အနုပညာသည် ၄ ဦးအား လုပ်အားပေး သင်တန်းပေး ခြင်းများ ပိတ်ပင်ခြင်းသာဖြစ်

toyoSeptember 4, 20101min693

မနေ့က RFA သတင်းဌာနမှ “အနုပညာသည်လေးဦးအား ရုပ်ရှင်ရိုက်ကူးခွင့်များ ပိတ်ပင်လိုက်သည်” ဟုကိုကျော်သူမှ ပြောကြားသည် ဆိုသည်မှာ မှားယွင်းနေကြောင်း ဦးကျော်သူ၏ face book တွင် ရှင်းပြထားပါသည်။

အမှန်တကယ်မှာ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အခမဲ့ သရုပ်ဆောင်သင်တန်း အား သွားရောက် လုပ်အားပေး သင်တန်းပေးခြင်းများ ကိုပိတ်ပင်ခြင်းသာဖြစ်ကြောင်း သိရပါသည်။ အပိတ်ခံရတဲ့ အနုပညာရှင် ၄ ဦးမှာ မသန်းသန်းစိုး၊ မဂွမ်းပုံကြီး၊ ဦးချစ်ပြုံး၊ ဦးညီဂျော်နှင့် ဆုရွှန်းလဲ့ တို့ ဖြစ်သည်။

အဆိုပါ အခမဲ့ သရုပ်ဆောင်သင်တန်း အား ၂၀၁ဝ ခုနှစ်၊ မတ်စ်လဆန်းပိုင်းတွင် စတင် ဖွင့်လစ်ခဲ့ခြင်းဖြစ်သည်။ ဦးကျော်သူ၏ အနုပညာအသိုင်းအဝန်းထဲမှ မိတ်ဟောင်းဆွေဟောင်းများ ဖြစ်ကြသော ဝါရင့်သရုပ် ဆောင်များဖြစ်ကြသော မသန်းသန်းစိုး၊ မဂွမ်းပုံကြီး၊ ဦးချစ်ပြုံး၊ ဦးညီဂျော်နှင့် ဆုရွှန်းလဲ့ (အသင်းသူ) တို့၏ အကူ အညီနှင့် ဤသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တရားဝင် စာထုတ်ပြီး တားမြစ် ပိတ်ပင်ခြင်း မဟုတ်ပဲ ယခုကဲ့သို့ တားမြစ် ပိတ်ပင်ခြင်းများ ပြုလုပ်နေတာ ၃ နှစ်ရှိပြီဖြစ်ကြောင်း၊ အခုလို လူမှုရေးလုပ်တဲ့ အနုပညာရှင်တွေကို လုပ်ကိုင်စားသောက်ခွင့် ပိတ်တာဟာ အနုပညာရှင်တွေရဲ့ လူမှုရေးစိတ်ဓာတ်ကို ဖျက်ဆီးရာရောက်သလို လက်ရှိ မြန်မာနိုင်ငံက အနုပညာရှင်တွေရဲ့ ဘဝဟာ အစိုးရအကြိုက် လိုက်နိုင်မှ လုပ်ကိုင်စားလို့ ရမဲ့ အနေအထား ဖြစ်ကြောင်း ဦးကျော်သူမှ ပြောပြသွားပါသည်။

လူမှုရေးလုပ်ရာ၌
– မိမိကိုယ်ကို နှိမ့်ချဆက်ဆံရေး၊
– ကာယံကံရှင်ကို ညင်သာရိုသေနွေးထွေးစွာဆက်ဆံရေး၊
– တစ်ဖက်လူ၏ဆက်ဆံရေးသည် မချေမငံဆက်ဆံလာပါက ဒေါသ ရှေ့မထားရေး၊
– မိမိတို့အသင်း၏ လုပ်ဆောင်ပေးမှု အတိုင်းအတာကို ကာယကံရှင် တို့ သဘောပေါက်နားလည်မှု ရှိသည်အထိ ပြောဆိုဆက်ဆံရေး၊
– ဗြဟ္မစိုရ်တရားလေးပါး (မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ) ကို မြေဝယ်မကျလက်ကိုင်ကျင့်သုံးရေး၊

စသည့်အချက်များအပြင် ကိုယ်နုတ်အမူအရာ အလွန်အရေးကြီးကြောင်း မျိုးဆက်သစ်လူငယ်တို့ သဘော ပေါက်လာပြီဖြစ်၍ ရှေ့ဆက်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ထူးချွန်ထက်မြက် လိမ္မာယဉ်ကျေး သော လူမှုရေး၊ မင်းသား၊ မင်းသမီးများ မြောက်များစွာ မွေးထုတ်ပေးနိုင်တော့ မည်ဖြစ်ကြောင်း မင်္ဂလာစကားလက် ဆင့်ကမ်းလိုက်ရပါကြောင်း face book တွင့် ဖော်ပြထားပါသည်။

3 comments

  • bigcat

    September 4, 2010 at 1:11 am

    နအဖခိုင်းတာလုပ်ပြီး ပြည်သူ့ဖက်တော်သားတွေနဲ့ကြတော့ မဆိုင်သလိုနေတဲ့ စစ်အလိုကြ အနုပညာ သမားတွေကို ဝိုင်းကြဉ်ကြပါဗျို့။ မနက်ဖန် ဆန်ဖရန်စစ်စကိုမှာ လုပ်မဲ့ပွဲကို ညီညီညာညာ ဆန့်ကျင်ကြပါ။ လူကိုမုန်းလို့မဟုတ်ဘဲ စစ်အုပ်ချုပ်မှုအောက်မှာ အနစ်နာခံလုပ်နေရတဲ့ ပညာရှင်တွေအတွက် တတပ်တအား ဝိုင်းဝန်းပေးကြပါ။
    ဒီနေ့ပဲ စာရေးဆရာ ကိုဝေမှူးသွင်က ရွေးကောက်ပွဲဝင်မယ်ဆိုတာကို ရုပ်သိမ်းလိုက်ပြီလို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာ ကြေငြာထားတယ်လို့ မိုးမခမှာ တင်ထားပါတယ်။

  • ဆူး

    September 4, 2010 at 2:45 am

    သတင်းကြားရတာ စိ်တ်မကောင်းလိုက်တာ

  • Micky

    September 4, 2010 at 5:47 am

    U kyaw san bought 11(A) Inyamyaing Street, Bahan Township ( about 1 million dollors ). It is very expensive. But how can be bought ?

Leave a Reply