ဟုတ်ကဲ့

ကျွန်တော်မဆဲတတ်ပါဘူး

သမ္မတကြီးရဲ့သားတွေပါ

နိုင်ငံတကာမှာအရှက်ရ

သမ္မတပုံနင်းခြေပြတဲ့အဖြစ်မျိုး

လူယုတ်မာမျိုးရိုးမဟုတ်လို့

ဘယ်သမ္မတတက်တက်

တိုင်းပြည်အတွက်ဘဲမို့

ဘက်မတူဘူးသဘောမထား

လူလိမ်မာသားယဉ်ပါး

လူမိုက်သားရမ်းကား

ဆိုရိုးစကားလည်းရှိ

သမ္မတဆိုတာ

နိုင်ငံတစ်နိုင်ငံရဲ့ပုံရိပ်

တံဆိပ်တစ်ခုဘဲမို့

ချစ်ချစ်မချစ်ချစ်

အပြစ်ဖြစ်စေမဲ့အလုပ်

လူမြင်ကွင်းမှာသရုပ်ပျက်

နိုင်ငံတကာမှာရုပ်ပျက်စေမည့်အလုပ်

ကျွန်တော်တို့မလုပ်ပြီမို့

ငြိမ်းချမ်းစွာအနားယူ

သမ္မတကြီးကိုချစ်တဲ့သူတွေအတွက်

မပူပင်စေဘို့စတေးတတ်ရေး

ရင်ကိုအေးစေရပါ့မယ်

 

သူတို့လို

အမြင်မတူရန်သူမှတ်

ယုတ်ပတ်တဲ့နှလုံးသား

စော်ကားတဲ့အတွေး

သမ္မတကြီးရင်သွေးတွေမှာမရှိပြီမို့

နိုင်ငံတကာမှာအရှက်ကွဲ

သမ္မတပုံဆွဲဖြဲလို့နင်းခြေ

မမြင်တွေ့စေရပါဘူသမ္မတကြီး။

 

အဆဲစကားနဲ့စိန်ခေါ်

လူမိုက်သားရမ်းကား

ဖေ့ဘုတ်မှာနှုတ်သရမ်း

အမိယုတ်သားအဖြစ်မခံ

သမ္မတကြီးရဲ့သားသမီး

ရင်တွင်းမီးကိုငြိမ်းအေးစေမည့်

သမ္မတကြီးရဲ့မေတ္တာဓာတ်

စွဲကပ်နေပြီမို့

မြန်မာပြည်အရေး

ရင်အေးလို့စိတ်ချမ်းသာ

ငြိမ်းချမ်းစွာအနားယူ

အပူတွေနဲ့ကင်းဝေး

မြေးကလေးကိုလက်ဆွဲ

အနှောင်အဖွဲ့ကင်းကင်း

စိတ်ရှင်းရှင်းနဲ့

မြို့တွင်းကိုပါတ်

သမ္မတကြီးချစ်တဲ့သူတွေကြား

အန္တရာယ်ဘေးကင်းစွာသွားနိုင်သမို့

စိတ်ချလို့ထား

သမ္မတကြီးရဲ့သားသမီးများ

လူရမ်းကားတွေမဟုတ်လို့

မြန်မာပြည်အရေး

တွေးလို့စိတ်ချ

နောက်ထပ်နိုင်ငံတကာအလယ်မှာအရှက်မကွဲစေရပါဘူးသမ္မတကြီးခင်ဗျား

About zaw lin

zaw lin has written 18 post in this Website..

Myanmar Navy Chief petty officer