အဖေမရှိတော့တဲ့ ဘဝ

ko sixNovember 12, 20171min15713

။။။။။။……. ။။……. ။။။။။

အ​ဖေမရှိ​တော့တဲ့ဘဝဟာ
​ရေ​သောက်​မြစ်​ အတူးခံလိုက်​ရတဲ့
သစ်​ပင်​ပါ။ ​နေ​ရောင်​​ပျောက်​​ကောင်​းကင်​​အောက်​မှာ မတ်​တတ်​ရပ်​ ​သေဆုံးသွားရမယ်​့ သစ်​ပင်​တစ်​ပင်​အဖြစ်
​ဖြစ်​မှန်​းမသိဖြစ်​သွားရခြင်​းလို့လည်​း အဓိပ္ပါယ်​သက်​​ရောက်​​သွားပါတယ်​။
တကယ်​ဆို
အ​ဖေမရှိ​တော့တဲ့ဘဝဟာ
သံပုံးတီး​တောထုတ်​ခံလိုက်​ရတဲ့ ​စ္ဆေတစ်ကောင်လို ခိုကိုးရာမဲ့ရင်​း……..
အနားသတ်​​လူ့​ဘောင်​တစ်​ချို့ကို အနာခံညှိ​နေရပုံက အမောမလုံပါဘူး။ ​​တောင်​့ခံထားရတဲ့ ​သွေးတိုးခြင်​းက အ​ပေါ်​အောက်​
အ​ဖြေရှာမရနိုင်​တဲ့ အ​ခြေအ​နေပါ။ လေတိုက်​နှုန်​း ပြင်​းထန်​မှုကလည်​း တစ်​နာရီ မိုင်​ဘယ်​​လောက်​ဆိုတာ​တောင်​ သိနိုင်​ဖို့ အခွင်​့အ​ရေးနည်​းလွန်​းလှပါတယ်​။
ခြေစုံ​ထောက်​ ​​ခေါင်​းငိုက်​ကျ​နေရခြင်​းမှာ ဘယ်​လို အားအင်​မျိုးနဲ့ ရွက်​လွှင်​့​မာ​ကျော ​နေရသလဲဆိုတာ ဘယ်​သူမှ တိတိကျကျ မသိနိုင်​ပါဘူး။
ဒီဖြစ်​စဉ်​က
လူတိုင်​းရပ်​တန်​့ရမယ်​့ မီးပွိုင့်တစ်​ခုထက်​ပို​သော
လူတိုင်​းခါးသက်​ရမယ်​့ အစားအစာ။
တကယ်​ပါ…..
အ​ဖေမရှိ​တော့တဲ့ဘဝဆိုတာ
တစ်​စုံတစ်​​ယောက်​ရဲ့အ​မေးမှာ
အရိုးရှင်​းဆုံး အ​ဖြေစကားလုံးဖြစ်​နေတာတောင်
*အ​ဖေမရှိ​တော့ပါဘူး* လို့
အလွယ်​တကူ ဝါကျမစဉ်​နိုင်​​တော့​လောက်​​အောင်​ ဒဏ်​ရာရသွားကြသူ​တွေပါ။
နည်​းနည်​းပါးပါး​လောက်​ပါ..
စာနာနားလည်​​သောအားဖြင်​့
ရင်​ထ​ဲကမပါ​သော လောကွတ်​ဆန္ဒနဲ့
အဖမဲ့​နေသူကို မီးမတို့ကြပါနဲ့။
အမှန်​ဆို
နဂို​လောင်​​နေရတဲ့ မီးနဲ့တင်​ ပြာကျ​နေ​ကြောင်​း အဖမဲ့မျက်​ဝန်​း​တွေထဲ ဝင်​ဖတ်​ကြည်​့လိုက်​ပါဦး…..
ပြီးမှပဲ စာနာမှု သွန်​း​လောင်​းပါ…
အ​ဖေမရှိ​တော့တဲ့ဘဝဆိုတာ….
စကားလုံးများနဲ့
​ဖော်​ညွှန်​းမရနိုင်​​တော့တဲ့
အနာဂတ်​ ဇာတ်​ဝင်​ခန်​းထဲက
ခံဘက်​ကချည်​း ဖြစ်​သွားရ​သော နှလုံးသားတစ်​စုံ​ဟူ၍သာ
ကိုယ်​့​တွေ့ ဇာတ်​နာရင်​​ဘတ်​နဲ့
စာထွင်​းပြပါရ​စေ ကိုယ်​့လူရယ်​။ ။

(ဖခင်ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အလွမ်း)

ကိုစစ်​

3 comments

  • Shar Thet Man

    November 14, 2017 at 3:54 pm

    အဖေမရှိလည်းမွန်လေးကတော့ ဘဝမှာခါးသက်သွားတယ်လို့မခံစားမိဘူး

  • စိတ်မကောင်းပါဘူးကိုစစ်ရေ…ဘဝတူပါဗျာ…ကျနော့ကောင်းကင်အဖေကွယ်လွန်ခဲ့တာလည်းလေးနှစ်ရှိပါပြီ
    ကျန်နေသေးတဲ့အမေကိုပဲပိုကရုစိုက်နေရတယ်

  • manawphyulay

    February 23, 2018 at 10:52 am

    အဖေ့ကို လွမ်းနေတာနဲ့ စာသားလေးဖတ်လိုက်တော့ မျက်ရည်တောင် ကျမိတယ် ကိုစစ်ရယ်…
    ၃ လ ပိုင်း ၆ ရက် ၂၀၁၈ ဆိုရင် ဖေဖေ ခွဲခွာသွားတာ ၂ နှစ်တိတိပြည့်ပြီ ကိုစစ်ရယ်။

    ရင်ထဲမှာတော့ ဖေဖေက အမြဲ ရှိနေပါတယ်။ သတိရတယ် ဖေဖေရယ်…

Leave a Reply