မျက်စိကိုမှိတ်

နားကိုပိတ်လို့

သားမောင်အိပ်ချင်နေပြီမေမေ

 

လူဆိုတဲ့လူ

မြန်မာပြည်ကသူ

မျိုးတူရာစု

ကျီးငှက်ပမာပြုလို့

အမျိုးထိမချိအောင်နာ

ဝိုင်းအာလို့ဆူပွက်

နှုတ်သီးထက်ထက်နဲ့ထိုးဆိတ်တတ်တဲ့သူတစ်စု

 

လူထဲကလူ

အစာလုဝိုင်းအုံ

ခွေးအပမာပုံပြု

လုယက်လို့ဝိုင်းဆွဲ

မာန်မဲလို့ရန်ဖီ

ဟန်မညီတဲ့သူတစ်စု

 

လူထဲကလူ

ပရောဟိတ်အသွင်ဆောင်

ဦးပေါင်းထုတာယိုင်နွဲ့

သစ္စကပရပိုဒ်ပမာပြု

ပေါက်မထွက်အောင်ကြိုးနဲ့စီး

ဗိုက်ရွဲကြီးနဲ့သူတစ်စု

 

လူဆိုတဲ့လူ

ဆေးဘူးနီကောက်ရ

လူတစ်ကာကိုဆေးကုရမယ်ထင်

ဟန်ပြင်လို့လက်ခမောင်းခတ်

ဆရာလုပ်ကြမည့်လူတစ်စု

 

ကျွန်တော်သူတို့ကိုကြည့်

သံဝေဂတွေရမိတော့

ဖေ့ဘုတ်ပေါ်ကဆင်း

အကောင့်ဖျက်ရင်းအနားယူဘို့ဆုံးဖြတ်

သုံးရက်လောက်စဉ်းစား

နားချင်လှပြီကွယ်

About zaw lin

zaw lin has written 18 post in this Website..

Myanmar Navy Chief petty officer