ရင်ထဲကနတ်သမီး

zaw linNovember 5, 20171min1995

နှိုင်းဖွဲ့မမှီ

နေရီရီညနေစောင်းမှာ

သွဲ့ပြောင်းကေသာ လေမှာလွင့်ပျံလို့

ကဗ္မလာချည် ဘယ်သူရှင်းနိုင်လိမ့်

ချိုရီရီသန္တာ နုှတ်ခမ်းရယ်က

ကျီစယ်ကာရယ်ရမ်းသွေးလေတော့

ပုလဲသွယ်ဝင်းကာလက်လို့ရယ်

လှလွန်းကေသီ

မြင်သူမှာ သိဝိမင်းလိုဗျ

စိတ်နဲ့ခန္ဒာ ကင်းလွတ်ပါလို့ရယ်

နတ်မိမယ်နေရာမှားပြီထင့်

ရင်ဆူကာဘဝင်အေးစေမည့်

ချစ်သူ့ပုံလွှာ

5 comments

  • Thint Aye Yeik

    November 6, 2017 at 6:40 pm

    စကားလုံးတွေ ပိုကြွယ်ဝလာပါလားဗျို့
    :k:

    • zaw lin

      November 13, 2017 at 5:38 pm

      အသက်ကြီးလာလေလေေ နှလုံးသားက နုနု လာလေကွယ် လေတောင်အထိမခံတော့ဘူး

  • kai

    November 9, 2017 at 9:33 am

    ဟုတ်ပ…
    ကော်ပီတောင်ထင်ရတယ်..။ :i:

    • zaw lin

      November 13, 2017 at 5:39 pm

      အစစ်ပါဗျာ အောင်းထားတာတွေလေ

Leave a Reply