အနီနဲ့အဝါ

ဖြူပြာပြာခရမ်းချယ်လို့

ပိတ်စမှာစုတ်ချက်တင်းတယ်

ချစ်သူ့ပုံလွှာ။

 

ကြော့ကေသာ

လေပြေမှာနော့ကာကစားတယ်

ကမ္ဗလာချည်နုထွေးရယ်

ထွေးပွေ့ကြည်သာ။

 

တိမ်သလ္လာ

နေညိုချိန်ရေသောက်ဆင်းတယ်

ရောင်စဉ်ဖြာချယ်ပန်းချီရေးရင်ဖြင့်

စုတ်ချက်မညှာ။

 

နုမာယာ

တီတီတာချိုခွန်းဖွဲ့ကာဖြင့်

ရင်ခွင်မှာနွဲ့ကာဆိုးလေတော့

သဲနုငယ်ညှာ။

 

တွေးဝင်္ကဘာ

ချစ်ရသူအလိုပြည့်စေဘို့

နှလုံးသွေးကိုဖေါက်ကာဆေးချယ်လို့

ချစ်ပန်းချီဆက်ကာသပြီမို့

ကြည်ဖြူကာမျက်တော်ပြေစေကြောင်း

ကဗျာချယ်စီကာကုန်းပို့မယ်

မြေကမ္ဘာတည်ကာသက်သေပေါ့

မျက်ပြေစေမင်း ။

 

ဒီပါကို

About zaw lin

zaw lin has written 15 post in this Website..

Myanmar Navy Chief petty officer