ကြယ်တွေကြွေတဲ့ည

zaw linNovember 14, 20171min2425

ကျွန်တော် စိတ်ကူးနဲ့ရူး

ကြယ်ကလေးဖြစ်ချင်ခဲ့ဘူးပါတယ်

 

ကြယ်အပေါင်းတို့ဝန်းရံ

ကြယ်တွေရဲ့ညီလာခံမှာ

စန္ဒာ လမင်း

ထွန်းလင်းလို့တောက်ပ

အဲ့ဒီညမှာပေါ့။

 

ကြယ်စင်ပန်းခက်

ကောင်းကင်ထက်မှာချိတ်ဆွဲ

သန်းခေါင်ယံဉာဉ့်နက်ထဲ

လောကကိုအလှဆင်

လောကတစ်ခွင်အတွက်

ညဉ့်ယံရဲ့ပန်းချီကား

ဝံ့ဝံ့ကြွားကြွားနဲ့ပေါ့။

 

ရောင်စုံမီးပန်း

ညဉ့်ကိုပက်ဖြန်းလို့

ကြယ်စင်တွေကြည့်ရင်း

လူတွေသီချင်းဆို

ကောင်းကင်ကိုမျှော်ကြည့်နေတုန်း

ဗြုန်းကနဲ

ကြယ်တစ်စင်းပျက်ကြွေ

အဲ့လိုညတွေမှာပေါ့

 

မော့ကြည်မိတဲလူတစ်ချို့

ကြယ်ကြွေညဆုတောင်း

ပြည့်စေကြောင်းအတွက်

ပင့်သက်ခက်နေကြလေရဲ့

 

ကြယ်လေးတွေပျက်ကြွေ

ဆုတောင်းတတ်တဲ့လူတွေအတွက်

ကောင်းကင်ထက်ကရွေ့လျော

သူတို့တွေမမောနိုင်ပါဘူး

စင်္ကြာဝဠာထောင့်တစ်နေရာမှာတော့

လူတွေဆုတောင်းပြည့်စေဘို့

ကြွေပေးရတဲ့ကြယ်လေးတွေရဲ့မေမေ

မျက်ရည်တွေနဲ့င်ိုနေလေရဲ့။

 

ကြယ်ကလေးတွေကြွေတိုင်း

ဆုတောင်းခိုင်းတဲ့သူတစ်ချို့

တစ်နေ့တစ်နေ့

အသစ်အသစ်တွေပြောင်း

အချိန်ကြာညောင်းတော့

ကြယ်ကလေးတွေကိုမေ့

ဆုတောင်းပြည့်ခဲ့ပေမည့်

ကြယ်ကလေးတွေရဲ့မေမေ

သူတို့တစ်တွေရဲသွေးမျက်ရည်

ကောင်းကင်မှာဖြန့်ကြဲ

ပန်းဆိုင်းလေးဆွဲလို့

အမြဲရှိနေမှာမို့

ကျွန်တော် ကြယ်ကလေးမဖြစ်ချင်တော့ဘူးမေမေ

၉ ၁၂ ၂၀၀ရ မှာ ဆုံးသွားတဲ့ မေမေ့အတွက်

5 comments

  • kai

    November 15, 2017 at 11:49 am

    အာကာသထဲ
    အတောက်ပဆုံးမြင်ရ
    ဗီးနပ်စ် အလှတပါး
    လူသားတို့ လမ်းပြ
    ဂြိုလ်တခုပါလေ..

    • zaw lin

      November 15, 2017 at 12:11 pm

      အလဲ့ တယ်ဆိုတဲ့စာပါလား

  • Shar Thet Man

    November 15, 2017 at 12:38 pm

    အလဲ့ ရေလည်မို်က်တယ်

  • “ကြယ်လေးတွေပျက်ကြွေ

    ဆုတောင်းတတ်တဲ့လူတွေအတွက်

    ကောင်းကင်ထက်ကရွေ့လျော

    သူတို့တွေမမောနိုင်ပါဘူး

    စင်္ကြာဝဠာထောင့်တစ်နေရာမှာတော့

    လူတွေဆုတောင်းပြည့်စေဘို့

    ကြွေပေးရတဲ့ကြယ်လေးတွေရဲ့မေမေ

    မျက်ရည်တွေနဲ့င်ိုနေလေရဲ့။”…….လူတကာတွေဆုတောင်းပြည့်ဖို့…ကြွေပေးနေတဲ့ကြယ်လည်းလိုတာပါပဲလေ

    • zaw lin

      November 16, 2017 at 10:51 pm

      မေမေ ကိုတမ်းတခြင်းအတွက်ပါ

Leave a Reply