အိပ်မက်များနှင့်ကခုန်ခြင်း

zaw linNovember 15, 20171min4685

မျက်စိကိုမှိတ်

နားကိုပိတ်လို့

သားမောင်အိပ်ချင်နေပြီမေမေ

 

လူဆိုတဲ့လူ

မြန်မာပြည်ကသူ

မျိုးတူရာစု

ကျီးငှက်ပမာပြုလို့

အမျိုးထိမချိအောင်နာ

ဝိုင်းအာလို့ဆူပွက်

နှုတ်သီးထက်ထက်နဲ့ထိုးဆိတ်တတ်တဲ့သူတစ်စု

 

လူထဲကလူ

အစာလုဝိုင်းအုံ

ခွေးအပမာပုံပြု

လုယက်လို့ဝိုင်းဆွဲ

မာန်မဲလို့ရန်ဖီ

ဟန်မညီတဲ့သူတစ်စု

 

လူထဲကလူ

ပရောဟိတ်အသွင်ဆောင်

ဦးပေါင်းထုတာယိုင်နွဲ့

သစ္စကပရပိုဒ်ပမာပြု

ပေါက်မထွက်အောင်ကြိုးနဲ့စီး

ဗိုက်ရွဲကြီးနဲ့သူတစ်စု

 

လူဆိုတဲ့လူ

ဆေးဘူးနီကောက်ရ

လူတစ်ကာကိုဆေးကုရမယ်ထင်

ဟန်ပြင်လို့လက်ခမောင်းခတ်

ဆရာလုပ်ကြမည့်လူတစ်စု

 

ကျွန်တော်သူတို့ကိုကြည့်

သံဝေဂတွေရမိတော့

ဖေ့ဘုတ်ပေါ်ကဆင်း

အကောင့်ဖျက်ရင်းအနားယူဘို့ဆုံးဖြတ်

သုံးရက်လောက်စဉ်းစား

နားချင်လှပြီကွယ်

5 comments

    • zaw lin

      November 16, 2017 at 10:05 pm

      ကျေးဇူးပါ

  • Shar Thet Man

    November 16, 2017 at 5:47 pm

    တေ်ာတယ်ဆိုတာသိပြီးသားပါ

    • zaw lin

      November 16, 2017 at 10:05 pm

      မြောက်သွားပြီ ပြန်ဆွဲချပေးကြပါဦး

  • Thint Aye Yeik

    November 20, 2017 at 5:23 pm

    ကဗျာတွေ ရေးတတ်သူက ရေးဖွဲ့ပြတော့လည်း
    ဖတ်တဲ့သူမို့…. ဖတ်တတ်အောင် အရင် လုပ်ယူသွားပါကြောင်း
    :k:

Leave a Reply