ဆောင်း အမှီ – Immunity Juices

ဇီဇီNovember 14, 20172min23216

Immunity Juices ၄ မျိုး အကြောင်း (https://tasty.co/compilation/immunity-juices-4-ways)  မပြောခင် ပွါးပါရစေအူးး

ခင်ဇော် ဒီနှစ်ထဲ ချုချာချက်က တစ်နှစ်လုံး အအေးမိတာက အမြစ်မပြတ်ဘူးး! အာ့ ဓာတ်ကြမ်းတိုက်ပြန်တော့ အာရုံကြောယောင်သတဲ့။ ပိုလီကလင်းနစ်ထိရောက်နေတော့ အအေးမိတာလောက်လေးနဲ့ ကြေနပ်ပြီး နေရတော့တာပဲ။

 

အာ့ တဂျီး အကြံပေးတဲ့ အတိုင်း “ဂျပန်တွေရဲ့ ရှေးရိုး လူပမာစာ…။ တမငိုးဇာကေး..တဲ့..။

ဆာကေး.. ဆန်ဝိုင်ကို.. မိုက်ခရိုဝေ့ဗ်ထဲထည့် အပူပေး..။

ပြီးရင်..အရက်ထဲ.. သကြားတဇွန်းနဲ့ ကြက်ဥတလုံး..ဖေါက်ထည့်ပြီး.. ဂလုပါ…တဲ့..။

ရောဂါလည်းပျောက်.. အားလည်းရှိ..။”

Tamagozake (卵酒 or 玉子酒?) is a drink consisting of heated sake, sugar and a raw egg. It translates as “egg sake”, being made of the kanji 卵 tamago (egg) and 酒 sake

http://www.truesake.com/…/9235411-sake-health-tamago-zake-f…

ဆိုလို့ လုပ်သောက်လိုက်တာ အအေးမိတာလည်း သက်သာ ကိုယ်လည်း ဆာကေးစွဲချင်သလိုတွေဖြစ်နေပြီလေ။

အာ့ဒါ မသနားတဲ့ အပြင် အဲဒါမျိုး ဓာတ်စာ စုပါ့လားဆိုလို့ ကိုယ်မလည်း အမှတ်မရှိရှာဖွေတော့ ဆောင်းတွင်းမှာ ကိုယ်ခံအားတက်ပြီး အအေးမိမဖြစ်လွယ် တုတ်ကွေးမဝင်လွယ်တဲ့ ဖျော်ရည် လေး မျိုး အရင်တွေ့တာနဲ့ ဆောင်းအမှီလေး ရေးလိုက်တယ်။

မြန်မာ့နည်းကတော့ အားလုံးသိတဲ့ အတိုင်း ဂျင်း နဲ့ ထန်းညက်ရည်ကျိုသောက်ရတာပေါ့ဗျာ။ ကျနော့ အမေဆိုရင်တော့ ကွမ်းရွက်လေးပါ ထည့်ပြုတ်တိုက်လေ့ရှိတယ်။

နောက် လ တွေ လ တွေကျမှပဲ ခန္တာကိုယ်တွင်းက အင်္ဂါ အစိတ်အပိုင်းတွေ သန့်စင်နိုင်မဲ့ ဓာတ်စာဖျော်ရည်မျိုးတွေ စုပေးမယ်။

(ဟေးဟေး ကတိတွေကို စွတ်ရွတ်ပေးပြန်ပြီ)

.

.

.

၁) Green Vitamin Juice

.

.

.

.

.

.

၂ ယောက်စာ အတွက်ပါဝင်ပစ္စည်းလေးတွေက

  • လိမ္မော်ရည်ညှစ်ပြီးသား ဖန်ခွက် ၁ ခွက် နဲ့ တစ်ဝက်
  • spinach အရွက်ကို ဖန်ခွက် တစ်ခွက် စာ (ထပ်ထည့်ချင်တဲ့ အရွက်စိမ်းရှိရင် ဖန်ခွက် တစ်ဝက်စာလောက် ထည့်လို့ရသေးသတဲ့)
  • သခွါးသီး တစ်လုံး ရဲ့ တစ်ဝက်ကို ပါးပါးလှီးထား
  • ပန်းသီး အသေးတစ်လုံးကို အစေ့ဖယ်ပြီး သေးသေးတုံးထား

လုပ်နည်းက

  • လိမ္မော်ရည်နဲ့ အရွက်တွေကို ဖျော်ရည်စက်ထဲ ထည့်ကြိတ်
  • ပန်းသီးနဲ့ သခွါးသီးပါ ထပ်ထည့်ကြိတ်
  • ပြီးရင် ဖန်ခွက်တွေထဲ ထည့်ပြီး ရေခဲသေတ္တာထဲ အအေးခံပြီး တစ်ခါသောက်ရင် တစ်ခွက်လုံး ကုန်အောင် သောက်ပေးပါ။
  • antioxidant နဲ့ ဗိုက်တာမင် အေ/အီး တို့ ပါဝင်ပါသတဲ့။

.

.

.

၂) Veggie Tomato Juice

.

.

.

.

.

.

၂ ယောက်စာ အတွက်ပါဝင်ပစ္စည်းလေးတွေက

  • ခရမ်းချဉ်သီး ၄ လုံး တုံးထား
  • ခါချက်ဥနီ ၁ လုံး ပါးပါးလှီးထား
  • နံနံ ရိုး အကြီး တစ်ရိုး ပါးပါးလှီးထား
  • ငရုတ်ပွ အနီ ၁ လုံး တုံးထား
  • ကြက်သွန်ဖြူ တောက်တောက်စင်း လက်ဖက်ရည် တစ်ဇွန်းစာ
  • ရေ ဖန်ခွက်တစ်ဝက်
  • ဆားနည်းနည်း
  • နံနံပင် တောက်တောက်စင်း ၂ ဇွန်းစာ ထည့်ချင်ရင် ထည့်လို့ရသတဲ့။

လုပ်နည်းက

  • အကုန်လုံးကို အိုးထဲထည့် ဆူအောင်တည်
  • ဆူလာပြီ ဆိုရင် မီးလျှော့ပြီး အဖုံးအုပ်ပြီး မိနစ် ၂ဝ လောက်ထားပေး
  • ပြီးရင် မီးပိတ်ပြီး အေးအောင် အအေးခံထား
  • အေးသွားမှ ဖျော်ရည်စက်ထဲ ထည့်မွှေ ပြီး ထုံးစံအတိုင်း ရေခဲသေတ္တာထဲ ထည့်ထားပြီး သောက်လို့ရပြီ။
  • (ဖတ်ရင်း ဘာသာပြန်ရင်း တွေးနေတာ ဒါ မြန်မာ ဟင်း အနှစ်ထဲ ပါနေကျ ဟာတွေဟာကို သူတို့က ဟင်းမချက်ပဲ ဖျော်ရည်သောက်နေကြတယ်။ ဟိ)

.

.

.

၃) Soothing Lemon Ginger Tea (ဒါက မနှစ်က ခင်ဇော်နေ့တိုင်း သောက်ဖြစ်တယ်။ ဒီနှစ် မသောက်လို့များ ဖြစ်နေလားမှတ်ရတော့ ခုစာရေးရင် ပြန်သောက်မို့ စဉ်းစားနေတယ်။)

.

.

.

 

.

.

.

၂ ယောက်စာ အတွက်ပါဝင်ပစ္စည်းလေးတွေက

  • ရေ ၄ ခွက်
  • သံပုရိုသီး ၁ လုံးကို ပါးပါးလှီး
  • ဂျင်း တစ်တက် (၅ စင်တီမိတာလောက်) ကို ပါးပါးလှီး
  • ပျားရည် လက်ဖက်ရည်ဇွန်းနဲ့ ၂ ဇွန်း

လုပ်နည်းက

  • ရေကို ဆူအောင်တည်၊ ဆူရင် မီးဖိုပေါ်က ချ၊
  • သံပုရိုနဲ့ ဂျင်းကို ထည့်ပြီး နည်းနည်း သောက်ဖြစ်ရုံနွေးတဲ့ထိထား
  • ပြီးရင် ဖန်ခွက်ထဲ ငဲ့ထည့်ပြီး ပျားရည် ၁ ဇွန်းထည့်မွှေသောက်ပါလေ။

.

.

.

၄) Probiotic Berry Smoothie

.

.

.

 

.

.

.

၂ ယောက်စာ အတွက်ပါဝင်ပစ္စည်းလေးတွေက

  • နွားနို့ ဖန်ခွက် ၁ ခွက် နဲ့ တစ်ဝက်
  • greek yogurt လက်ဖက်ရည် တစ်ခွက်စာ
  • အေးခဲထားတဲ့ စတော်ဘယ်ရီ ဖန်ခွက် ၁ ခွက် နဲ့ တစ်ဝက်
  • အေးခဲထားတဲ့ ဘလူးဘယ်ရီ ဖန်ခွက် ၁ ခွက် နဲ့ တစ်ဝက်

လုပ်နည်းက

  • အကုန်လုံးကို ဖျော်ရည်စက်ထဲ မွှတ်နေအောင် ကြိတ်ပြီး
  • သောက်လို့ရပါပြီ။

 

6 comments

  • kai

    November 14, 2017 at 3:25 pm

    ကျေးဇူး…။ ဆောင်းအမှီ.. မဖျားခင်လေး.. သတင်းစာထဲထည့်လိုက်မယ်နော…။
    ဇီမမရဲ့ ဖဘမှာလည်း.. အရက်နဲ့ဓာတ်ကြမ်းတိုက်နည်းတချို့တင်ပေးထားတယ်…
    ဖျားနိုင်.. သောက်နိုင်ပါစေသတည်း..။ :k:

  • Shar Thet Man

    November 14, 2017 at 3:35 pm

    သောက်ချင်လာပြီနော်

  • ဦးကြောင်ကြီး

    November 15, 2017 at 9:19 am

    ချဉ်ဖတ်ခင်ဇော်.. ငါသို့ အယင်လို ပျံခြစ်ရအောင် <3 အပ်ပျံပေးပါ ဖဘမှာ။ နိစော်ထွေ ငါမကြံထော့ဖူး

  • Ma Ei

    November 16, 2017 at 10:08 am

    ခုကို အအေးမိ နှာချေနေတာ ဆိုတော့
    ချွိ ဖျော်ရည် လေးမျိုးထဲက 3,4 ကိုရွေးလိုက်ပီ…

  • ““ဂျပန်တွေရဲ့ ရှေးရိုး လူပမာစာ…။ တမငိုးဇာကေး..တဲ့..။

    ဆာကေး.. ဆန်ဝိုင်ကို.. မိုက်ခရိုဝေ့ဗ်ထဲထည့် အပူပေး..။

    ပြီးရင်..အရက်ထဲ.. သကြားတဇွန်းနဲ့ ကြက်ဥတလုံး..ဖေါက်ထည့်ပြီး.. ဂလုပါ…တဲ့..။

    ရောဂါလည်းပျောက်.. အားလည်းရှိ..။”….ဂလု..ဂလု…ဂလုချင်ဇရာ :k:

  • manawphyulay

    February 23, 2018 at 10:50 am

    ဒီလိုဖျော်ရည်လေးတွေက ဆောင်းမှမဟုတ်ပါဘူး။ ကျန်းမာရေးအတွက် ဆေးတစ်ခွက်ါပဲ။

Leave a Reply