့ရပါသေးတယ်။ အဲ့မြွေကြီး(၂)ကောင်က မကြာခဏဆုတောင်းပြည့်ဘုရားကိုလာရောက်ဖူးမြော်ကြပြီး သူတို့သေသွားတဲ့အခါ

ရုပ်ထုများလုပ်ကာ ဘုရားတည်ထားခြင်းဖြစ်ပါတယ်တဲ့။ တချို့ဆိုမန်းလေးတောင်ပေါ်မှာ နေထွက်တာလည်းလာကြည့်သလို နေဝင်တာ

လည်းလာကြည့်တဲ့သူတွေရှိပါတယ်။

#မန္တလေးတောင်ပေါ်ကဗျာဒိတ်ပေးဘုရားကြီး 🙏🙏

မွန်လေးတို့လည်းဘုရားကိုလှည့်ပတ်ကြည့်ရှုရင်း ဗျာဒိတ်ပေးဘုရားကြီးနားကိုရောက်လာပါတယ်။ အဲ့မှာဘီလူးမတစ်ယောက်ကရင်သားကို

ဆက်ကပ်တဲ့ပုံကိုလှမ်းမြင်လိုက်တော့စိတ်ထဲမှာ အရမ်းသိချင်သွားမိပါတယ်။ရှင်းပြစာများကပ်ထားလေမလားလို့ဟိုဟိုဒီဒီရှာကြည့်ပါသေးတယ်။

မတွေ့ပါ။ အဲဒါနဲ့ငေးကြည့်နေတုန်းအဘတစ်ယောက်ရောက်လာပြီးသူရှင်းပြမယ်ဆိုတော့ တအားဝမ်းသာသွားတာပေ့ါ။

ဂေါတမဘုရားရှင်လက်ထပ်တုန်းကဒီတောင်ပေါ်မှာ ဘီလူးမောင်နှမ ၅ယောက် ရှိခဲ့သတဲ့။ မောင် ၄ယောက်နဲ့ နှမတစ်ယောက်နဲ့တဲ့။ မြတ်စွာဘုရား

ဒီတောင်ကိုဒေသစာရီကြွချီလာတော့ စန္ဒမုခီဘီလူးမက ဘုရားရှင်ကိုကြည်ညှိုလို့ဆိုပြီး သူ့ရင်သားကိုဖြတ်ပြီး လှူတယ်တဲ့။ အဲ့ခါမြတ်စွာဘုရားကပြုံ း

တော်မူလို့ ညီတော်အာနန္ဒာက မေးလျှောက်တော့ ငါဘုရား သာသနာ၂၄၀ဝ ရောက်ရင် ဒီဘီလူးမဟာ ဒီနေရာမှာမြို ့တည်ပြီး မင်းလုပ်အုပ်ချုပ်လိမ့်

မယ်။ သာသနာတော်ကြီး ပွင့်လင်းအောင်လည်း ဆောင်ရွက်မယ် ့သာသနာပြုမင်းဖြစ်လာလိမ့်မယ် လို့ဗာျဒိတ်ပေးခဲ့တာ တကယ်လည်းဗျာဒိတ်ပေး

ဘုရားဆိုတာကို မင်းတုန်းမင်းကြီး လက်ထပ်ကတည်ထားခဲ့ပါတယ်တဲ့။ ကိုယ်လည်းငွေလှူပြီး မန္တလေးတောင်ကနေပြန်ဆင်းခဲ့တော့တယ်။

#အမရပူရ 🌉🌉

အမရပူရ မြို့လေးကတော့ မန္တေလေး မြို့မှ တောင်ဘက်၁၁ ကီလိုမီတာ အကွာတွင် ရှိတာပါ။ မန္တလေးကနေအနောက်ဖက် စစ်ကိုင်းတိုင်းကိုသွားတဲ့လမ်း အဖြစ်သာမက ရန်ကုန် – မန္တလေး အမှတ်(၂)လမ်းမကြီး နဲ့ပါ ချိတ်ဆက်ထားပါတယ်။ မန္တလေး မြို့မှ ဆိုင် ကယ်နဲ့ သွားရနာရီဝက်ထက်ပိုမမောင်းရပါဘူး။ ဦးပိန်တံတား ဟာ ၁.၂ ကီလိုမိတာ ရှည်ပြီး ကမာ္တအရှည်ဆုံး ကျွန်းသစ်တံတား ဖြစ်ပါတယ်။ သက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်းလက်ထက် အမရပူရမြို့ဝန် ဘိုဆင်ပ်၏ မြို့စာရေး ဦးပိန်တည်ဆောက်ခဲ့သော ကြောင့် ဦးပိန်တံတားလို့အမည်တွင်ခြင်းဖြစ်ပါတယ်။ ဦးပိန်တံတားကိုသွား

တဲ့လမ်းတစ်လျှောက်မှာလည်း ချည်ထည်ဆိုင်လေးတွေကော၊ အမှတ်တရပစ္စည်းတွေရောင်းတဲ့ဆိုင်တွေရော၊ ရိုးရာ ကောက်ညှင်းပေါင်း နှင့်အ ကြော်စုံ၊ငါးကြော်၊ပုဇွန်ကြော်၊ ပြောင်းဖူးကျော် ၊လက်ဖက်သုတ်၊အသုတ်စုံ နဲ့ဖျော်ရည်ဆိုင်တွေဆိုတာ

အားကြီးပါပဲ။ ကိုယ်သိပ်ကြိုက်ရတဲ့ရေခဲသေတ္တာကပ်တာလေးတွေက

လည်း အမျိုးကိုစုံရော။ အမရပူရခေါ် တောင်မြို့ က လွန်းရာကျော် ပိုးကြီး ချိတ် တွေဟာ ကမ္ဘာသိ မြန်မာ့ ရိုးရာ ယဉ်ကျေးမှု ပွဲနေ ပွဲထိုင် ဝတ်စုံ ဖြစ်ပါတယ်။ ပိုးကြီးချိတ် အထည်များမှာ အဆင်နှင့် အရည်အေသွး လ်ရကာအေပါ် မူတည်ပြီး ဈေးနှုန်း ကျပ်သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ရှိပါတယ်။ ရန်ကုန် ဈေးကွက်တွင် ရောင်းချေနေသာ ပိုးထည်နှင့် ပိုးချိတ်ထည်များကို မန္တလေး၊ အမရပူရ၊ မုံရွာနှင့် ဒေသများမှ တို်ရကိုက်မှာယူ ရောင်းချကြတယ်လို့သိရပါတယ်။ တောင်သမန်အင်းဆိုတာလည်း ရေတွေဆိုတာဖွေးနေတာ။

ဒါကြောင့်လည်း မန္တလေးရောက်ရင် အမရပူရက စံပြနေရာတစ်ခုအဖြစ် သတ်မှတ်ပြီး နိုင်ငံခြား သားများ ၊ ကမ္ဘာလှည့် ခရီးသွားများ မျက်စိကျစရာနေရာဖြစ်နေတော့တာပေါ့။ ပြီးတော့ အမရပူရမြို့နယ် ရှိ  သာသနာ့ပျိုးခင်း ပရိယတ္တိစာ သင် တိုက်ကြီး ဖြစ်တဲ့ မဟာဂန္ဓာရုံ ကျောင်းတိုက်ကလည်းနာမည်ကျော်ကြားပြီး ကျောင်းတိုက် ရဲ ့ဖွဲ့စည်းပုံစနစ်ကျမှု၊ စည်းကမ်း လိုက်နာ မှု နဲ့ ကျောင်းတိုက်ကို စတင် တည်ထောင်တဲ့ဆရာတော် အရှင်ဇင်နကာဘိဝံသ၏ ဂုဏ်သတင်း တို့ ကြောင့်  ကျောင်းတိုက်ကို.နေ.စဉ်နိုင်ငံခြားသားဦးရေပျှမ်းမျှ ၅ဝကျော် လာရောက် လေ့လာ ကြ လေ့ ရှိပါ တယ်။

#အင်းဝ  🐴🐴

အင်းဝကို မန္တလေးမှ ကိုယ်ပိုင်ကားနဲ့ သွားမယ်ဆို ၁ နာရီ ကျော်ကျော် မောင်းရပါတယ်။ လှေဆိပ်ရောက်တော့ လှေကို (၁၀)မိနစ်ထပ်စီးပါတယ်။အင်းဝလှေဆိပ်ရောက်တော့ မြင်းလှည်းလေးနဲ့ အင်းဝမြို့ဟောင်း အနှံ့ လိုက်လံ ကြည့်ရှု့ပါတယ်။

အင်းဝနေပြည်တော်သမိုင်း ခြေရာများ

အင်းဝမြို့ဟောင်းသည် အေဒီ 1364 မှ 1840 အထိ နှစ်ပေါင်း ( ၄၀ဝ ) ခန့် ၄ ကြိမ်တိုင်တိုင် မင်းနေပြည် ဖြစ်ခဲ့သော မြို့တော်ဟောင်း တစ်ခုဖြစ်သည်။
ဗြိတိသျှတို့ တိုက်ခိုက် သိမ်းယူခြင်း မပြုမီက မြန်မာနိုင်ငံကို ပြည်ပက Ava အင်းဝ ဟုသာ ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။
၁၃၆၄ ခုနှစ် ရှမ်းလူမျိုးတို့ တိုက်ခိုက်မှုကြောင့် စစ်ကိုင်းနေပြည်တော် ပျက်စီးသွားသောအခါ သတိုးမင်းဖျား ( ၁၃၆၄ – ၁၃၆၈ ) က အင်းဝတွင် မင်းနေပြည်တော် တည်ထောင်ကာ မြို့တော်ကို ရတနာပူရ ဟု သမုတ်ခဲ့သည်။

၁၅၂ရ ခုနှစ် ရွှေနန်းကြော့ရှင် ( ၁၅၀၂- ၁၅၂ရ ) ကို ရှမ်းသိုဟန်ဘွားက လုပ်ကြံခဲ့သည်မှ စ၍ အင်းဝကို ရှမ်းမင်းတို့ အုပ်စိုးခဲ့ကြသည်။
၁၅၅၅ တွင် ဟံသာဝတီ ဆင်ဖြူများရှင် ( ၁၅၅၁- ၈၁ ) က အင်းဝကို တိုက်ခိုက် အောင်မြင်ပြီး အင်းဝတွင် ဘုရင်ခံထား အုပ်ချုပ်စေခဲ့ပြန်သည်။
၁၅၉၃ တွင် အင်းဝဘုရင်ခံ မင်းရဲကျော်စွာဟံသာဝတီ သို့ စုန်ရာတွင် မြို့အဖြစ်မှ ရပ်စဲခဲ့သည်။

၁၅၉၉ တွင် ဟံသာဝတီ ဆင်ဖြူများရှင်၏ သားတော်တစ်ပါးဖြစ်သော ညောင်ရမ်းမင်းသား ( ၁၅၉၉ – ၁၆၀၅ ) အင်းဝနေပြည်တော်

ကို ပြန်လည်တည်ထောင်ခဲ့သည်။ မြို့တော်ဟောင်းကို အရှေ့ အနောက်နှင့် တောင်အရပ်တို့သို့ တိုးချဲ့ခဲ့သည်။ ရတနာပူရ အမည်ကို ဖျက်ကာ

ရွှေဝမြို့ကြီးဟု သမုတ်ခဲ့ပြန်သည်။ ၁၇၅၂ ခုနှစ်တွင် မွန်တို့က အင်းဝကို တိုက်ခိုက် အောင်မြင်သိမ်းပိုက်ပြန်သည်။ ကုန်းဘောင်

မင်းဆက်မှ တတိယမင်းဆက်ဖြစ်သော ဆင်ဖြူရှင် မြေဒူးမင်း ( ၁၇၆၃- ၁၇၇၆ ) က ၁၇၆၅ တွင် ရတနာပူရ ( အင်းဝ ) မင်းနေပြည်တော်အသစ်ကို တတိယအကြိမ် တည်ခဲ့ပြန်သည်။ ဘိုးတော်ဘုရား ( ၁၇၈၂- ၁၈၁၉ ) နန်းတက်ပြီး ၁၇၈၃ တွင် အမရပူရ နေပြည်တော်သစ်ကို တည်ထောင်ခဲ့ရာ အင်းဝနေပြည်တော် ပျက်သုဉ်းခဲ့ရပြန်သည်။

ဘိုးတော်ဘုရားကို ဆက်ခံသူ ဘကြီးတော် ( ၁၈၁၉-၁၈၃ရ ) က ၁၈၂၁ ခုနှစ်တွင် အင်းဝသို့ မင်းနေပြ ည်တော် ပြန်လည်ပြောင်းရွှေ့ခဲ့သည်။
သာယာဝတီမင်း ( ၁၈၃၇- ၁၈၄၆ ) က ၁၈၄ဝ ခုနှစ်တွင် အမရပူရ သို့ နေပြည်တော် ပြောင်းရွှေ့သည်မှ စ၍ အင်းဝမြို့ဟောင်းသည် အပြီးတိုင် နေပြည်တော်အဖြစ်မှ ရပ်စဲခဲ့သည်။

သတိုးမင်းဖျား၊ ညောင်ရမ်းမင်းသား၊ ဆင်ဖြူရှင်မြေဒူးမင်း၊ ဘကြီးတော် မင်းတို့သည် အင်းဝကို ပြန်လည်တည် ထောင်သော ရှင်ဘုရင်များ ဖြစ်ကြသည်။

#နန်းမတော် မယ်နု ခြေရာများ (ဝါ) မယ်နုအုတ်ကျောင်း

မယ်နု အုတ်ကျောင်း လို့ ထင်ရှားတဲ့ မဟာအောင်မြေဘုံစံ ကျောင်းတော်ကြီးကို ၁၈၂၂ ခုနှစ်တွင်ဘကြီးတော်မင်းတရားကြီးရဲ့မိဖုရားခေါင်

ကြီးဖြစ်တဲ့မယ်နုက ညောင်ကန်ဆရာတော် ဦးပို အား တင်လှူပူဇော်ခဲ့ခြင်းဖြစ်ပါတယ်။ဆရာတော် ဦးပို ပျံလွန်တော်မူသောအခါ ဆရာတော် ဦးဗုဓ် အား ထပ်မံ လှူဒါန်းခဲ့ပါတယ်။၁၈၃၈ ခုနှစ်တွင် ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော်လည်း နန်းမတော် မယ်နု ရဲ ့ သမီးဖြစ်၊ မင်းတုန်းမင်းကြီး၏ မိဖုရားလည်းဖြစ်သော ဆင်ဖြူမရှင် မိဖုရားက ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

မဟာအောင်ပြေဘုံစံကျောင်း ( မယ်နုအုတ်ကျောင်း ) သည်ဇေတဝန်ဆောင်နဲ့ ပြသာဒ်ဆောင်ပါဝင်သောသစ်သားဘုန်းတော်ကြီးကျောင်းနဲ့ သဏ္ဍာန်တူအောင် တည်ဆောက်ထားပြီး လက်ရာမြောက်တဲ့ ကုန်းဘောင် ခေတ်နှောင်း ပန်းရံ ပန်းပု ပန်းတမော့ စတဲ့ မြန်မာ့ ဗိသုကာ လက်ရာများဖြင့် ထင်ရှားကျော်ကြားနေပါတယ်။ နှစ်ပေါင်း ( ၁၈၉ ) နှစ် ကြာခဲ့ပြီဖြစ်တဲ့ နန်းမတော် မယ်နု အုတ်ကျောင်းပါ
အောက်ထပ်မှာ မြေအောက် လှိုဏ်ခေါင်းတွေ မရေတွက်နိုင်အောင် များပါတယ်၊ အတွင်းထဲ လိုက်လံ ကြည့်ရှုချင်ရင် ဓာတ်မီး ပါမှ အဆင်ပြေပါမယ်၊။အခြားနေရာတွေမှာ မြင်တွေ့ရဖို့ ခဲယဉ်းတဲ့ ကျွန်းသား ရေနံချေး သုတ် တံခါးများ လည်းရှိပါတယ်။ 😊😊😊😊

အပေါ်ထပ်က လှိုဏ်တွေမှာတော့ ပုဂံခေတ်ကပုံစံ လက်ရာ ဆင်းတုတွေလဲ ဖူးတွေ့နိုင်ပါတယ်။ ရိုးစင်းတဲ့ကျွန်းသားတံခါးတွေကိုလဲ တွေ့ရခဲပါတယ်။

အတိတ် တစ်ချိန်က ရှင်ဘုရင် အချစ်တော် မိဖုရားဖြစ်ခဲ့စဉ် အင်းဝတနိုင်ငံလုံး နု ဆိုတဲ့ စကားလုံးကိုတောင် ပြည်သူများ သုံးစွဲခွင် ့မရှိခဲ့ပါဘူး တဲ့၊ နုနုထွဋ်ထွဋ် ဆိုတဲ့ စကားလုံးအစား အိအိထွဋ်ထွဋ် လို့သာ သုံးနှုံးရမယ် လို့ ကြားသိဖူးခဲ့တယ်၊

အဲဒီလောက်အထိ အတ္တကြီးမား မာနခက်ထန်ကာ ဩဇာအာဏာ ကြီးမားခဲ့တဲ့ မိဖုရားဟာ တနေ့မှာတော့ မိမိရဲ့ မာနတွေကြောင့်ပဲ ရှင်ဘုရင်ရဲ့ အမျက်တော်ရှကာ သေဒဏ်ပေးခံခဲ့ရတယ်၊ ဒီအခါ ဘယ်သူမှ မရှုနိုင် မကယ်နိုင် ဖြစ်နေဆဲ ဘုရင် ကိုးကွယ်ခံ စာတတ်ပေတတ် ကျမ်းပြုဆရာတော်ကြီး ဦးဗုဓ် ထံ သွားကာ တပည့်တော်မကို ကယ်တော်မူပါအုံးဘုရား လို့ အသနားခံရတယ်၊ အဲဒီအခါ ဆရာတော်ကြီးက –
“ မိနု ဝဋ်ကြွေးရှိက ဆပ်ရလိမ့်မယ် ” လို့ ပြန်ပြောလိုက်သတဲ့။ ဆိုလိုတာက ဝဋ်ကြွေးပါခဲ့လျင် မလွတ်နိုင်ဘူး ဆိုတဲ့ သဘောပါ။

မာန ဆိုတဲ့ သဘောက —

ရုပ်ချောလွန်းရင်လဲ မာနတတ်တတ်တယ်၊
ပိုက်ဆံ ချမ်းသာလွန်းရင်လဲ မာနတတ်တတ်တယ်၊
ရာထူး အာဏာ ဩဇာကြောင့်လဲ မာနတတ်တတ်တယ်၊
တတ်ထားတဲ့ ပညာတွေကြောင့်လဲ မာနတတ်တတ်တယ် လို့ မြတ်ဗုဒ္ဓက ဟောထားခဲ့တယ် မဟုတ်လား ………

နောက်ဆုံးတော့လဲ မာလွန်းရင် န တတ်တယ် ဆိုတဲ့ ရှေးစကားအရ အတိတ်တချိန်က အင်းဝတနိုင်ငံလုံးကို ခြယ်လှယ်နိုင်ခဲ့တဲ့ မိဖုရားမယ်နု ဟာ သေဒဏ်က မလွတ်နိုင်ပဲ ဘဝဆုံးသွားရရှာတယ် ..ကြောက်စရာ သတိထားစရာ .. မာနတွေ ဒေါသတွေ အတ္တတွေ .. သံဝေဂ ယူစရာတွေနဲ့ ပြည်နှက်နေခဲ့တဲ့ အင်းဝနေပြည်တော်ဟောင်းလေးပါ။ 😔😔😔

#ဗားကရာ ကျောင်း 🧡🧡🧡

သူလည်းအင်းဝမြို ့ထဲမှာရှိတာပါ။ နိုင်ငံခြားသားများ အများဆုံး လာရောက် လေ့လာကြတဲ့ ဗားကရာ ကျောင်းတိုက်ဟာ အင်းဝမြို့ဟောင်း စည်တိုပုံ မြို့ရိုးရဲ့အပြင်ဘက် တတိယမြို့ရိုးအတွင်းလောကသရဖူ ဘုရားကြီးရဲ့ တောင်ဘက်မှာ တည်ရှိပါတယ်။ ဘကြီးတော်ဘုရား လက်ထက် မြန်မာသက္ကရာဇ် ၁၁၉၆ ခုနှစ် စတုတ္ထအင်းဝမြို့တည်ခဲ့တဲ့နှစ်မှာ တည်ဆောက်ခဲ့တဲ့ ကျောင်းတိုက်ဖြစ်ပါတယ်။

ယခုအခါမှာ နိုင်ငံခြားသားများ အများဆုံး လာရောက် လေ့လာကြတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ သစ်သားကျွန်းတိုင်ပေါင်း ၂၆ရလုံးဖြင့် တည်ဆောက်ထား တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အကြီးဆုံးကျွန်းတိုင်ရဲ့ လုံးပတ်က ကိုးပေရှိပြီး အမြင့်ပေ ၆ဝရှိပါ တယ်။ ဗားကရာကျောင်းတိုက်ရဲ့ အကျယ်အဝန်းက အလျား ၁၈၈ ပေ၊ အနံ ၁ဝ၃ပေ တည်ရှိတဲ့ သစ်သားကျောင်းကြီးဖြစ်ပါတယ်။ ယနေ့ခေတ်မှာ မြင်တွေ့နိုင်ရန် အလွန်ရှားပါးတဲ့ ရှေးဟောင်းဗိသု ကာလက်ရာ၊ ပန်းပုလက်ရာ၊ အနု ပညာအမွေအနှစ်များကို တွေ့ရှိ နိုင်ပါတယ်။ ထို့ပြင် ကြမ်းခင်း ဇောင်းများတွင်လည်း အသေးစိတ် ဗိသုကာလက်ရာများဖြင့် ထုံမွှမ်း ခြယ်သထားသည်ကိုလည်း တွေ့ခဲ့ရပါတယ်။ပြာသာဒ်ဆောင်

တွင် ကိန္နရာရုပ်တုများ၊ ပွတ်လုံး များ၊ နတ်ရုပ်များဖြင့် တန်ဆာဆင် ထားသလို အတွင်းဆောင်လက် ရန်းများကို ဒေါင်းရုပ်များ၊ ပွတ်လုံး များဖြင့်တန်ဆာဆင်ထားပါတယ်။ ဒါ့ပြင် လက်ရန်းထိပ်ပိုင်းများကို လည်း ခြင်္သေ့ကိုယ်ထည်၊ ဘီလူး ခေါင်းပုံများ၊ရုပ်တုများဖြင့် တန်ဆာ ဆင်ထားပါတယ်။ အနုစိတ် ဗိသုကာလက်ရာများကို တွေ့မြင် လိုရင်ဖြင့် ဗားကရာကျောင်းတိုက်သို့ သွားရောက်လေ့လာနိုင်ပါတယ်။

#စားကြမယ် ♨️🍝🍛♨️🍝🍛

မန္တလေးမှာတော့ နာမည်ကြီး Ko’s Kitchenနဲ့ ဒေါင်းလန်းကြီး ဆိုင်မှာဝင်စားခဲ့ပါတယ် အရမ်းလည်းစားကောင်းပါတယ်။ မင်္ဂလာပါ စားသောက်ဆိုင်၊

အေးမေတ္တာ ထမင်းဆိုင် တို့လည်းရှိပါတယ်။

နောက်လည်းခရီးတွေသွားဖို့ရှိပါသေးတယ်..ထပ်ရေးပါဦးမယ်…ဆက်လက်ဖတ်ရှုပေးပါဦးနော်…