ငါလွမ်းတယ်

ဘုရားလမ်းအတိုင်းတက်

ဘိုက်ပူ ၁၆ ကားကြီးရပ်

ကလေးတက်တက်ဆိုပြီး

ခေါ်တင်

ကျောင်းသားမြင်ရင်ချစ်တတ်တဲ့

စပါယ်ယာကြီး

အင်းဝကွေအရောက်

အောက်ကိုချပေး

မုန့်ကျွေးသွားတဲ့စပါယ်ယာကြီးကိုလည်းငါလွမ်းတယ်

 

ငါလွမ်းတယ်

ရထားစီး

ကျောင်ကိုသွား

လက်မှတ်မဖြတ်သွားလို့

လက်မှတ်စစ်ကြီး

ချွေးစေးတွေပြန်

ငါ့ကိုရန်မလုပ်

မုန့်တစ်ထုတ်ပေး

ကျောင်းမပြေးဘို့ဆုံးမ

အပြာရောင်ဝတ်ထားတဲ့လူကြီးကိုလဲလွမ်းတယ်၊

 

ဆရာမဘော်ဘီ

ကုလားမင်းသမီးအလှ

ဂျစ်ကားလေးကိုမောင်း

စိန်ဂျွန်ကျောင်ထဲလာ

တပည့်တွေကိုအသံမမာ

ပြုံးရွှင်စရာပညာပေး

အီကိုသင်ပေးတဲ့ဆရာမလေးကိုလဲလွမ်းတယ်။

 

ငါလွမ်းတယ်

ညီ လို့ ခေါ်တဲ့ချစ်သူ

ကျောင်းအတူတက်

အီကိုကင်တင်း

ထမင်းနှစ်ပွဲ လက်ဘက်တစ်ပွဲနဲ့

ပဲခူးမှာတာဝန်ကျ

ဆရာမ ချစ်သူတစ်ယောက်ရခဲ့ပေမည့်းဘဝချင်းဝေး

ဖူးစာရေးနတ်မကယ်ခဲ့တဲ့ချစ်သူဟောင်းကိုလည်းသတိရ

ငါအတိတ်ကိုလွမ်းမိတယ်၊

အိမ်ပြန်ရောက်တိုင်း

သားမျက်နှာကိုမျက်ရည်ဝိုင်းလို့ကြည့်

ချစ်ခြင်းအတိနဲ့ဆုံးမ

ယူနီဖောင်းကိုပွတ်သတ်

ရာထူးတံဆိပ်အသစ်ကပ်တိုင်း

ဗိုလ်မှူးကြီးလုံးလုံးရှုံး

သားမောင်ကိုအပြုံးနဲ့ကြည့်

တပ်ကြပ်ကြီးဘဝအထိဘဲမြင်

တမလွန်ကိုခရီးနှင်သွားတဲ့ငါအမေကို

ငါအရမ်းလွမ်းတယ်၊

အလွမ်းတွေများ

တကိုယ်တည်းသမားမို့

ရင်တွင်းကညှစ်ထုတ်

အနုပညာအလုပ်ကိုနှစ်သက်

ချတ်တတ်တဲ့နှလုံးသား

ကလေးတွေနဲ့ ခွေးတွေအတွက်ထားလို့

သစ္စာတရားကိုဦးထိတ်ထားလို့

မြန်မာပြညိငြိမ်းစေအားဘို့

အလွမ်းသမားလေးကျွန်တော်

ဘာကိုမှန်းမသိအရမ်းလွမ်းနေတယ်

deparko

About zaw lin

zaw lin has written 13 post in this Website..

Myanmar Navy Chief petty officer