အမေ့ရဲ့သား ဒုက္ခအိုးကွဲလေး

zaw linNovember 15, 20171min2573

ကျွန်တော်ဟာ အမေ့သားပါ

အမေပြောစကား

လျှာပေါ်မြက်ပေါက်

တူရွင်းနဲ့ထိုးချ

သစ္စာပျက်ယွင်း

အဆိပ်အပင်းဖြစ်စေတဲ့။

 

ကျွန်တော်ဟာအမေ့ရဲ့သားပါ

သစ္စာတရား

ဖားလည်းမဖားတတ်

လူမြင်ကတ်အောင်နေ

ပို့တဲ့မြေမှာပစ်တိုင်းထောင်

လက်ဖမိုးတွေယောင်ကိုင်း

ကျွန်တော်မှိုင်းမမိခဲ့ပါဘူး။

 

ကျွန်တော်ဟာအမေ့ရဲ့သားပါ

အမေမှာကြား

ရောက်တဲ့အရပ်မှာပျော်အောင်နေ

တွေ့တဲ့သူနဲ့တည့်အောင်ပေါင်း

ရှိတာလေးနဲ့လှအောင်ဝတ်

ရတာလေးနဲ့ဝအောင်စား

အနိုင်လိုသူအရှုံးပေး

နှလုံးအေးတဲ့ဆေး

ကျွန်တော်အမေမှာတဲ့စကားအတိုင်း

သူများတွေခွကျော်နင်း

ကျွန်တော်စိတ်ရှင်းရှင်းထား

အတ္တသမားတွေကိုပြုံးကြည့်

ကျွန်တော်စိတ်မထိခိုက်ခဲ့ပါဘူး။

 

ဒါပေမည့်အမေ

တစ်ချိုတွေကျွန်တော်ကိုကျော်နင်း

အခွင့်အရေးသမား

သူတို့များကျတော့

 

ဒါပေမည့်အမေ

တစ်ချို့တွေဖားယား

လူကြီးနားကပ်

သူတို့များကျတော့

 

တမလွန်ကအမေ

သားကိုချစ်တဲ့အမေ

ကျွန်တော့်ကိုဆုံးမ

တစ်ဘဝအတွက်မဟုတ်

နာကျည်းစိတ်ကိုသိမ်းထုတ်လို့

ကျွန်တော်လူလုပ်တတ်နေပါပြီအမေ

အမေ့သား

အမေ့စကားနားထောင်

သားမောင်သူမိုက်

လူ့စရိုက်မဟုတ်လို့

အမေစိတ်အေး

တမလွန်မှာရင်အေးစေဘို့

နှုတ်ခမ်းကိုပိတ်အံကိုကြိတ်လို့

သားမောင်အိပ်စက်ချင်လှပါပြီအမေ

3 comments

Leave a Reply