မိတ်ကပ်အောင်အောင်(တောင်ကြီး) သေရှာပြီ…

lu ta loneSeptember 4, 20101min1289

မြန်မာနိုင်ငံရဲ့ထိပ်တန်းမိတ်ကပ်ဖန်တီးရှင်တစ်ဦးဖြစ်သောမိတ်ကပ်အောင်အောင်(တောင်ကြီး)အသက်(၄၇)နှစ်သည် (၂၀၁၀)ခုနှစ်၊စက်တင်ဘာလ(၂)ရက်နေ့၊ နေ့လယ်(၁၂)နာရီအချိန်က ရန်ကုန်မြို့၊အာရှတော်ဝင်အထူးကုဆေးခန်းကြီးတွင် ကွယ်လွန်သွားကြောင်းသိရှိရသည်။

မိတ်ကပ်အောင်အောင်(တောင်ကြီး)သည် ဩဂုတ်လ(၂၉)ရက်နေ့၊ ရန်ကုန်မြို့၊ The Strand Hotel တွင် ကျင်းပပြုလုပ်ခဲ့သော Myanmar Traditional Brides Collection 2010 ပွဲကြီးတွင်မင်္ဂလာဝတ်စုံဒီဇိုင်းသစ်များကိုခမ်းခမ်းနားနားတင်ဆက်ခဲ့သူဖြစ်ပြီးမိတ်ကပ်အောင်အောင်(တောင်ကြီး)ကို ချစ်ခင်ကြသော နာမည်ကျော် မင်းသမီးများစွာပါဝင်ပြသခဲ့ခြင်းကြောင့် အောင်မြင်မှုရရှိခဲ့သော နောက်ဆုံးအမှတ်တရမင်္ဂလာဝတ်စုံပြပွဲကြီးဖြစ်သည်။

မာမီအောင် နေမကောင်းဖြစ်နေတာကြာပြီ။ ဒါပေမဲ့ သာမန်နေမကောင်းတာလို့ပဲသိထားတာပါ။ ချောင်းဆိုးရင် သွေးပါအန်လာလို့ ဆုံးမယ့်မနက်ပိုင်းလေး တင် အာရှတော်ဝင်ကို အသည်းအသန်တင်လိုက်ကြရတာပါ။ မျက်စိရှေ့မှာတင် ဖြစ်သွားတော့ မယုံနိုင်လောက်အောင်ပါပဲ။ ပေါက်ရဲ့ ဆရာတစ်ယောက်ကို အစားထိုးမရအောင်ဝမ်းနည်းရပါတယ်။ ဘန်ကောက်မှာ ဆေးသွားစစ်ဖို့ ဗီဇာမရသေးလို့စောင့်နေရင်း အခုလိုဆုံးသွားခဲ့တာပါဟု မိတ်ကပ်အောင်အောင်(တောင်ကြီး)၏ တပည့်တစ်ဦးဖြစ်သော မိတ်ကပ်ပေါက်ပေါက်(စမ်းချောင်း)က ဝမ်းနည်းစကားဆိုခဲ့သည်။

နာမည်ကျော်ရုပ်ရှင်မင်းသမီးများ၊ မင်္ဂလာသတို့သမီးများအတွက် အားထားစရာ မိတ်ကပ်အောင်အောင်(တောင်ကြီး)၏ ဈာပနအခမ်းအနားကို (၂၀၁၀)ခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့၊ ညနေ(၄)နာရီအချိန်တွင် ရေဝေးသုသန်တွင် ပို့ဆောင်သဂြိုဟ်မည်ဖြစ်ကြောင်းသိရှိရသည်။ မိတ်ကပ်အောင်အောင် (တောင်ကြီး)ကောင်းရာသုဂတိလားပါစေကြောင်း၊ဆုမွန်ကောင်းတောင်းအပ်သည်။

Credit: ရွှေဒါလင်

9 comments

  • bigcat

    September 4, 2010 at 4:53 am

    ကိုလူတလုံးရဲ့ လက်ရင်းဆရာ မာမီအောင် နာရေးဖတ်ရလို့ ထပ်တူ ဝမ်းနဲကြေကွဲ ရပါတယ် ခင်ဗျား။

  • lu ta lone

    September 4, 2010 at 4:58 am

    ဟုတ်ကဲ့… ခုလို Same Bath တွေရဲ့ ဝမ်းနည်းစကားကို ကြားရတာ ဝမ်းနည်းဝမ်းသာပါပဲဗျာ… 😛

  • ဆူး

    September 4, 2010 at 6:23 am

    သူက ဘာရောဂါနဲ့ ဆုံးတာလဲ

  • lu ta lone

    September 4, 2010 at 6:47 am

    တီဘီ Subject ထင်တယ်….
    သေချာတော့ သိဘူး…

  • chitsayar

    September 4, 2010 at 8:11 am

    ကျားသားသားလေး ကြောင်ကြီး သူများနာရေးသတင်းကို နောက်စရာလား?
    အဲဒါ ဂျီးတော်ကြီးဟုတ်ဘူး
    ဘွားတော်ကြီး ဘွားတော်ကြီး

  • kyaw

    September 4, 2010 at 1:26 pm

    “same bath” ဆိုတာ ရေ အတူတူချိူးတာကိုပြောတာလားဗျ..

  • mG

    September 4, 2010 at 3:01 pm

    တကယ်ကြီးလားဗျ။အထင်ရဘူးဗျ။ကျွန်တော့်ကိုတောင် Strand မှာကျင်းပတဲ့ ပွဲမှာတောင် မာမားပဲပြင်ပေးခဲ့တာဗျ။အဲ့နေ့ကနဲ့ဆိုရင် တပတ်တောင်မပြည့်သေးဘူးဗျာ။ကျွန်တော်အရမ်းအလေးထား ခင်မင်ရတာဗျ။ကျွန်တော် အဲ့သီတင်းကြားရတော့ဗျာ။ရင်ထဲဘက်ကိုလေ သိန်း500 ထီပေါက်တဲ့အချိန်မြင်းခွာနဲ့ပေါက်သလိုပဲ ခံရခက်တယ်ဗျ။အရမ်းကို ပျော်နေတဲ့အချိန် မြင်းခွာနဲ့ အပေါက်ခံလိုက်ရတော့ အားလုံးပဲ စဉ်းစားကြည့်ပါဗျာ။ကျွန်တော်ဘယ်လိုနေရမလဲ။ကျွန်တော့်ကို မော်ဒယ်လောကရဲ့ ပညာနဲ့အဲ့ဘဝမှာ ဘယ်လိုတွေ နေရမလဲဆိုတွေကို အမြဲကူညီပေးနေတဲ့ မာမီအောင်ရဲ့ ဈာပနကိုလည်းကျွန်တော် မသိလိုက်တာ ကျွန်တော်ခံရခက်တယ်။ကျွန်တော်ဒီကနေပဲ မာမီအောင် ကို ဂါရဝပြုပါရစေ။မာမီအောင် ရဲ့နောက်ဆက်တွဲကိစ္စများအား ကျွန်တော် ဘက်ကသက်နိုင်သလောက် အစွမ်းကုန်ကျေးဇူးဆက်ပါ့မယ်။ကောင်းရာသုခနတ်ဘုံနတ်နန်းသို့ လားပါစေဗျာ။ ;'( ;'(

  • Joker

    September 4, 2010 at 3:42 pm

    အော် ..ဘာတွေသွားစားလဲမှ မသိတာ..
    မစားသင့်တာတွေကို လျှောက်စားမယ်နေမှာပေါ့…
    စိတ်တော့မကောင်းစရပါ..ဒါပေမယ့် အခြောက်ဘဝ ဝဋ်ကျွှတ်သွားတာပေါ့ဗျာ..

  • Phyo

    September 6, 2010 at 5:30 am

    တကယ်စိတ်မကောင်းဖြစ်ရပါတယ်ဗျာ… မာမီအောင် ကောင်းရာ သုဂတိလားပါစေလို့ ဆုတောင်းမေတ္တာ ပြုပေးပါတယ်…

Leave a Reply