Adult​​ Expo​ ​တွင်​​ အ​ကြိုက်​များ​ခဲ့​သ​ည့်​​ ​လိင်​ဖျော်​ဖြေ​မှု​​ ​အ​သုံး​အ​ဆောင်​များ…

lu ta loneSeptember 4, 20101min1246

alt

အာ ​ရှ​ဆိုင်​ရာ​ Adult​ Expo​​ တွင် ​လိင်​ဆိုင်​ရာ​ ​ဖျော်​ဖြေ​မှု​ ​ကိ​ရိ​ယာ​များ​ ​ထုတ်​လုပ်​သူ​များ​အ​တွက်​ ​ကျေ​နပ်​စ​ရာ​ ​ဖြစ်​ခဲ့​ရ​သည်​။

ဟောင်​ကောင်​တွင်​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​ကုန်​က​ ​ကျင်း​ပ​သော​ Expo​ ​တွင်​ ​က​မ်ဘာ့​အ​သေး​ဆုံး​ Vibrator​ ​နှင့်​ ​အ​မေ​ရိ​ကန်​ ​သ​မ္မ​တ​ ​ဘာ​ရတ်​အို​ဘား​မား​နှင့်​ ​ဆင်​တူ​သော​ ​လိင်​ဖျော်​ဖြေ​ ​အ​ရုပ်​တို့​မှာ​ ​ပ​ရိ​သတ်​အ​ကြိုက်​ ​ဖြစ်​ခဲ့​သည်​။

လိင်​ဖျော်​ဖြေ​မှု​ ​ပ​စ္စည်း​များ​ ​ထုတ်​လုပ်​သည့်​ ​ဒိုင်​အို​ရှီ​ ​ပ​လပ်​စ​တစ်​ ​အ​ရုပ်​လုပ်ငန်း​မှ​ ​ဂျန်​မင်း​လီ​က​ ​မိ​မိ​တို့​သည်​ ​သ​မ္မ​တ​ ​အို​ဘား​မား​၏​ ​ပုံ​တူ​ရုပ်​ကို​ ​ဖန်​တီး​ရန်​ ​စိတ်​ကူး​ရ​ခဲ့​ကြောင်း​၊​ ၎င်း​သည်​ ​က​မ်ဘာ့​ခေါင်း​ဆောင်​များ​အ​နက်​ ​မိ​မိ​တို့​အ​တွက်​ ​စည်း​မျဉ်း​များ​နှင့်​ ​ကင်း​လွတ်​ပြီး​ ဥ​ပ​ဒေ​ကြောင်း​အ​ရ​ ​ငြိ​စွန်း​မှု​ ​မ​ရှိ​နိုင်​သည့်​ ​တစ်ဦး​တည်း​သော​ ​ပု​ဂ္ဂိုလ်​ဖြစ်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ဂျ​ပန်​ ​အ​ဖော်​အ​ချွတ်​နှင့်​ ​အ​ပြာ​ရုပ်​ရှင်​ ​မင်း​သ​မီး​ ​အန်​နာ​ဟိုင်​ဆာ​ကီ​သည်​လည်း​ ​ဂျ​ပန်​လိင်​ဖျော်​ဖြေ​မှု​ ​ပ​စ္စည်း​များ​ ​ထုတ်​လုပ်​သည့်​ ​ကု​မ္ပ​ဏီ​ ​တင်​ဂါ​၏​ ​အ​ရောင်း​ရ​ဆုံး​ Flip​ Lite​ပ​စ္စည်း​အ​တွက်​ ​သ​ရုပ်​ပြ​ခဲ့​သေး​သည်​။​ တ​ရုတ်​မှ​ ​ယုန်​ရုပ်​ပုံ​စံ​ ​ဝတ်​ဆင်​ထား​သည့်​ ​မော်​ဒယ်​အ​ချို့က​လည်း​ Playboy​ အ​မှတ်​တံ​ဆိပ်​ ​ကွန်​ဒုံး​များ​ ​ကြော်​ငြာ​ပြ​ခဲ့​သည်​။

ယ​ခု​နှစ်​ Expo​ သို့​ ​စု​စု​ပေါင်း​ ဧည့်​သည်​ ​၃၀၀၀၀​ ​ကျော်​ ​လာ​ရောက်​ကြည့်​ရှု​ခဲ့​ရာ​ ​ယ​မန်​နှစ်​က​ထက်​ ​၂၀​ ​ရာ​ခိုင်​နှုန်း​ ​တိုး​ပွား​လာ​ခြင်း​ဖြစ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

Credit: လူထုအသံ

6 comments

  • thidar

    September 4, 2010 at 5:40 am

    ရန်ကုန်မှာ ဒါမျိုးလုပ်ရင် ဘယ်သူ သရုပ်ဲပမလဲ မသိဘူးနော်
    ပရိသတ်တော့တော်တော်များမှာ

  • intro

    September 4, 2010 at 9:36 am

    တစ်မျိုးတော့ တစ်မျိုးပဲနော်၊ ကြည့်တော့ ကြည့်ချင်သား…

  • thetnaungtun

    September 4, 2010 at 11:43 am

    ကျွန်တော်လဲစိတ်ဝင်စားတယ်အဲ့ဒီပွဲကိုဒီခေတ်က sexyခေတ်ကိုဗျ။
    ရန်ကုန်မှာအဲ့ဒီလိုလုပ်လို့ကတော့ကြိတ်ကြတ်တိုးနေမှာဘဲ။

  • မန်း ရိပ်

    September 4, 2010 at 1:44 pm

    မန်းလေးတော့ အဲဒါမျုးိ မလုပ်ပါနဲ့ဗျာ

  • arrow.ppt

    September 9, 2010 at 9:10 am

    မြန်မာလေဒါမိူးတော့ဘယ်လုပ်မလဲ…

  • Phyo

    September 9, 2010 at 10:19 am

    အောင်မယ်လေး… မြန်မာက လူမဟုတ်တာ ကျနေတာပဲဗျာ… မေးစရာက မြန်မာတွေကရော sex လိင်ဆက်ဆံခြင်းကို မလုပ်ကြဘူးလား… မြန်မာ့ယဉ်ကျေးမှုတွေ ဘာသာတွေလို့တော့ မပြောနဲ့ပေါ့… အဲဒါတွေက ကျယ့်ပြန်လွန်းလို့… ယဉ်ကျေးမှုတွေနဲ့ကလည်း လိင်ဆက်ဆံခြင်းနဲ့ တကန့်စီပါပဲ… မြန်မာပြည်မှာ ရောဂါကူးစက်မှုနှုန်းတွေ သူများနိုင်ငံတွေထက် တိုးတက်များပြားနေတာ ဒီလိုမျိုး လိင်ကိစ္စကို ပွင့်ပွင့်လင်းလင်း ကျန်းမာရေး အသိပညာပေးမှုတွေ နည်းတဲ့အတွက် ကြောင့်ဖြစ်မယ်ထင်တယ်… တကယ်တော့ သေချာစဉ်းစားကြည့်ရင် လိင်ကိစ္စဆိုတာမျိုးက ရှက်စရာမှ မဟုတ်တာပါ… တချို့လူတွေက အဲလိုမျိုး လိင်ကိစ္စတွေအကြောင်း မပြောရဲတာကို အခွင့်ကောင်းယူပြီးတော့ အလွဲသုံးစား ကျူးလွန်းနေတဲ့သူတွေကလည်း အများသား… ပြီးတော့ ကျနော့်အနေနဲ့ပြောရရင် တကိုယ်ရေ အာသာဖြေတယ်ဆိုတာမျိုးက ပိုပြီးတော့တောင် ကောင်းသေး… ရောဂါကူးစက်မှုလည်း စိတ်ပူစရာမလိုတော့ဘူး…

Leave a Reply